Day: August 25, 2024

၂၅.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ နာပိုလီအသင်းဟာ မန်ယူနိုက်တက်အသင်းကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူဖို့နီးစပ်နေပြီလို့သိရပါတယ်။ နာပိုလီအသင်းရဲ့ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းမှုအသစ်ကို မန်ယူနိုက်တက်အသင်းက လက်ခံခဲ့ပြီး တွမ်မီနေးကလည်း အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ကို ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ■ ဗယ်လက်ကာနိုအသင်းဟာ ကိုလံဘီယာအသင်းကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ...

ဘရိုက်တန်နဲ့ပွဲက ရပ်ရှ်ဖိုဒ့်ရဲ့နေရာယူမှုနဲ့ ရွေ့လျားမှုတွေကို အလန်ရှီးယား ဝေဖန်

မနေ့က ဘရိုက်တန်(၂-၁)မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ရဲ့ညံ့ဖျင်းတဲ့ နေရာယူမှုနဲ့ ရွေ့လျားမှုတွေကို ပရီးမီးယားလိဂ်ဂန္ထဝင် အလန်ရှီးယားက ဝေဖန်ခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၆၅)မိနစ်ကြာပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာလည်း မိနစ်(၉၀)အပြည့်ပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ The...

ဗီလာ-အာဆင်နယ်ပွဲက ရေယာရဲ့ကာကွယ်မှုကို မှော်ဝင်တဲ့ အခိုက်အတန့်လို့ အာတီတာ ချီးကျူး

မနေ့က အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းရဲ့သွင်းဂိုးကို ခွင့်မပြုရအောင် ကာကွယ်သွားနိုင်ခဲ့တဲ့ စပိန်ဂိုးသမား ဒေးဗစ်ရေယာရဲ့ကာကွယ်မှုကို ပွဲရဲ့မှော်ဝင်တဲ့အခိုက်အတန့်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ချီးကျူးသွားခဲ့ပါတယ်။ ဂိုးမရှိသရေကျနေတဲ့ ပွဲချိန်အတွင်းမှာ အက်စတွန်ဗီလာအသင်းကွင်းလယ်လူ အိုနာနာရဲ့ကန်ချက်ဟာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာတာကို တိုက်စစ်မှူး ဝက်ကင်စ်က...

ပဲလေ့စ် ဘောကောက် ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ ဆူချက်ခ်ကို ပရိသတ်တွေက သူရဲကောင်းလို့ ခေါ်ဆို

မနေ့က ခရစ္စတယ်ပဲလေ့စ်(ဝ-၂)ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ စိုးရိမ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဆူချက်ခ်ဟာ အန္တရာယ်ကျရောက်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ဘောကောက်ကလေးငယ်ကို ကယ်တင်ပေးခဲ့တာကြောင့် ပရိသတ်တွေက သူ့ကို သူရဲကောင်းလို့ ဆိုရှယ်မီဒီယာပေါ်မှာ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ဝက်စ်ဟမ်းအသင်း ဂိုးသွင်းယူအပြီးမှာ ဆူချက်ခ်နဲ့...

ဗီလာအသင်းက ချန်ပီယံလိဂ်ဖလားနဲ့ ရန်စတာကို ခံခဲ့ရတဲ့ အာဆင်နယ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ်ပွဲမှာ ဗီလာအသင်းတာဝန်ရှိသူတွေက တမူထူးခြားတဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ပွဲမတိုင်ခင် နှစ်ဘက်ကစားသမားတွေ ကွင်းထဲဝင်မယ့် ဥမင်လျှောက်လမ်းအတွင်းမှာ ချန်ပီယံလိဂ်ဖလားတစ်လုံးကို ထားရှိခဲ့တာပါ။ ဒီဖလားကို ဒီအတိုင်း ပိုးလိုးပက်လက်ထားတာတော့ မဟုတ်ပါဘူး။ နှစ်ဖက်ကစားသမားတွေ ကိုင်တွယ်ထိတွေ့ချင်ရင်တောင်...

မက်မောလောက်စရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရိုးမားအသင်းမှာ သစ္စာရှိရှိဆက်ရှိနေမယ့် ဒီဘားလား

ရိုးမားအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူးဒီဘာလားဟာ လက်ရှိရိုးမားအသင်းမှာ ဆက်ကစားဖို့အတွက် မက်မောလောက်စရာကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီဘာလားဟာ လက်ရှိ ရိုးမားအသင်းမှာ သူ ရရှိနေတဲ့လစာငွေထက် (၇)ဆနီးပါးလောက်တန်တဲ့ လစာငွေနဲ့ ဆော်ဒီဘောလုံးလောကမှာ လာကစားဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး သူက ဒီ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း...

ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲ Highlight Video

■ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ ဘရိုက်တန်အသင်းအတွက် ဝဲလ်ဘတ်ရဲ့ဦးဆောင်ဂိုး(၃၂ မိနစ်)၊ မန်ယူနိုက်တက်အသင်းအတွက် အာမက်ဒီယယ်လိုရဲ့ချေပဂိုး(၆၀ မိနစ်)၊ မန်ယူနိုက်တက်အသင်းပယ်ချခံခဲ့ရတဲ့ လူကျွံဘောဂိုးနဲ့ ပွဲချိန်(၉၀+၅)မိနစ်မှာ ဘရိုက်တန်အတွက် ဂျော်အိုပက်ဒရိုသွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုး

မန်စီးတီးမှာ (၂)နှစ်အတွင်း ပရီးမီးယားလိဂ်ဟက်ထရစ် (၇)ဂိုးသွင်းပြီး ရွန်နီရဲ့ မှတ်တမ်းကိုမီခဲ့တဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းအနေနဲ့ ဒီအသင်းအတွက် ပြိုင်ပွဲစုံမှာသွင်းတဲ့ ဟက်ထရစ် စုစုပေါင်း(၁၀)ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ကြိမ်မြောက် ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့အကြိမ်အရေအတွက်ကိုပါ လိုက်မီခဲ့ပါတယ်။ ၂၀၂၂ သြဂုတ်လမှာ မန်စီးတီးအသင်းအတွက်...