Day: August 17, 2024

ချယ်လ်ဆီးက ထွက်ခွာတာဟာ ဘင်ချီဝဲလ်အတွက် ပိုကောင်းလိမ့်မယ်လို့ မာရက်စ်ကာ ဆို

အီတလီလူမျိုးနည်းပြ မာရက်စ်ကာက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်အနေနဲ့ ချယ်လ်ဆီးအသင်းက ထွက်ခွာတာဟာ သူ့အတွက်ပိုကောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဘင်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ကြံ့ခိုင်မှုပိုင်းကြောင့် ပြိုင်ပွဲစုံ(၂၁)ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့သူပါ။ ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာကတော့ ဘင်ချီဝဲလ်ရဲ့နေရာမှာ...

လက်ရှိချန်ပီယံမန်စီးတီး ဗိုလ်စွဲနိုင်ခြေရာနိုင်နှုန်း အပြတ်အသတ် အသာရနေတဲ့ Opta ရဲ့ခန့်မှန်းမှု

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်ခင်မှာ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေကို ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့အတူ ထုံးစံအတိုင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထူးခြားတာက ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေက အဆမတန်ကွာဟချက်ကြီးမားနေတာပါပဲ။ Opta အနေနဲ့ စူပါကွန်ပြူတာမှာ ၂၀၂၄-၂၅ ရာသီ...

ဖူလ်ဟမ်နဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့တဲ့ မက်ဂွဲယားကို အိုလံပစ်နဲ့ နှိုင်းယှဉ်ပြီး ပရိသတ်တွေ လှောင်ပြောင်

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒိုင်ဗင်ထိုးခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ အိုလံပစ်ပြိုင်ပွဲနဲ့ နှိုင်းယှဉ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဖူလ်ဟမ်အသင်းဂိုးဧရိယာထဲမှာ စမစ်ရိုးနဲ့ထိခိုက်မိပြီး လဲကျသွားခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ ပြိုင်ဘက်ကစားသမားနဲ့ ထိခဲ့ခြင်းမရှိတာပါ။...

ဖူလ်ဟမ်နဲ့ပွဲက မန်ယူနိုက်တက်ရဲ့နည်းဗျူဟာတွေကို Sky Sports ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့နည်းဗျူဟာတွေကို Sky Sports က တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းဟာ လူစားဝင်တိုက်စစ်မှူး ဇက်ခ်ဇီရဲ့ပွဲချိန်(၈၇)မိနစ်မှာ သွင်းယူတဲ့ဂိုးကြောင့် ရာသီအစကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၅၈)မိနစ်မှာ တိုက်စစ်မှူး ဇက်ခ်ဇီလူစားလဲမဝင်ရောက်ချိန် မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးက...

မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်ပွဲ Highlight Video

■ Video - မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်ပွဲမှာ ဖူလ်ဟမ်နောက်ခံလူ ကန်နီတီတီရဲ့ကန်ချက်ကို မန်ယူနိုက်တက်ဂိုးသမားအိုနာနာရဲ့ကာကွယ်မှု၊ ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကို ဖူလ်ဟမ်ဂိုးသမားလေနို ကာကွယ်မှုနဲ့ ဂါနာချိုရဲ့ပေးပို့မှုကနေ နယ်သာလန်တိုက်စစ်မှူးဇက်ခ်ဇီသွင်းယူခဲ့တဲ့ဂိုး(၈၇ မိနစ်)

ဇက်ခ်ဇီရဲ့နောက်ကျဂိုးနဲ့ ရာသီအစကို အနိုင်နဲ့ဖွင့်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်(ပရီးမီးယားလိဂ်ပွဲစဉ် - ၁) ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါပေမယ့် လွယ်လွယ်ကူကူအနိုင်ရတာမျိုးတော့ မဟုတ်ခဲ့ဘဲ ဖူလ်ဟမ်ရဲ့တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှာ နယ်သာလန်တိုက်စစ်မှူး ဇက်ခ်ဇီသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။...

အာနီဆလော့ရပ်တန့်ရမယ့် (၂၁)ရာစုခေတ် လီဗာပူးလ်နည်းပြတွေရဲ့ မှတ်တမ်းဆိုး

ဒီနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)အစောဆုံးပွဲစဉ် အစ်ဝစ်ချ်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်အသင်းက အစ်ဝစ်ချ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင်ကစားပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က (၂၁)ရာစုလီဗာပူးလ်နည်းပြတွေရဲ့မှတ်တမ်ဆိုးတစ်ခုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ၂၀၀၀ ပြည့်နှစ်ကစပြီး (တစ်နည်းအားဖြင့်) (၂၁)ရာစုနှစ်မှာ လီဗာပူးလ်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ နည်းပြတွေမှာ ကျိန်စာတစ်ခုလို့...

ဩဂုတ် ၁၇ ရက်နေ့ရဲ့အကြိုက်ဆုံး ပွဲကြိုတင်ရင်ခုန်သံ

ပရီးမီးယားလိဂ် မန်ယူနိုက်တက် - ဖူလ်ဟမ်(17 August 2024/ 1:30 am) ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းနည်းပြတန်ဟတ်က ပြိုင်ပွဲအတွက် သူ့အသင်းက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလိုက်တယ်။ ဒါက တကယ်လို့ ဒီပွဲမှာအနိုင်မရခဲ့ရင်(ဒါမှမဟုတ် ကံဆိုးပြီး) ရှုံးနိမ့်ခဲ့ရင်ဆိုတဲ့ အခြေအနေအတွက်...