Day: August 21, 2024

စပါးပရိသတ်တွေကို အနာပေါ်တုတ်ကျ ဖြစ်အောင် ထိထိမိမိ တုံ့ပြန်လိုက်တဲ့ ဗာဒီ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁)နောက်ဆုံးပွဲ လက်စတာ(၁-၁)စပါးပွဲမှာ စပါးပရိသတ်တွေက လက်စတာတိုက်စစ်မှူးဂျေမီဗာဒီကို လှောင်ပြောင်ခဲ့ကြပြီး ဗာဒီက သူ့ကိုလှောင်ပြောင်တဲ့ပရိသတ်တွေကို ထိထိမိမိတုံပြန်ခဲ့ပါတယ်။ ဗာဒီက သူ့ရဲ့ညာဘက်လက်မောင်းက ပရီးမီးယားလိဂ်လိုဂိုကို ပြပြီး လက်တစ်ချောင်းထောင်ခဲ့သလို၊ စပါးပရိသတ်တွေဘက်ကို လက်ညိုးထိုးကာ လက်မနဲ့ လက်ညိုးကို ဝိုင်းပြခဲ့ပါတယ်။...