Day: August 28, 2024

ဘာစီလိုနာအသင်းထံ နေမာပြန်လာချင်တယ်ဆိုတဲ့ သတင်းတွေကို သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ငြင်းဆန်

အယ်လ်ဟီလယ်တိုက်စစ်မှူးနေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူတွေဆီကိုချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ကိုခေါ်ယူဖို့ အလိုမရှိခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ နေမာဟာ ၂၀၂၃...

ဒေးဗစ်ဘက်ခမ်းနဲ့ မက်ဆီတို့ရဲ့ ဖရီးကစ်မှတ်တမ်းကို လိုက်မှီဖို့ တစ်ဂိုးသာလိုတော့တဲ့ စီရော်နယ်ဒို

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ် အယ်လ်ဖိုင်ဟာ(၁-၄)အယ်လ်နာဆာပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘ၀ ဖရီးကစ်သွင်းဂိုးစုစုပေါင်း (၆၄)ဂိုးအထိရှိလာပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝသွင်းဂိုး (၈၉၉)ဂိုးသွင်းယူရာမှာ ဖရီးကစ်ကနေ (၆၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ဖရီးကစ်အများဆုံးသွင်းသူစာရင်းမှာ အင်္ဂလန်တောင်ပံကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်၊...

ဗယ်လက်ကာနို-ဘာစီလိုနာပွဲက မာခ့်ဘာနယ်ရဲ့ဒူးအရွတ်ဒဏ်ရာ အခြေအနေအပေါ် ဘာစီလိုနာ စိုးရိမ်

မနေ့က ဗယ်လက်ကာနို(၁-၂)ဘာစီလိုနာ စပိန်လာလီဂါပွဲစဉ်မှာ ဒူးအရွတ်(ACL)ဒဏ်ရာရရှိခဲ့တဲ့ အသက်(၁၇)နှစ်အရွယ်ရှိ ကွင်းလယ်လူ မာခ့်ဘာနယ်ရဲ့အခြေအနေအပေါ် ဘာစီလိုနာအသင်း စိုးရိမ်မှုတွေရှိနေပါတယ်။ မာခ့်ဘာနယ်ဟာ ဒီဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရနိုင်တယ်လို့ ESPN က ဖော်ပြထားတာပါ။ မာခ့်ဘာနယ်ဟာ ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ ဒဏ်ရာခံစားခဲ့ရတာဖြစ်ပါတယ်။ မာခ့်ဘာနယ်ရဲ့ဒဏ်ရာအခြေအနေကို...

ဘရိုက်တန်-ခရော်လေပွဲမှာ မတ်အိုရီလေး ပြင်းထန်စွာ ဖျက်ထုတ်ခံခဲ့ရတဲ့အပေါ် နည်းပြ ဟာဇယ်လာ ဒေါသထွက်နေ

မနေ့က ဘရိုက်တန်(၄-ဝ)ခရော်လေ ကာရာဘောင်းလိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်ကစားသမားသစ် မတ်အိုရီလေးဟာ ခရော်လေကစားသမား ဂျေဝီလီယံစ်ရဲ့ပြင်းထန်တဲ့ဖျက်ထုတ်ခြင်းခံရတဲ့အပေါ် ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာဟာ ဒေါသထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆဲလ်တစ်အသင်းကနေ ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မတ်အိုရီလေးဟာ ဘရိုက်တန်အသင်းအတွက် ပွဲဦးထွက်အဖြစ် ခရော်လေအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ခဲ့တာပါ။...

ဖောရက်စ်နဲ့ လိဂ်ဖလားပွဲမှာ နယူးကာဆယ်လူစာရင်းထဲ တိုနယ်လီ ပါဝင်မယ်လို့ အက်ဒီဟောင်း ဆို

လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၁၀)လကြာပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ ဒီနေ့ညကစားမယ့် နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်မှာ နယူးကာဆယ်အသင်းလူစာရင်းထဲ ပါဝင်မယ်လို့ နယူးကာဆယ်နည်းပြအက်ဒီဟောင်းက ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အေစီမီလန်အသင်းကနေ ပေါင်(၅၅)သန်းနဲ့ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုနယ်လီဟာ စီးရီးအေမှာ...

