Day: August 9, 2024

ယာဉ်တိုက်ပြီး ထွက်ပြေးမှုသံသယနဲ့ ဂျာမန်ရဲတွေ စုံစမ်းစစ်ဆေးတာခံနေရတဲ့ မန်ယူနိုက်တက် ပစ်မှတ် ဒီလစ်

မန်ယူနိုက်တက်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ဟာ ယာဉ်တိုက်ပြီးထွက်ပြေးမှုသံသယနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ဒီလစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အပြင်းအထန်ချိတ်ဆက်ခံနေရပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့တောင်ကိုရီးယားရာသီကြိုခြေစမ်းခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရတာပါ။ ဒီလစ်ဟာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့Sabener Strasse လေ့ကျင့်ရေးကွင်းအနီးမှာ ရပ်ထားတဲ့ ကားကိုဝင်တိုက်ကာ...

အမေရိကန် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ပိုချက်တီနို ချဉ်းကပ်ခံနေရ

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ နည်းပြလစ်လပ်နေတဲ့ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုခံနေရတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် ကလပ်အသင်းအချို့နဲ့ သတင်းထွက်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာပါ။ ပိုချက်တီနိုဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်ခံနေရတဲ့သူတွေထဲက တစ်ဦးဖြစ်သလို အမေရိကန်အသင်းကို...

ဖီအိုရမ်တီးနားနဲ့ စာချုပ်ချုပ်ဆိုဖို့ ဒီဟေးယား သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထွက်နေ

မန်ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဟေးယားဟာ စီးရီးအေကလပ် ဖီအိုရမ်တီးနားအသင်းနဲ့(၁)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် (၁)နှစ်ကျော်ကြာ အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းထံ ပြောင်းရွှေ့ပြီး အသင်းသစ်ရှာဖွေမှုကို အဆုံးသတ်တော့မှာပါ။ ဒီဟေးယားဟာ မကြာသေးခင်က စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်တဲ့...

မန်စီးတီးနဲ့ပွဲမတိုင်ခင် ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ မန်ယူနိုက်တက် ကြုံတွေ့နေရ

မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ ကြုံတွေ့နေရတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်မှာကတည်းက ကစားသမားတွေရဲ့ဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ နောက်ခံလူ(၄)ဦးအထိ လွဲချော်ဖွယ်ရှိနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် နောက်ခံလူသစ်ယိုရိုကို...

မန်ယူနိုက်တက် အမျိုးသမီးအသင်းနဲ့ အကယ်ဒမီအတွက် ဆက်လက်အသုံးပြုသွားမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်း

မန်ယူနိုက်တက်အသင်းဟာ လူဦးရေ (၁)သိန်းကျော်ဆံ့ကွင်းသစ်ကို ဆောက်လုပ်ပြီး လက်ရှိအိမ်ကွင်းဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဒီအတိုင်းဆက်လက်ထားရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ သမိုင်းဝင် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖြိုချဖျက်ဆီးတော့မှာမဟုတ်ဘဲ မူလကွင်းပုံစံအတိုင်း အနေအထားမပျက် ထားရှိသွားမယ်လို့ ဆိုပါတယ်။ မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဗြိတိန်ဘီလျံနာဆာဂျင်ရက်ကလစ်ဖ်က မန်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းကို ပရိသတ်(၁)သိန်းကျော်ဝင်ဆံ့အောင်ပြုလုပ်ပြီး...

ဘာသာရေး အဓိကရုဏ်းတွေရှိနေပေမယ့် ပုံမှန်အတိုင်းစတင်သွားမယ့် အင်္ဂလန်ဘောလုံးလိဂ်

အင်္ဂလန်နိုင်ငံရဲ့မြို့ကြီးအတော်များများမှာ ဘာသာရေးအဓိကရုဏ်းတွေရှိနေပေမယ့် အခုတစ်ပတ်စတင်မယ့် အင်္ဂလန်ချန်ပီယံရှစ်ပွဲတွေကို ရွှေ့ဆိုင်းမှာ မဟုတ်ကြောင်း သိရပါတယ်။ အခုလာမယ့် သြဂုတ်(၉)ရက်နေ့ကစပြီး အင်္ဂလန်နိုင်ငံမှာ ချန်ပီယံရှစ်ပြိုင်ပွဲသာမက League One ၊ League Two အစရှိတဲ့ အောက်တန်းလိဂ်ပြိုင်ပွဲတွေကိုလည်း စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံတစ်ဝန်းမှာ...

ဂျီဘရော်တာကျွန်းလှုံ့ဆော်မှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ရိုဒရီနဲ့ မိုရာတာ

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ စပိန်ကွင်းလယ်လူရိုဒရီနဲ့ စပိန်အသင်းခေါင်းဆောင် မိုရာတာတို့ကို ဂျီဘရော်တာကျွန်းဆွယ်နဲ့ ပတ်သက်ပြီး စင်မြင့်ထက်ကနေ လှုံဆော်မှုတွေအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ(၁၅)ရက်နေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့အတွင်း Plaza de Cibeles ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲခံအခမ်းအနားမှာ...

ပရော်ဖက်ရှင်လက်ဝှေ့သမားဘဝကို ပထမဆုံးဆင်နွှဲတော့မယ့် ဒန်နီဆင်ပ်ဆင်

ဘောလုံးလောကမှာ ဘောလုံးသမားဘဝကနေ အခြားမိမိဝါသနာပါရာ အားကစားတွေကို ပြောင်းလဲကစားခဲ့ကြတဲ့ ဘောလုံးသမားတွေများစွာရှိပါတယ်။ ချက်ဂိုးသမားပီတာချက်ဆိုရင် ဘောလုံးသမားဘဝက အနားယူတာနဲ့ ရေခဲပြင်ဟော်ကီကစားတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဘာတစ္စတူတာက ပိုလိုကစားတယ်။ အီတလီနောက်ခံလူမာလ်ဒီနီက တင်းနစ်ကစားတယ်။ ဝေးလ်တောင်ပံကစားသမားဂါရတ်ဘေးလ်က ဂေါက်သီးကစားတယ်။ ဒီလို အားကစားနည်း ပြောင်းရွှေ့ကစားကြတဲ့ ကစားသမားတွေက...

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လှုပ်ရှားသူတွေ တိုက်ခိုက်တာခံခဲ့ရတဲ့ အစ်ဘစ်ဇာကျွန်းက မက်ဆီရဲ့အိမ်

စပိန်နိုင်ငံ၊ အစ်ဘစ်ဇာကျွန်းမှာ မက်ဆီဝယ်ယူထားတဲ့ ပေါင်(၉.၅)သန်းတန်နေအိမ်က လူတစ်စုရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ မက်ဆီဟာ အစ်ဘစ်ဇာကျွန်းအနောက်ပိုင်းမှာ ရှိတဲ့ ဒီနေအိမ်ကို ဆွစ်ဇာလန်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ဖီလစ်ပီအမွန်ထံကနေ ၂၀၂၂ ခုနှစ်က ဝယ်ယူထားတာပါ။ မက်ဆီဟာ သူ့ရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာ၊ ကလေး(၃)ယောက်တို့နဲ့အတူ ဒီနေအိမ်မှာ...