Day: August 10, 2024

ဒီလစ်နဲ့ မက်ဇ်ရာအူရီအတွက် ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိ

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်နောက်ခံလူ ဒီလစ်နဲ့ မော်ရိုကိုနောက်ခံလူ မက်ဇ်ရာအူရီကို ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်မစတင်ခင်မှာ ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ သူနဲ့ အိုင်းယက်စ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီကိုခေါ်ယူနိုင်ဖို့...

ခါးပိုက်နှိုက်တွေကို အသင်းညစာစားပွဲဆီ ဖိတ်ခေါ်ပြီး ကစားသမားတွေကို သင်ခန်းစာပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းရဲ့စပိန်လူမျိုးနည်းပြအာတီတာဟာ သူ့အသင်းက ကစားသမားတွေကို ကြံကြံဖန်ဖန် သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ အသင်းကို ပရော်ဖက်ရှင်နယ်ကျကျ ခိုးယူနိုင်တဲ့ ခါးပိုက်နှိုက်အဖွဲ့တစ်ခုကို ဖိတ်ခေါ်ခဲ့ပြီး အာဆင်နယ်ကစားသမားတွေရဲ့အဖိုးတန်ပစ္စည်းတွေကို ခိုးယူစေခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ညစာစားပွဲတစ်ခုမှာ အာတီတာဖိတ်ခေါ်ထားတဲ့ ခါးပိုက်နှိုက်တွေက ကောင်းကောင်းလက်စွမ်းပြခဲ့ကြပြီး ကစားသမားတွေရဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေကို ခိုးယူခဲ့ပါတယ်။...

အသက်(၄၁)နှစ် (၅)လ အရွယ်မှာ ဘောလုံးသမားဘဝက အနားယူသွားတဲ့ ပေပေ

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ဝါရင့်နောက်ခံလူ ပေပေဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ပေပေဟာ အသက်(၄၁)နှစ်(၅)လရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်က သူ ဒုတိယအကြိမ်ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အသက်အကြီးဆုံးစံချိန်များစွာတင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ပါဝင်ကစားပြီး...

မိမိတို့မန်စီးတီးအသင်းက ကစားသမားသစ်တွေခေါ်ယူဖို့ အလျင်စလို မလုပ်ဘူးလို့ ဂွါဒီယိုလာဆို

နွေရာသီအပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုမှာ ငြိမ်သက်နေတဲ့ မန်စီးတီးအသင်းဟာ ကစားသမားသစ်တွေခေါ်ယူဖို့ အလျင်စလိုမလုပ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ဦးသာခေါ်ယူထားပြီး အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အာဂျင်တီးနားကစားသမား အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းထံ ရောင်းချဖို့သဘောတူညီမှုရရှိထားတာပါ။ မန်စီးတီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချခဲ့ပေမယ့် တိုက်စစ်ပိုင်းအတွက်...

အိုလံပစ်(အမျိုးသားဘောလုံး)ဗိုလ်လုပွဲ ပြင်သစ်(၅-၃)စပိန်ပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ အိုလံပစ်(အမျိုးသားဘောလုံး)ဗိုလ်လုပွဲ ပြင်သစ်(၅-၃)စပိန်ပွဲရဲ့ ပွဲချိန်(၁၁)မိနစ်မှာ ပြင်သစ်အသင်းအတွက် မီလော့ သွင်းယူခဲ့တဲ့ဦးဆောင်ဂိုး၊ စပိန်အသင်းအတွက် ပွဲချိန်(၁၈၊ ၂၅)မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဖာမင်လိုပက်ဇ်ရဲ့ဂိုး(၂)ဂိုးနဲ့ ပွဲချိန်(၂၈)မိနစ်မှာ ဖရီးကစ်ကနေ အဲလက်ဘိုင်နာ သွင်းယူခဲ့တဲ့ဂိုး၊...

ဩဂုတ်လ (၁၀) ရက်နေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်မြူနတီဒိုင်းလုပွဲ မန်စီးတီး-မန်ယူနိုက်တက်(10 August 2024/ 8:30 pm) မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းမှမရဖူးသေးတဲ့ (၄)ကြိမ်ဆက်ချန်ပီယံမှတ်တမ်းကို ရယူထားတယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်းနောက်ဆုံး(၄)ကြိမ်ချန်ပီယံအသင်းတွေကို ကြည့်ရင်တော့ မန်စီးတီးအသင်း လုံးဝမပါဝင်တာကိုတွေ့ရလိမ့်မယ်။ နောက်ဆုံး(၃)ရာသီမှာ လက်စတာ၊ လီဗာပူးလ်၊ အာဆင်နယ်အစရှိတဲ့...

အိမ်ရှင်ပြင်သစ်အသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အိုလံပစ်ရွှေဆု တစ်ကျော့ပြန်ရယူခဲ့တဲ့ စပိန်အသင်း

ပြင်သစ်(၃-၅)စပိန် (A.E.T)(ပါရီအိုလံပစ် အမျိုးသားဘောလုံးဗိုလ်လုပွဲ) ပြင်သစ်အိုလံပစ်အသင်းက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ရှုံးပွဲမရှိဘဲ ၂၀၂၄ ပါရီအိုလံပစ်မှာလည်း (၅)ပွဲကစား(၅)ပွဲနိုင် ပေးဂိုး(၁)ဂိုးပဲ ရှိ တဲ့အသင်းဖြစ်ပေမယ့် ချန်ပီယံရွှေဆုအတွက် ကစားရတဲ့ ဗိုလ်လုပွဲမှ စပိန်အသင်းကို (၅)ဂိုးအထိ ပေးပြီးရှုံးခဲ့ရတယ်။ စပိန်အိုလံပစ်အသင်းက...

မန်ယူနိုက်တက်ပရိသတ်တွေကို ကတိပေးခဲ့တဲ့ အန်တိုနီကို Dominos Pizza လှောင်ပြောင်

Dominos Pizza ဟာ ရာသီသစ်မတိုင်ခင် မန်ယူနိုက်တက်အသင်းပရိသတ်တွေကို ကတိပေးမှု ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ပါတယ်။ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့က အိုင်းယက်စ်အသင်းကနေ ပေါင်(၈၅.၅)သန်းနဲ့ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ နှစ်ရာသီစလုံးခြေစွမ်းပြသနိုင်ခြင်းမရှိလို့...

လိုက်ပ်ဇစ်ထံက အော်လ်မိုကို (၆)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဘာစီလိုနာ ထုတ်ပြန်ကြေညာ

ဘာစီလိုနာအသင်းဟာ စပိန်ကွင်းလယ်ဖန်တီးရှင် ဒါနီအော်လ်မိုကို လိုက်ပ်ဇစ်အသင်းကနေ (၆)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက် ဒါနီအော်လ်မိုကို ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ယူရိုသန်း(၅၀၀)ထည့်သွင်းခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ဒါနီအော်လ်မိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ...