Day: August 31, 2024

နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံရပြီး ကျောနံပတ်(၉)ပါ အိုစီမန် ဆုံးရှုံး

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ဟာ နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး ကျောနံပတ်(၉)ပါ ဆုံးရှုံးသွားခဲ့ပါတယ်။ နာပိုလီအသင်းဟာ အိုစီမန်ရဲ့ကျောနံပတ်(၉)ကို နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးအသစ် လူကာကူကို ပေးခဲ့တာပါ။ အိုစီမန်ရဲ့ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ အပြောင်းအရွှေ့ပျက်ပြယ်သွားအပြီးမှာ သူနဲ့ နာပိုလီအသင်းတို့ရဲ့ဆက်ဆံရေးဟာ လုံးဝပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။...

အယ်လ်ဗာရက်ဇ်ကို ရောင်းချတာက မန်စီးတီးအတွက် အမှားအယွင်းဖြစ်သွားနိုင်တယ်လို့ ဂွါဒီယိုလာ ဝန်ခံ

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းထံ ရောင်းချခဲ့တာက မန်စီးတီးအသင်းအတွက် အမှားအယွင်းဖြစ်သွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့(၂)ရာသီအတွင်း ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပွဲကြီးပွဲကောင်းတွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတဲ့အပေါ် စိတ်ပျက်ပြီး အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ အယ်လ်ဗာရက်ဇ်ဟာ...

ဆန်ချိုကို အငှားခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူဖို့အတွက် နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ မန်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အငှားစာချုပ်ကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ ဆန်ချိုကို ပေါင်(၂၃)သန်းဝန်းကျင်နဲ့ မဖြစ်မနေဝယ်ယူဖို့လည်း မန်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ ဆန်ချိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ...

ချယ်လ်ဆီးထံက စတာလင်ကို တစ်ရာသီအငှားခေါ်ယူကြောင်း အာဆင်နယ်အသင်း ကြေညာ

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ ချယ်လ်ဆီးအသင်းကနေ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ခေါ်ယူကြောင်း ကြေညာလိုက်ပါတယ်။ စတာလင်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာရဲ့အစီအစဉ်မှာ မပါဝင်ဘူးလို့ ပြောဆိုခြင်းခံရပြီးနောက် အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ဖြစ်လာခဲ့တာပါ။ အာဆင်နယ်အသင်းဟာ စတာလင်ကို ရာသီအကုန်ထိသာ အငှားစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး...