Day: August 14, 2024

အာနီဆလော့လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ လီဗာပူးလ် နီးစပ်

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဂျော်ဂျီယာအသင်းဂိုးသမား မာမာဒက်ရှ်ဗီလီကို ဗလင်စီယာအသင်းကနေ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကြယ်ပွင့်ဖြစ်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့သလို ချက်အသင်းနဲ့...

ဩဂုတ်လ ၁၄ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

ဥရောပစူပါဖလားလုပွဲ ရီးရဲလ်မက်ဒရစ် - အတ္တလန်တာ(15 August 2024/ 1:30 am) ချန်ပီယံလိဂ်(၁၅)ကြိမ်ရ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပစူပါဖလားပွဲကို (၉)ကြိမ်မြောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ဥရောပအောင်မြင်မှုဆိုလို့ အခုမှ ယူရိုပါလိဂ်ဖလားတစ်လုံးသာ ရခဲ့ဖူးတဲ့ အတ္တလန်တာအသင်းကတော့ ဒီဖလားလုပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။...

ပုံမှန်အချိန်အတွင်း သရေကျနေရင် အချိန်ပိုမကစားဘဲ ပယ်နယ်တီ တန်းကန်မယ့် ဥရောပစူပါဖလားပွဲ

ဒီနေ့ညသန်းခေါင်ကျော် (မြန်မာစံတော်ချိန်) သြဂုတ်(၁၅)ရက် နံနက်(၁း၃၀)နာရီမှာ စတင်ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေရင် အချိန်ပို(Extra Time)ကစားမှာ မဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ နှစ်စဉ်ဗိုလ်လုကြတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ...

လေ့ကျင့်မှုပြုလုပ်ချိန်အတွင်း ရခဲ့တဲ့ ဒဏ်ရာကြောင့် ဥရောပစူပါဖလားပွဲကို ကာမာဗင်ဂါ လွဲချော်ဖွယ်ရှိ

ပြင်သစ်ကွင်းလယ်လူ ကာမာဗင်ဂါဟာ ဒီနေ့ကစားမယ့် အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လွဲချော်ဖွယ်ရှိနေပါတယ်။ ကာမာဗင်ဂါဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဖော် ချူအာမန်နီကို ဘောလုံးကျော်ဖြတ်ဖို့ကြိုးစားခဲ့ရာမှာ ချော်ပြီး ဒဏ်ရာရရှိသွားခဲ့တာပါ။ ကာမာဗင်ဂါဟာ နာကျင်မှုကြောင့်...

ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက်ကို အိုင်းယက်စ် လှောင်ပြောင်

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူကြောင်း အတည်ပြုပြီးနောက်မှာ သူတို့ရဲ့အသင်းဟောင်းဖြစ်တဲ့ အိုင်းယက်စ်အသင်းက ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူနိုက်တက်အသင်းကို လှောင်ပြောင်သွားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့(၂)ဦးကို ပေါင်သန်း(၆၀)နီးပါးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ သူနဲ့အတူ အိုင်းယက်စ်မှာ...

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖို့ အန်ဆုဖာတီကို ဘာစီလိုနာ အသိပေး

ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက် တိုက်စစ်ကစားသမား အန်ဆုဖာတီကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကလပ်ကနေ ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရဲ့အနာဂတ်စီမံကိန်းမှာ မပါဝင်တာကြောင့် ဘာစီလိုနာအသင်းက သူ့ကိုအသင်းသစ်ရှာဖွေဖို့ ပြောထားခဲ့တာပါ။ ဘာစီလိုနာအသင်းမှာ လုပ်ခလစာအများအပြားရရှိတဲ့ သူတွေထဲကတစ်ဦးဖြစ်တဲ့ အန်ဆုဖာတီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ...

မန်ယူနိုက်တက်ပရိသတ်တွေကို ပွဲဆူသွားစေတဲ့ ကာရေဂါရဲ့ ပရီးမီးယားလိဂ် အကြိုခန့်မှန်းမှု

၂၀၂၄-၂၅ ဘောလုံးရာသီကုန်ဆုံးချိန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်မယ့်အသင်း(၆)သင်းကို လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက ဟောကိန်းထုတ် ခန့်မှန်းလိုက်ပါတယ်။ ကာရေဂါရဲ့ရွေးချယ်မှုအပြီးမှာ မန်ယူနိုက်တက် ပရိသတ်တွေဆီက ဒေါကတကြီး ဝေဖန်တိုက်ခိုက်မှုတွေ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကာရေဂါက သူ့ရဲ့လီဗာပူးလ်အသင်းနဲ့ ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းကို...

ပရီးမီးယားလိဂ်ရာသီမစတင်မီ အသင်းလိုဂို အပြောင်းအလဲလုပ်ခဲ့တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ ရက်ပိုင်းအလိုမှာ သူတို့အသင်းရဲ့လိုဂိုအသစ်ကို နေရာအတော်များများမှာ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အထူးသဖြင့် ပြောင်းလဲဖို့ခက်ခဲတဲ့ အသင်းအိမ်ကွင်း၊ လေ့ကျင့်ရေးကွင်းက လိုဂိုပုံနေရာတွေမှာ ပြောင်းလဲမှာ မဟုတ်ပေမယ့် ပြောင်းဖို့လွယ်ကူတဲ့ အွန်လိုင်း/ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ အပြောင်းအလဲပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း...

ဆန်ခါတင်(၆)ဦးစီ ထုတ်ပြန်ခဲ့တဲ့ PFA ရဲ့ အကောင်းဆုံးဆုများ

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဆုဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men's Young Player of...