Day: August 8, 2024

၈.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ထရစ်ပီယာဟာ လာမယ့်ရာသီအကုန်ထိသာ စာချုပ်ရှိတော့တဲ့ နယူးကာဆယ်အသင်းအနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။ ■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိုင်ဗရီကို့စ်တောင်ပံကစားသမား ဇာဟာကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူချင်နေပါတယ်။ ဂါလာတာစာရေးအသင်းဟာ ဇာဟာကို အခြားအသင်းတွေနဲ့...

လက်ရှိမှာ ကစားသမား (၄၂) ယောက်အထိရှိနေတဲ့ ချယ်လ်ဆီးအသင်း ကစားသမားတစ်ဦး ထပ်မံစာချုပ်

ပရီးမီးယားလိဂ်ရဲ့ ဒီနွေရာသီ ပြောစရာအကြောင်းအရာတွေထဲမှာ တစ်ခုအဖြစ်ပါဝင်နေတာက ချယ်လ်ဆီးအသင်းရဲ့ကစားသမားအရေအတွက် ဖောင်းပွမှုပါပဲ။ ချယ်လ်ဆီးအသင်းမှာ လက်ရှိကစားသမားအင်အားက (၄၂)ဦးအထိရှိနေပြီး ပရီးမီးယားလိဂ်က ဘယ်ကလပ်အသင်းထက်မဆို များပြားနေတဲ့ အရေအတွက်ပါ။ ဒီလို ကစားသမားတွေ များပြားနေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ဒီနွေရာသီ ကစားသမားသစ်ခေါ်ယူမှုက မပြီးသေးပါဘူး။ ချယ်လ်ဆီးအသင်းဟာ...

ရာသီသစ်အတွက် များပြားလွန်းတဲ့ မန်စီးတီးရဲ့ပွဲစဉ်အချိန်ဇယားကို ရူဘင်ဒီယက်စ် ဖော်ပြ

ပေါ်တူဂီနောက်ခံလူ ရူဘီဒီယက်စ်ဟာ ၂၀၂၄-၂၅ ရာသီအတွက် များပြားလွန်းတဲ့ မန်စီးတီးအသင်းရဲ့ပွဲစဉ်အချိန်ဇယားကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ Share ပြီးဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေဟာ ရူဘင်ဒီယက်စ်ရဲ့ပို့စ်ကို မြင်ပြီးနောက် မန်စီးတီးအသင်းရဲ့ပွဲစဉ်များပြားမှုအပေါ် အံ့အားသင့်နေကြပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီတီးအသင်းအတွက် ပွဲပေါင်း(၄၅)ပွဲပါဝင်ကစားခဲ့တဲ့ ရူဘင်ဒီယက်စ်ဟာ...

နည်းပြအာနီဆလော့ လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ လီဗာပူးလ် ကြိုးပမ်း

လီဗာပူးလ်အသင်းဟာ နည်းပြသစ်အာနီဆလော့လက်ထက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လီဗာပူးလ်အသင်းရဲ့အ‌ဓိကပစ်မှတ်ဖြစ်တဲ့ ဇူဘီမန်ဒီဟာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ချိတ်ဆက်မှုတွေလည်း ခံခဲ့ရတဲ့သူပါ။ ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ နီးကပ်လာပြီဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ အမြန်ဆုံးလှုပ်ရှားနေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဇူဘီမန်ဒီကို...

ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ ဘာပေ ပထမဆုံးလေ့ကျင့်မှုစတင် ပြုလုပ်

ပြင်သစ်တိုက်စစ်ကစားသမားဘာပေဟာ အသင်းသစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့အသင်းဖော်တွေနဲ့ ပထမဆုံးအကြိမ်လေ့ကျင့်မှု‌ပြုလုပ်ခဲ့ပါတယ်။ ဘာပေဟာ ဇူလိုင်(၁၆)ရက်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခံခဲ့ရပေမယ့် ပြင်သစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး အခုမှသာ ကလပ်အသင်းသစ်နဲ့ ပူးပေါင်းနိုင်ခဲ့တာပါ။ ဘာပေနဲ့ အတူရီးရဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ကာဗာဟယ်လ်၊ဗယ်လ်ဗာဒီ၊ချူအာမန်နီ၊ကာမာဗင်ဂါ၊မန်ဒီ၊ဘယ်လင်ဂမ်တို့လည်း လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဒီကစားသမား(၇)ဦးဟာ...