ရီးရဲလ်မက်ဒရစ်အသင်းမှာ “ဘော်ဘီ”လို့ အမည်တွင်နေတဲ့ အန်းဒရစ်

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်လူငယ်တိုက်စစ်မှူးအန်းဒရစ်ရဲ့နာမည်အရင်းက အန်းဒရစ်ဖီလီပီမိုရဲရားဒီဆော်ဆာ ဖြစ်ပါတယ်။ ၂၀၀၆ ဇူလိုင်လမှာ မွေးဖွားတဲ့အန်းဒရစ်က လက်ရှိရီးရဲလ်မက်ဒရစ်အသင်းကြီးရဲ့လူစာရင်းမှာ အသက်အငယ်ဆုံးကစားသမားပါ။ အသင်းရဲ့အသက်အငယ်ဆုံးကစားသမားအန်းဒရစ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့စီနီယာကစားသမားတွေက ဘော်ဘီလို့ ချစ်စနိုးခေါ်ကြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်(၂) ရီးရဲလ်မက်ဒရစ်(၃-ဝ)ဗယ်လာဒိုလစ်ပွဲမှာ အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ အန်းဒရစ်ကို...

ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းနှုန်းအမြန်ဆုံးကစားသမား အာလင်းဟာလန်း

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ဟက်ထရစ်အများဆုံးသွင်းယူသူတွေထဲမှာ ဟက်ထရစ်သွင်းနှုန်းအမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ဟက်ထရစ်က (၇)ကြိမ်အထိရှိလာခဲ့ပြီး မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့ဟက်ထရစ်အကြိမ်အရေအတွက်(၇ ကြိမ်)ကို လိုက်မီခဲ့ပါတယ်။ ဟက်ထရစ်(၇)ကြိမ်ရဖို့ ရွန်နီက ပရီးမီးယားလိဂ်ပွဲပေါင်း(၄၉၁)ပွဲအထိကစားခဲ့ရပြီး ဟာလန်းကတော့ (၆၈)ပွဲသာ...

နည်းပြတစ်ဦးဘဝကို လျှောက်လှမ်းမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ စီရော်နယ်ဒို

အယ်လ်နာဆာအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း ခေါင်းဆောင် စီရော်နယ်ဒိုက တစ်နေ့နေ့တစ်ချိန်ချိန်မှာ နည်းပြဘဝကို လျှောက်လှမ်းနိုင်သလားဆိုတဲ့ မေးခွန်းကို ငြင်းဆန်တဲ့စကားနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ ပေါ်တူဂီသတင်းစာ “Apola” နဲ့ တွေ့ဆုံရာမှာ စီရော်နယ်ဒိုက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ "တစ်နေ့နေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော် နည်းပြအဖြစ်ပြန်မြင်ရဖို့ဆိုတာ...

ခရစ္စတယ်ပဲလေ့စ်ထံက ဂူဟီကို ကလပ်စံချိန်တင်ကြေးနဲ့ နယူးကာဆယ်အသင်း ခေါ်ယူဖို့ နီးစပ်နေ

နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၇၀)နီးပါးနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတာကြောင့် ဂူဟီဟာ သူ့ရဲ့အနာဂတ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကလပ်အသင်းနှစ်သင်းဟာ ဂူဟီရဲ့အပြောင်းအရွှေ့အတွက် တနင်္လာနေ့က နောက်ထပ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး သဘောတူညီမှုရရှိဖို့ နီးစပ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ နယူးကာဆယ်အသင်းရဲ့နောက်ထပ်ကမ်းလှမ်းမှုကို...