Day: August 11, 2024

၁၁.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၂၀၂၇ ဇွန်အထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ပါဝင်တယ်လို့ သိရပါတယ်။ Manchester United's Bruno Fernandes celebrates...

အင်္ကျီ စပွန်ဆာမပါဘဲ ပရီးမီးယားလိဂ်ရာသီသစ်ကို ချယ်လ်ဆီးအသင်း စတင်ရဖွယ်ရှိ

ချယ်လ်ဆီးအသင်းဟာ အင်္ကျီစပွန်ဆာမပါဘဲ ပရီးမီးယားလိဂ်ရာသီသစ်ကို (၂)ရာသီဆက်တိုက်အဖြစ် စတင်ရဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းဟာ အင်္ကျီစပွန်ဆာအတွက် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးတာပါ။ ချယ်လ်ဆီးအသင်းဟာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ Infinite Athlete စာသားပါအင်္ကျီစပွန်ဆာကို ဝတ်ဆင်ခဲ့ပြီး တနင်္ဂနွေနေ့...

ဘရာဇီးလ်ကို အနိုင်ယူပြီး အိုလံပစ်အမျိုးသမီးဘောလုံးမှာ (၅)ကြိမ်မြောက်ချန်ပီယံဖြစ်တဲ့ အမေရိကန်

ဘရာဇီးလ်(ဝ-၁)အမေရိကန်(အိုလံပစ်အမျိုးသမီးဘောလုံးဗိုလ်လုပွဲ) အမျိုးသမီးဘောလုံးလောကမှာ နာမည်ကြီးသလောက်အောင်မြင်မှုမရတဲ့ ဘရာဇီးလ်အသင်းနဲ့ အအောင်မြင်ဆုံးအသင်းလို့ သတ်မှတ်နိုင်တဲ့ အမေရိကန်အသင်းတို့ ကစားကြတဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ အမေရိကန်အသင်းအနေနဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ (၅)ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ဝေးကွာနေတဲ့...

အသင်းဟောင်း စပါးနဲ့ Malta Cup ပွဲမှာ ဆုဖလားကိုင်မြှောက်ဖို့ ဟာရီကိန်း ငြင်းဆန်

မနေ့က စပါး(၂-၃) ဘိုင်ယန်မြူးနစ် Malta Cup ပွဲစဉ်မှာ ဘိုင်ယန်မြူးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဆုဖလားကိုင်မြှောက်ဖို့ အခွင့်အရေးရခဲ့ပေမယ့် အသင်းဟောင်း စပါးအသင်းကို လေးစားတဲ့အနေနဲ့ ဆုဖလားကိုင်မြှောက်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက စပါးအသင်းက ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့...

မန်စီးတီး ပယ်နယ်တီကန်တဲ့သူတွေကို အာရုံပြောင်းဖို့ အိုနာနာ လုပ်ခဲ့ပေမယ့် (၁)လုံးသာ ကာကွယ်နိုင်ခဲ့

မနေ့က မန်စီးတီး(၁-၁)မန်ယူနိုက်တက် ပယ်နယ်တီ(၇-၆) ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ မန်စီးတီးအသင်းရဲ့ပယ်နယ်တီကန်တဲ့သူတွေကို အာရုံပြောင်းစေဖို့ ကြိုးစားခဲ့ပေမယ့် ပယ်နယ်တီ(၈)လုံးမှာ (၁)လုံးသာ ကာကွယ်နိုင်ခဲ့ပါတယ်။ အိုနာနာဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးအသင်းရဲ့ပထမဆုံးပယ်နယ်တီကန်သွင်းသူ ဘာနာဒိုဆေးလ်ဗားရဲ့ကန်သွင်းမှုကိုသာ ကာကွယ်နိုင်ခဲ့တာပါ။ အိုနာနာဟာ ရူဘင်ဒီယက်စ်နဲ့ ဟာလန်းကန်သွင်းတဲ့...

၂၀၂၄ ကွန်မြူနတီဒိုင်းပွဲစဉ် မန်စီးတီး(၁-၁)မန်ယူနိုက်တက်ပွဲ Highlight Video

■ မနေ့က ကစားခဲ့တဲ့ ၂၀၂၄ ကွန်မြူနတီဒိုင်းပွဲစဉ် မန်စီးတီး(၁-၁)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ဂါနာချိုသွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး(၈၂ မိနစ်)၊ မန်စီးတီးအသင်းအတွက် ဘာနာဒိုဆေးလ်ဗား ခေါင်းတိုက်သွင်းခဲ့တဲ့ ချေပဂိုး(၈၉ မိနစ်)နဲ့ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမှာ မန်ယူနောက်ခံလူ ဂျွန်နီအီဗန်စ်ရဲ့လွဲချော်မှု၊ မန်စီးတီးအတွက် နောက်ခံလူအကန်ဂျီရဲ့...

ချယ်လ်ဆီးအသင်းအပြောင်းအရွှေ့ပိတ်ပေးဖို့ တောင်းဆိုခံနေရ

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းမှာ ကစားသမားအရေအတွက်များစွာဖောင်းပွနေပြီး ကစားသမား စုစုပေါင်း(၄၅)ဦးအထိ ရှိနေပါတယ်။ ဒီလို ကစားသမားတွေ အဆမတန်များပြားနေပေမယ့် နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေတာကြောင့် ချယ်လ်ဆီးပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ အပြောင်းအရွှေ့တွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို "ကျေးဇူးပြုပြီး...

နိုင်ငံတကာပြိုင်ပွဲ (၇)ခုမှာ ချန်ပီယံဆုတွေရယူပြီး လက်ရှိချန်ပီယံတွေအဖြစ် ရပ်တည်နေတဲ့ စပိန်

လက်ရှိအချိန်မှာ စပိန်အသင်းတွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲ(၇)ခုမှာ ချန်ပီယံဆုတွေရယူဆွတ်ခူးထားပြီး လက်ရှိချန်ပီယံအသင်းတွေအဖြစ် မော်မော်ကြွားကြွားရပ်တည်နိုင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ စပိန်ဘောလုံးလောကအနေနဲ့ နည်းပြဒယ်လာဖွန်တေးကိုင်တွယ်နေတဲ့ အမျိုးသားလက်ရွေးစင်အသင်းသာ အောင်မြင်မှုရတာမဟုတ်ဘဲ အမျိုးသမီးအသင်းရော၊ သက်တမ်းအလိုက်လူငယ်အသင်းတွေပါ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ချန်ပီယံဆုတွေအများအပြား ရယူဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။ စပိန်လက်ရွေးစင်အသင်းကြီး(အမျိုးသား)က ၂၀၂၄ ယူရိုပြိုင်ပွဲ၊ ၂၀၂၂-၂၃...

မန်ယူနိုက်တက်မှာ တစ်ရာသီကစားပြီး တသက်လုံးစိတ်နာသွားတဲ့ ဒီမာရီယာ

Once a Red, always a Red …Once a Blue, always a Blue … ဆိုတဲ့ ဆိုရိုးစကားတွေ ဘောလုံးလောကမှာ ရှိပါတယ်။ ဒီဘောလုံးအသင်းတစ်သင်းမှာ တစ်ခါကစားလိုက်တာနဲ့ ဒီအသင်းကို...