Day: August 21, 2024

ကစားသမားဟောင်း ဂွန်ဒိုဂန်ကို ပြန်လည်ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှု အပြည့်အဝရရှိ

မန်စီးတီးအသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ ကွင်းလယ်လူဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းကနေ အလွတ်နဲ့ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုအပြည့်အဝရရှိခဲ့ပြီး ကာလတိုစာချုပ်ချုပ်ဆိုသွားမယ်လို့ The Athletic က ဖော်ပြထားပါတယ်။ ဂွန်ဒိုဂန်ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်က မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ရာသီကြာသာကစားအပြီးမှာ...

PFA နေရာအလိုက် အကောင်းဆုံးအသင်းနဲ့ ပတ်သက်ပြီး မန်ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ မှတ်တမ်းရရှိ

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃-၂၄ ရာသီ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှမပါဝင်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူနိုက်တက်အသင်းဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကလပ်အသင်းက ကစားသမားတစ်ဦးမှမပါဝင်ဘဲ ပထမဆုံးအကြိမ် နှစ်ရာသီဆက်တိုက်ဖြတ်သန်းခဲ့ရတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ...

ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် လူစာရင်းမှာ စတာလင်နဲ့ ဘင်ချီဝဲလ်ကို ချယ်လ်ဆီး ချန်လှပ်

ချယ်လ်ဆီးအသင်းဟာ ဆွစ်ဇာလန်ကလပ် ဆာဗတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် UEFA ထံ လူစာရင်းတင်သွင်းရာမှာ တောင်ပံကစားသမား စတာလင်နဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို ချန်လှပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ဘင်ချီဝဲလ်တို့အပြင် နောက်ခံလူတွေဖြစ်တဲ့ ဖိုဖာနာနဲ့...

PFA နေရာအလိုက် အကောင်းဆုံးအသင်းမှာ ကိုးလ်ပါမားကို ချန်လှပ်ခဲ့တဲ့အပေါ် ပရိသတ်တွေ ဝေဖန်

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမားကို PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ချန်လှပ်ခဲ့တဲ့အပေါ် ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကိုးလ်ပါမားဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ မပါဝင်ခဲ့ပေမယ့် PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တာပါ။...

PFA အကောင်းဆုံးဆုကို လူကြီးဆုရော၊ လူငယ်ဆုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ (၆)ဦး မြောက် ကစားသမား ဖိုဒန်

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ဆုတွေထဲမှာ အဓိကကျတဲ့ဆုနှစ်ခုဖြစ်တဲ့ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)နဲ့ PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men's Young Player of the Year)ကို နှစ်ဆုလုံးရဖူးသူစာရင်းမှာ မန်စီးတီးတောင်ပံကစားသမားဖီးလ်ဖိုဒန်...

ဘာပေကို လစာကြွေးကျန်မပေးရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်ခံရနိုင်တဲ့ PSG

ပြင်သစ်ကလပ် PSG အသင်းနဲ့ တိုက်စစ်မှူးဟောင်း ဘာပေတို့ရဲ့ လစာကြွေးကျန်ကိစ္စဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ အခြေအနေကို ရောက်လာပြီလို့ ဆိုရမှာပါပဲ။ ဒီတင်းမာမှုမှာ ခေါင်းမာနေတဲ့ PSG အသင်းကတော့ စိုးရိမ်စရာအန္တရာယ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထုတ်ခံရနိုင်တာပါပဲ။ PSG...

မန််စီးတီးအနာဂတ်ကို အခုနှစ် ခရစ္စမတ်ကာလမတိုင်မီ ဆုံးဖြတ်ရမယ့် ဂွါဒီယိုလာ

မန်စီးတီးအသင်းနဲ့ စပိန်လူမျိုးနည်းပြဂွါဒီယိုလာတို့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းမှာ ဆက်ရှိမရှိဆိုတာကို ယတိပြတ်ပြတ်သားသားပြောဆိုခြင်းမရှိသေးဘဲ သူ့အနာဂတ်က မရှင်းမလင်းဘဲ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီကုန်က မိမိအနေနဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မန်စီးတီးအသင်းက...

ပရီးမီးယားလိဂ်ရာသီအဖွင့်ဂိုးသွင်းယူနိုင်တဲ့

တတိယမြောက် မန်ယူနိုက်တက်ကစားသမား ဇက်ခ်ဇီ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲတဲ့ နယ်သာလန်တိုက်စစ်မှူးဇက်ခ်ဇီဟာ ပရီးမီးယားလိဂ်ရာသီတစ်ခုမှာ အဖွင့်ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် မန်ယူနိုက်တက်ကစားသမားဖြစ်လာပါတယ်။ အရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဒီလို ပရီးမီးယားလိဂ်ရာသီအဖွင့်ဂိုးသွင်းယူနိုင်တဲ့ မန်ယူနိုက်တက်ကစားသမားက (၂)ဦးသာရှိခဲ့တာပါ။...

ကစားသမားဘဝက အပြီးတိုင်အနားယူပြီးနည်းပြဘဝကို လုံးလုံးကူးပြောင်းတော့မယ့် ဖီးလ်ဂျူံးစ်

မန်ယူနိုက်တက်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ဖီးလ်ဂျူံးစ်က ဘောလုံးသမားဘဝကနေ သူ အပြီးအပိုင်အနားယူပြီး နည်းပြတစ်ဦးဘဝကို လုံးလုံးကူးပြောင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဖီးလ်ဂျူံးစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝမှာ အနှောင့်အယှက်များစွာဖြစ်ခဲ့ရပြီး ပွဲကစားခွင့်များစွာ ဆုံးရှုံးခဲ့သူပါ။ ၂၀၁၁ ခုနှစ်က ဘလက်ဘန်းအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်အသင်းမှာ အဓိကနောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့်...

ဖီးလ်ဖိုဒန်၊ ကိုးလ်ပါမားတို့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ PFA အကောင်းဆုံးကစားသမား ဆုပေးပွဲ

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)ရဲ့ ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲကို အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာကျင်းပခဲ့ပါတယ်။ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)၊ PFA အကောင်းဆုံးလူငယ်ကစားသမားဆုတွေအပြင် အကောင်းဆုံးအမျိုးသမီးဆုတွေ၊ အင်္ဂလန်လိဂ်အတန်းအလိုက် အကောင်းဆုံးဆုတွေကိုလည်း ချီးမြှင့်ခဲ့ပြီး PFA...