Day: August 4, 2024

ဂျေဒန်ဆန်ချိုက တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ တန်ဟတ် အကြံပြု

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟွိုက်လန်းရဲ့နေရာကို ဝင်ရောက်ဖြည့်ပြီး တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ် ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က အကြံပြုခဲ့ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ဟာ ဆန်ချိုကို ဘက်တစ်၊လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မန်ယူနိုက်တက်အသင်းရဲ့နံပတ်(၉)နေရာထားပြီး...

တိုက်စစ်မှူး နူနက်ဇ်ရဲ့လီဗာပူးလ်အနာဂတ်အတွက် နည်းပြ အာနီဆလော့ ဆွေးနွေး

လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ကလပ်မှာအနာဂတ်မရေမရာဖြစ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ အရေးပါတဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။ ဒါဝင်နူနက်ဇ်ဟာ နည်းပြဟောင်း ကလောပ့်လက်ထက်မှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် လီဗာပူးလ်အသင်းအနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်ကာ အသင်းက ထွက်ခွာနိုင်တယ်လို့...

စီးရီးအေ + လာလီဂါ + ပြင်သစ်လီဂူး သုံးစွဲငွေ စုစုပေါင်းထက် ပိုသုံးထားတဲ့ ပရီးမီးယားလိဂ်

ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ပြောင်းရွှေ့ကြေးသုံးစွဲမှု စုစုပေါင်းက ယူရို(၁.၂၁)ဘီလီယံ(ယူရို ၁၂၁၀ သန်း)အထိရှိနေပါတယ်။ ဒါက ပြီးခဲ့တဲ့သြဂုတ်(၂)ရက်နေ့အထိ သုံးစွဲငွေပမာဏဖြစ်ပြီး ဒီပမာဏက အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လိဂ်ပြိုင်ပွဲတွေက ကလပ်အသင်းတွေအားလုံး သုံးစွဲထားတဲ့ပြောင်းရွှေ့ကြေး စုစုပေါင်းထက် ပိုများနေပါတယ်။...

ချယ်လ်ဆီးနည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို မိမိနှစ်သက်တယ်လို့ ခြေစမ်းပွဲအပြီး ဂွါဒီယိုလာဆို

ဒီမနက်က မန်စီးတီး(၄-၂)ချယ်လ်ဆီး ရာသီကြိုခြေစမ်းပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးအသင်းမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ နည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို နှစ်သက်တယ်လို့ ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကလပ်အမေရိကတစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး မန်စီးတီးနဲ့ ဆဲလ်တစ်အသင်းကို ရှုံးနိမ့်ကာ...

ဘိုင်ယန်မြူးနစ်က မိမိကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဗန်ဟားလ်ဆို

မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းနည်းပြဟောင်း ဗန်ဟားလ်က ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီက သူ့ကို နည်းပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်လူမျိုးနည်းပြ တူချယ်လ်နည်းပြရာထူးက ထွက်ခွာပြီးနောက် နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ ဘန်လေအသင်းနည်းပြဟောင်း ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။ ဗန်ဟားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို...

နောက်ဆုံးဆယ်စုနှစ်အတွင်း အပြောင်းအရွှေ့တွေက နေ ဝင်ငွေ ပေါင်တစ်ဘီလီယံကျော်ရရှိခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းပိုင်ရှင်သစ် တော့ဘိုလေးနဲ့ အပေါင်းပါတွေရဲ့လက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးပေါင်(ဘီလီယံချီသုံးစွဲထားသလို ကစားသမားတွေကို ပြန်လည်ရောင်းချမှုတွေကနေလည်း ငွေတွေအများအပြားရရှိနေပါတယ်။ နိုင်ငံတကာအားကစားမီဒီယာတွေမှာ ချယ်လ်ဆီးအသင်းရဲ့ငွေကြေးသုံးစွဲမှုတွေကိုသာ အဓိကဖော်ပြနေကြပြီး ကစားသမားရောင်းချမှုတွေကနေ ငွေတွေအများအပြားရနေတာကိုတော့ ဖော်ပြတာ ရှားပါးပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ငွေကြေးသုံးစွဲမှုတွေအများအပြားရှိတာမှန်ပေမယ့် အသင်းဘဏ်စာရင်းထဲကို ပြန်ဝင်လာတဲ့ငွေတွေလည်း...