Day: August 27, 2024

ဗယ်လက်ကာနိုနဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘ၀ ပွဲဦးထွက်အဖြစ် အော်လ်မို ပါဝင်ခွင့်ရဖွယ်ရှိ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်အသင်းကနေ ယူရို(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ကွင်းလယ်လူ အော်လ်မိုဟာ ဗယ်လက်ကာနိုအသင်းနဲ့လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။ အော်လ်မိုဟာ ဘာစီလိုနာအသင်းက သူ့ကို ယာယီစာရင်းသွင်းမှတ်ပုံတင်တာကို လာလီဂါက ခွင့်ပြုပေးခဲ့တာကြောင့် ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခွင့်ရဖွယ်ရှိနေတာပါ။ အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့်...

နွေရာသီအပြောင်းအရွှေ့မပိတ်ခင် ချီယေးဆားကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ လီဗာပူးလ် စဉ်းစား

လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မတိုင်ခင်မှာ ဂျူဗင်တပ်စ်အသင်းတောင်ပံကစားသမား ချီယေဆားကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။ အီတလီတောင်ပံကစားသမား ချီယေဆားဟာ နည်းပြ သီယာဂိုမော့တာရဲ့အစီအစဉ်မှာ မပါဝင်တာကြောင့် ဂျူဗင်တပ်စ်အသင်းက သူ့ကို ရောင်းချဖို့ စီစဉ်နေတာပါ။ ချီယေဆားဟာ အခုလအစောပိုင်းက...

ဟာလန်းရဲ့အရန်အဖြစ်ထားရှိဖို့ ကစားသမားတစ်ဦးကို မန်စီးတီး အံ့အားသင့်ဖွယ် ပစ်မှတ်ထား

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့အရန်အဖြစ်ထားရှိဖို့ ကစားသမားတစ်ဦးကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကစားအပြီးမှာ မန်စီးတီးအသင်းအတွက်(၄)ဂိုးသွင်းယူထားသလို ဒေါ့မွန်အသင်းကနေ ရောက်ရှိပြီးကတည်းက မန်စီးတီးအသင်းအတွက် ကစားထားတဲ့(၁၀၁)ပွဲမှာ စံချိန်တင်(၉၄)ဂိုးအထိ သွင်းယူထားတာပါ။ ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက...

အန်ဖီးလ်ကွင်းမှာ ဂိုးအများဆုံးသွင်းသူ(၅)ဦးစာရင်းထဲဝင်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူးဆာလာအနေနဲ့ အခုတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) လီဗာပူးလ်(၂-ဝ)ဘရန့်ဖို့ဒ်ပွဲမှာ အနိုင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီးနောက် အန်ဖီးလ်ကွင်းမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၁၁၈)ဂိုးအထိရှိလာခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် ပရီးမီးယားလိဂ်(၂)ပွဲစလုံးဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် သူ့ရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၂၁၃)ဂိုးအထိရှိလာပါတယ်။ ဒီအထဲမှာ ထက်ဝက်ကျော်ပမာဏဖြစ်တဲ့...