Day: August 19, 2024

လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅၀) ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၃၀၀) ဂိုးပြည့်သွားတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ(၃၅၀)အထိပါဝင်ကစားထားပြီး သူ့ရဲ့ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီး)က (၃၀၀)ဂိုးအထိရှိလာပါတယ်။ ဒါကြောင့် ဒီအသင်းမှာ သူ့ရဲ့တစ်ပွဲပျမ်းမျှ ဂိုးပါဝင်ပတ်သက်မှုက (ဝ.၈၆)ဂိုးနှုန်းအထိ ရှိနေပါတယ်။ ရာသီအဖွင့် ပွဲစဉ်(၁) အစ်ဝစ်ချ်(ဝ-၂)လီဗာပူးလ်ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် လီဗာပူးလ်အသင်းအတွက် ဆာလာရဲ့ဂိုးပါဝင်ပတ်သက်မှုက...

ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့လို့ ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံရ

ပီရူးနိုင်ငံက ပြည်တွင်းဘောလုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အက်သလက်တီကိုအဝါဂျွန်နဲ့ ကန်တိုချီလိုအသင်းတို့ရဲ့Copa Peru ပွဲစဉ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်းက ကစားသမားတစ်ဦးဟာ သူတို့ရရှိမယ့် ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဂိုးမရှိသရေကျနေတဲ့ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၁)မိနစ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်း ထောင့်ကန်ဘောရရှိချိန်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။ ကန်တိုချီလိုအသင်းဂိုးသမားဖြစ်သူ ပယ်နယ်တီဧရိယာအတွင်း...

ဘရန်ဖိုဒ့်-ပဲလေ့စ် ပွဲစဉ်မှာ ဒိုင်လူကြီးက အမှားပြုလုပ်မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အီဇီ ဆို

မနေ့က ဘရန်ဖိုဒ့်(၂-၁)ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အီဇီက သူ့ရဲ့သွင်းဂိုးကို အငြင်းပွားဖွယ်ခွင့်မပြုခဲ့တဲ့အပေါ်မှာ ကွင်းလယ်ဒိုင်လူကြီး ဘာရော့တ်က သူအမှားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အီဇီဟာ ကိုက်(၃၀)အကွာက ပြစ်ဒဏ်ဘောကန်ချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဒီဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိတာပါ။...

အဖေထက် သားတစ်လကြီးတာ မဖြစ်နိုင်ပေမယ့် နည်းပြထက်(၇)နှစ်ကြီးတဲ့ ဂျိမ်းစ်မီလ်နာ

"အဖေထက် သား တစ်လကြီး"ဆိုတဲ့ မြန်မာ စကားရှိပါတယ်။ တကယ်တော့ မဖြစ်နိုင်ပေမယ့် သားဖြစ်သူက အဖေထက် လက်စောင်းထက်နေတာမျိုး၊ ပိုမိုရှေ့ရောက်ပြီး သာလွန်နေတာမျိုးမှာ တင်စားသုံးနှုန်းတဲ့ စကားပါ။ ဒါပေမယ့် .."နည်းပြထက် ကစားသမားက (၇)နှစ်ကြီး"ဆိုတာမျိုးကတော့ အမှန်တကယ်ရှိပါတယ်။ ဘရိုက်တန်အသင်းနည်းပြ...

လာလီဂါပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဘာပေကို ဟာဇက် 2.0 လို့ ပရိသတ်တွေ လှောင်ပြောင်

မနေ့က မာယော့ကာ(၁-၁)ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေကို ပရိသတ်တွေက ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဟောင်း ဟာဇက် 2.0 လို့ ဆိုရှယ်မီဒီယာပေါ်မှာလှောင်ပြောင်ခဲ့ကြပါတယ်။ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာပေဟာ ပွဲဦးထွက်ဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့...

ကြွက်တက်နေလို့ အကူအညီပေးဖို့ ကူကူရယ်လာရဲ့တောင်းဆိုမှုကို ဟာလန်း လျစ်လျူရှု

မနေ့က ချယ်လ်ဆီး(ဝ-၂)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ကြွက်တက်နေလို့ အကူအညီပေးဖို့ ချယ်လ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာရဲ့တောင်းဆိုမှုကို လျစ်လျူရှုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်ပြီးနောက် အောင်ပွဲခံအခမ်းအနားကျင်းပချိန်မှာ သူ့ကိုလှောင်ပြောင်သီဆိုမှုပြုလုပ်ခဲ့တဲ့ ကူကူရယ်လာရဲ့လုပ်ရပ်ကို မမေ့သေးကြောင်းဟာလန်းက ပြသသွားခဲ့တာပါ။ ဒီပွဲမှာ...

ယောကျ်ားချင်း လက်သရမ်းခံရပြီး မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ ဂျေးဆူး

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် အာဆင်နယ်(၂-ဝ)ဝုလ်ဗ်စ်ပွဲမှာ အာဆင်နယ်တိုက်စစ်မှူးဂျေးဆူကတော့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတယ်လို့ ဆိုရမလိုပါပဲ။ ဖြစ်ပုံက ယောကျာ်းချင်းလက်သရမ်းလည်းခံရ၊ အဝါကတ်လည်း ပြခံရဖြစ်ခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်အသင်း(၂-ဝ)ဂိုးနဲ့ အနိုင်ရချိန် ပွဲချိန်(၈၇)မိနစ်မှာ ဂျေးဆူက သူ့ရဲ့ညာဘက်ခြေထောက် ဖိနပ်ထဲမှာ အံမဝင်လို့...

ပရီးမီးယားလိဂ် ပွဲစဥ်(၁) ချယ်လ်ဆီး (၀-၂)မန်စီးတီးပွဲ Highlight Video

■ Video - ပရီးမီးယားလိဂ် ပွဲစဥ်(၁) ချယ်လ်ဆီး (၀-၂)မန်စီးတီးပွဲမှာ မန်စီးတီးအသင်းအတွက် ဟာလန်းသွင်းယူခဲ့တဲ့ဂိုး(၁၈ မိနစ်)နဲ့ ကိုဗာချစ်သွင်းယူခဲ့တဲ့ဂိုး(၈၄ မိနစ်)