Day: August 7, 2024

နာမည်စာလုံးပေါင်းအမှားနဲ့ တစ်သက်လုံးလူသိများခဲ့တဲ့ ကက်စီမီရို

မန်ယူနိုက်တက်အသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုက သူ့ရဲ့နာမည်အရင်းဟာ လက်ရှိအများဖော်ပြနေသလို CASEMIRO မဟုတ်ဘဲ CASIMIRO ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နာမည်မှာ စာလုံးပေါင်းမှားရေးထားတာကို အရင်က အမှုမဲ့အမှတ်မဲ့ထားခဲ့ရာကနေ နောက်ပိုင်း စာလုံးပေါင်းအမှားနဲ့ နာမည်က လူသိများပြီး ဒါကိုပဲ သုံးစွဲနေကြတယ်လို့ ကက်စီမီရိုက...

Nation League ပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ယာယီနည်းပြအဖြစ် လီကာစလေကို ခန့်အပ်ဖွယ်ရှိ

အဲဗာတန်ကစားသမားဟောင်း လီကာစလေဟာ စက်တင်ဘာထဲမှာ ယှဉ်ပြိုင်မယ့် Nations League ပွဲတွေကို ကိုင်တွယ်ဖို့ အင်္ဂလန်အသင်းရဲ့ယာယီနည်းပြအဖြစ်ခန့်အပ်ခံရဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်အသင်းဟာ စက်တင်ဘာမှာ Nations League B အုပ်စုပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ရှိနေတာပါ။ အင်္ဂလန်အသင်းနည်းပြဟောင်း...

ပြဿနာတွေရှိခဲ့ပေမယ့် ချယ်လ်ဆီး ဒု-အသင်းခေါင်းဆောင်အဖြစ် အန်ဇို ခန့်အပ်ခံရဖွယ်ရှိ

အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ ၂၀၂၄-၂၅ ရာသီသစ်အတွက် ချယ်လ်ဆီးအသင်းရဲ့ဒုအသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခန့်အပ်ကြောင်း အတည်ပြုပုံပေါ်ခဲ့ပါတယ်။ ဒီမနက်က ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ ချယ်လ်ဆီးအသင်းအရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်ဟာ နောက်ခံလူ ရီးစ်ဂျိမ်းစ်ထံကနေ အသင်းခေါင်းဆောင်လက်ပတ်ကို ရယူခဲ့တာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ...

ဘာစီလိုနာအသင်းဖော်တွေအပေါ် အပြစ်တင်တဲ့စကား ပြိုင်ဘက်ကို ပြောမိလို့ ဝေဖန်ခံနေရတဲ့ ဂွန်ဒိုဂန်

ဘာစီလိုနာအသင်းရဲ့ဂျာမန်လက်ရွေးစင်ကွင်းလယ်လူဂွန်ဒိုဂန်ဟာ အမေရိကန်နိုင်ငံမှာ ကစားခဲ့တဲ့ ဘာစီလိုနာ(၂-၁)ရီးရဲလ်မက်ဒရစ်ခြေစမ်းပွဲအပြီးမှာ အသင်းဖော်ဘာစီလိုနာကစားသမားတွေကို ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့ပါတယ်။ ဒီပြစ်တင်တဲ့စကားကို ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားတစ်ဦးဆီကို ပြောဆိုခဲ့တာကြောင့် ဘာစီလိုနာပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ သူ့ကို ဝေဖန်နေကြကြောင်း သိရပါတယ်။ ဘာစီလိုနာ ကစားသမားတချို့ဟာ ဘောလုံးကို ဦးနှောက်သုံးမကစားဘူးလို့ ဂွန်ဒိုဂန်က...

မန်ယူနိုက်တက် ကစားသမားဘဝကို ဒီလိုမစတင်ချင်ဘူးလို့ ခွဲစိတ်ပြီးနောက် ယိုရို ဆို

မန်ယူနိုက်တက်အသင်းနောက်ခံလူသစ် ယိုရိုဟာ ခြေချင်းဝတ်ကို အောင်မြင်စွာခွဲစိတ်မှုခံယူပြီးနောက် မန်ယူနိုက်တက်ကစားသမားဘဝကို ဒီလို မစတင်ချင်ဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ယိုရိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလကမှ လိုင်လီအသင်းကနေ ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲသာပါဝင်ကစားခဲ့ရပြီးနောက် ဒဏ်ရာရရှိသွားကာ (၃)လကြာအနားယူရတော့မှာပါ။ ယိုရိုဟာ အာဆင်နယ်အသင်းနဲ့...

