Day: August 29, 2024

၂၉.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ အဲဗာတန်အသင်းဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ မန်ဂါလာကို လိုင်ယွန်အသင်းကနေ အငှားနဲ့ခေါ်ယူဖို့ ဒီနေ့မှာ ဆေးစစ်မှုတွေပြုလုပ်ပြီး အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့လုပ်ဆောင်မယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းဟာ မန်ဂါလာကို အငှားနဲ့သာခေါ်ယူတာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်မပါဝင်ဘူးလို့ သိရပါတယ်။ ■ အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား...

ယာယီနည်းပြ လီကာစလေရဲ့အင်္ဂလန်လူစာရင်းမှာ ဘင်ဝှိုက်မပါဝင်ဘူးလို့ ဗြိတိန်မီဒီယာတွေ ဖော်ပြ

ယာယီနည်းပြ လီကာစလေထုတ်ပြန်မယ့် သူ့ရဲ့ပထမဆုံးအင်္ဂလန်အသင်းလူစာရင်းမှာ အာဆင်နယ်အသင်းညာနောက်ခံလူ ဘင်ဝှိုက်ပါဝင်မှာမဟုတ်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့လက်ထောက်နည်းပြဖြစ်တဲ့ စတိဗ်ဟော်လန်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးကတည်းက အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခြင်းမရှိတော့တာပါ။ ဆောက်ဂိတ်နဲ့ စတိဗ်ဟော်လန်တို့ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄...

ရမ်စဒေးလ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ ဆောက်သမ်တန် သဘောတူညီမှုရရှိ

ဆောက်သမ်တန်အသင်းဟာ အင်္ဂလန်ဂိုးသမား ရမ်စဒေးလ်ကို ကနဦးပြောင်းရွှေ့ကြေးပေါင်(၁၈)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာဆက်ပြီးရှိနေမယ်ဆိုရင် ရမ်စဒေးလ်အတွက် အာဆင်နယ်အသင်းကို နောက်ထပ်ပေါင်(၁)သန်းနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ကာ Add-ons ပေါင်(၆)သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရမ်စဒေးလ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုရမယ်ဆိုရင်...

လူမျိုးရေးခွဲခြားခံရမှုတွေ ထပ်မံကြုံတွေ့ရရင် ရီးရဲလ်ကစားသမားတွေ ကွင်းထဲကထွက်ခွာမယ်လို့ ဗင်နီစီယပ်စ်ဆို

ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က ဒီရာသီမှာ လူမျိုးရေးခွဲခြားမှုတွေထပ်မံကြုံတွေ့ရရင် သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဟာ ကွင်းထဲကနေ ထွက်ခွာမယ်လို့ ဆိုခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လာလီဂါပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုကို အကြိမ်ပေါင်းများစွာခံခဲ့ရတဲ့သူပါ။ ဗင်နီစီယပ်စ်ဟာ အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာ သူဟာ လူမျိုးရေးခွဲခြားမှုအများအပြားနဲ့...