Day: August 18, 2024

၁၈.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဂျာမနီကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ သူ့ကိုထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ကတော့ ဂွန်ဒိုဂန်ဆက်ရှိဖို့မျှော်လင့်တယ်လို့ ဗလင်စီယာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ ■ ဘုန်းမောက်အသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ဒါနီလိုခြေချင်းဝတ်ကျိုးသွားခဲ့တယ်လို့...

ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်က မီဒီယာမှာအငြင်းပွားမှုအားလုံးကို အဆုံးသတ်နိုင်တယ်လို့ ဒီဇာဘီဆို

မနေ့က ဘရက်စ်(၁-၅)မာဆေးလ် ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်ဟာ မီဒီယာမှာ အငြင်းပွားမှုတွေအားလုံးကို အဆုံးသတ်နိုင်တယ်လို့ မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဆိုခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လီဂူး-၁ ပွဲဦးထွက်မှာ ပွဲချိန်(၃)မိနစ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တာပါ။...

ဩဂုတ်လ ၁၈ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

ပရီးမီးယားလိဂ် ဘရန့်ဖို့ဒ် - ခရစ္စတယ်ပဲလေ့စ်(18 August 2024/ 7:30 pm) ချယ်လ်ဆီး - မန်စီးတီး(18 August 2024/ 10:00 pm) ဘရန့်ဖို့ဒ် - ခရစ္စတယ်ပဲလေ့စ် (ပရီးမီးယားလိဂ်) ဘရန့်ဖို့ဒ်က...

ဆော်ဒီစူပါဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် စီရော်နယ်ဒို စိတ်ပျက်ပြီး ငွေတံဆိပ်ရယူခဲ့ခြင်းမရှိ

မနေ့က အယ်လ်နာဆာ(၁-၄)အယ်လ်ဟီလယ် ဆော်ဒီစူပါဖလားဗိုလ်လုပွဲအပြီးမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ရှုံးပွဲကြောင့် စိတ်ပျက်ပြီး ငွေတံဆိပ်ကိုမယူဘဲ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းနဲ့ Arab Club Champions Cup ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် ဒုတိယမြောက်ဆုဖလားအဖြစ်...

ပြင်းထန်တဲ့ ဦးခေါင်းခွံ ဒဏ်ရာကြောင့် လိုင်လီကွင်းလယ်လူ ဂိုမက်စ်ကို ဆေးရုံပို့ခဲ့ရ

မနေ့က ရင်းမ်စ်(ဝ-၂)လိုင်လီ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ လိုင်လီကွင်းလယ်လူ အိန်ဂျယ်လ်ဂိုမက်စ်ဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သတိလစ်သွားခဲ့လို့ ဆေးရုံတင်ထားရပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ အိန်ဂျယ်လ်ဂိုမက်စ်ဟာ ပွဲချိန်(၁၁)မိနစ်မှာ ရင်းမ်စ်ကွင်းလယ်လူ အမာဒူနဲ့ တိုက်မိခဲ့ပြီးနောက် ကွင်းထဲမှာ မိနစ်(၃၀)ကြာ ကုသမှုခံယူခဲ့ရတာပါ။ အိန်ဂျယ်လ်ဂိုမက်စ်ကို...

အနီကတ်ပြခံခဲ့ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာစံချိန်တင်ခဲ့တဲ့ အက်ရှ်လေယန်း

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဝါရင့်နောက်ခံလူအက်ရှ်လေယန်းက ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံးစံချိန်တစ်ခုကို တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက စံချိန်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ မကောင်းတဲ့စံချိန်တစ်ခုဖြစ်တဲ့ အသက်အကြီးဆုံးအနီကတ်ပြခံရသူဆိုတဲ့စံချိန်ပါ။ အဲဗာတန်အသင်းရဲ့ညာနောက်ခံလူဖြစ်တဲ့ အက်ရှ်လေယန်း (Ashley Young)က နာမည်အရ ငယ်ရွယ်သူဖြစ်ပေမယ့် အချိန်ရဲ့တိုက်စားမှုအရ အသက်ကတော့ (၄၀)နားနီးလာပြီဖြစ်ပါတယ်။ မနေ့က...

မိမိရင်ထဲက အားပေးတဲ့အသင်းကို လျို့ဝှက်ထားလို့မရဘဲ အများသိအောင်ဖွင့်ဟရတော့မယ့် အင်္ဂလန်ဒိုင်များ

၂၀၂၄-၂၅ ရာသီသစ် မစတင်မီ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့(PGMOL)က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ PGMOL မှာ ဒိုင်လူကြီးတာဝန်ထမ်းဆောင်နေတဲ့ ဒိုင်တွေအားလုံး မိမိအားပေးတဲ့ကလပ်အသင်းကို အတိအလင်း ထုတ်ဖော်ဝန်ခံရမှာဖြစ်ပါတယ်။ မိမိအနေနဲ့ လက်ရှိအချိန်မှာ ဘောလုံးအသင်းတွေထဲက ဘယ်အသင်းကို အားပေးတဲ့...

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးမြူးတဲ့ အစဉ်အလာကို ဆက်ထိန်းပြီး စံချိန်သစ်တင်ခဲ့တဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ ဂိုးသွင်းရင်သွင်း/ မသွင်းရင် ဂိုးဖန်တီးတဲ့ သူ့ရဲ့စံချိန်မှတ်တမ်းကို ရှေ့ဆက်ခဲ့ပါတယ်။ ဆာလာအနေနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးမြူးလေ့ရှိပြီး လီဗာပူးလ်အသင်းကို စတင်ရောက်ရှိလာတဲ့ ၂၀၁၇-၁၈ ရာသီကစပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ ရာသီတိုင်း ဂိုးသွင်းရင်သွင်း/ မသွင်းရင် ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ဒီနေ့ကစားခဲ့တဲ့...