“သွားကျဲကို သတိထား” ဆိုပြီး သရဲကားထဲက ပြကွက်နဲ့ ဖူလ်ကုကို ကြေညာခဲ့တဲ့ ဝက်စ်ဟမ်းအသင်း

၀က်စ်ဟမ်းအသင်းဟာ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူးဖူလ်ကုကို ဒေါ့မွန်အသင်းထံကနေ ပြောင်းရွှေ့ကြေးပေါင် (၂၃)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာကနေ အပြောင်းအရွှေ့ကို ကြေညာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ X မှာ ကြေညာထားတဲ့ ဗီဒီယိုဖိုင်ကတော့ ထူးခြားနေလို့ ပရိသတ်တွေကြားထဲမှာ ပြောစရာဖြစ်နေပါတယ်။ (၅)စက္ကန့်သာကြာတဲ့ ဒီ...

ဟာလန်းရဲ့ဆံပင်ပုံစံအတိုင်း ဒီဘရိုင်းနားလိုက်လုပ်ခဲ့တယ်လို့ ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ ဖော်ပြ

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ မန်စီးတီးအသင်းထံ ပြန်ရောက်ရှိလာချိန်မှာ ပြောင်းလဲလာခဲ့တဲ့ ဆံပင်ပုံစံကြောင့် ပရိသတ်တွေက အသင်းဖော်တိုက်စစ်မှူး ဟာလန်းရဲ့ဆံပင်ပုံစံအတိုင်း ပြုလုပ်လာခဲ့တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီးနောက် အနားယူမှုပြုလုပ်ကာ အခုမှ...

ဥရောပ(၂)သင်းကို အနိုင်ယူပြီး အမေရိကန်နဲ့ ဘရာဇီးလ်ဗိုလ်လုပွဲမှာ တွေ့မယ့် အိုလံပစ် (အမျိုးသမီး ဘောလုံး) ပြိုင်ပွဲ

အမေရိကန်(၁-ဝ)ဂျာမနီဘရာဇီးလ်(၄-၂)စပိန် (အိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်) ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အမေရိကန်အသင်းနဲ့ နာမည်ကြီးဘရာဇီးလ်အသင်းတို့က ဂျာမနီ၊ စပိန်အသင်းတို့ကို အသီးသီးအနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြင်သစ်နဲ့စပိန် ဥရောပအသင်းနှစ်သင်း All European Final...

တစ်ပွဲကစား ဖလားတစ်လုံးရမယ့် အခွင့်အရေးနဲ့ ရီးရဲလ်ကစားသမားသစ် အမ်ဘတ်ပေ

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီက ပြင်သစ်တိုက်စစ်မှူးဘာပေကို ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲအဖြစ် ဥရောပစူပါဖလားပွဲမှာ စပြီး ကစားစေမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲဦးထွက်ပွဲမှာပဲ ဒီအသင်းနဲ့အတူ ဆုဖလားတစ်လုံး ပထမဆုံးကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးရှိလာပါတယ်။ အန်ဆယ်လော့တီက Mundo Deportivo သတင်းစာနဲ့...

ဂျာမန် အကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးခဲ့တဲ့ တိုနီကရုးစ်

၂၀၂၄ ခုနှစ်အတွက် ဂျာမန်အကောင်းဆုံးဘောလုံးသမားဆုကို ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်က ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ တိုနီကရူးစ်ဟာ ဒီဆုကို ၂၀၁၈ ခုနှစ်က တစ်ကြိမ်ဆွတ်ခူးခဲ့ဖူးတာကြောင့် ဒီနှစ်မှာ ဒုတိယအကြိမ်ရရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ တိုနီကရူးစ်ဟာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီး ကလပ်အသင်းကစားသမားဘဝကိုရော၊...