Day: August 26, 2024

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီထံ အိုစီမန် ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

ချယ်လ်ဆီးအသင်းအပါအဝင် အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြတ်ခဲ့တဲ့ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက နာပိုလီအသင်းနဲ့ အယ်လ်အာလီအသင်းတို့ဟာ အိုစီမန်အတွက် ပြောင်းရွှေ့ကြေးယူရို(၆၅)သန်းကျော်တန်ကြေးရှိတဲ့ သဘောတူညီချက်ပြီးဆုံးလုနီးပါးဖြစ်နေပြီလို့ ဖော်ပြထားတာပါ။ အိုစီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကနေ ထွက်ခွာချင်နေပြီး...

ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဝုလ်ဗ်စ်(၂-၆)ချယ်လ်ဆီးပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဝုလ်ဗ်စ်(၂-၆)ချယ်လ်ဆီးပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲချိန်(၉၈)စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဂျက်ဆန်ရဲ့အဖွင့်ဂိုး၊ ဝုလ်ဗ်စ်အသင်းအတွက် ကူညာရဲ့ချေပဂိုး(၂၇ မိနစ်)၊ ပွဲချိန်(၄၅)မိနစ်မှာ ချယ်လ်ဆီးအသင်းအတွက် ကိုးလ်ပါမားရဲ့ဦးဆောင်ဂိုးနဲ့ (၄၅+၆)မိနစ်မှာ ဝုလ်ဗ်စ်အသင်းအတွက် လာဆင်ရဲ့ချေပဂိုး၊...

နယူးကာဆယ်နဲ့ပွဲက ဘုန်းမောက်ရဲ့အနိုင်ဂိုးကို ငြင်းပယ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကို အီရာအိုလာ ဝေဖန်

မနေ့က ဘုန်းမောက်(၁-၁)နယူးကာဆယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသွင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဒန်ဂိုရဲ့ထပ်ဆောင်းအချိန်ပိုမှာသွင်းယူတဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက ဝေဖန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဒန်ဂိုဟာ ဘောလုံးကိုလက်နဲ့ထိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အီရာအိုလာကတော့ ဘောလုံးကိုပခုံးနဲ့ ထိခဲ့တယ်လို့...

လီဗာပူးလ်-ဘရန်ဖိုဒ့်ပွဲမှာ လူစားလဲခံရတဲ့ အာနိုးလ်ရဲ့စိတ်ပျက်မှုကို မိမိနားလည်တယ်လို့ အာနီဆလော့ဆို

မနေ့က လီဗာပူးလ်(၂-ဝ) ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်နောက်ခံလူ အာနိုးလ်ဟာ လူစားလဲခံရပြီးနောက် စိတ်ပျက်နေတာကို သူနားလည်တယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၂)မှာ ဘရက်ဒလေနဲ့ လူစားလဲခံရပြီးနောက် အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။ လီဗာပူးလ်အသင်းနည်းပြ...

၂၀၂၄ ခုနှစ်အတွင်း ဂိုးအခွင့်အလမ်းအများဆုံးဆုံးရှုံးတဲ့အသင်းအဖြစ် ဦးဆောင်နေတဲ့လီဗာပူးလ်

၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးရနိုင်တဲ့ ကြီးမားတဲ့အခွင့်အလမ်း(Big Chance)တွေကို အများဆုံး ဆုံးရှုံးတဲ့အသင်းအဖြစ် လီဗာပူးလ်အသင်းက ထိပ်ဆုံးက ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။ အခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းရဲ့ဂိုးအခွင့်အလမ်းဆုံးရှုံးမှုက (၄၇)ကြိမ်အထိရှိနေပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် (၈)ကြိမ်အထိ ပိုမိုများပြားနေတာပါ။ ဒုတိယနေရာမှာ...

ပရီးမီးယားလိဂ်ပွဲစဉ်(၂) လီဗာပူးလ် (၂-၁) ဘရန့်ဖို့ဒ်ပွဲ Highlight Video

■ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) လီဗာပူးလ် (၂-၁) ဘရန့်ဖို့ဒ်ပွဲမှာ လီဗာပူးလ်အတွက် ပွဲချိန် (၁၃)မိနစ်မှာ ဒီယက်ဇ်သွင်းယူခဲ့တဲ့ဦးဆောင်ဂိုးနဲ့ ပွဲချိန်(၇၀)မိနစ်မှာ ဆာလာသွင်းယူခဲ့တဲ့ ဒုတိယဂိုး။

ပရီးမီးယားလိဂ်မှာ (၁၀)ရာသီဆက်တိုက် ဂိုးသွင်းတဲ့မှတ်တမ်းတစ်ခုရခဲ့တဲ့ ဆွန်ဟောင်မင်

စပါးအသင်းခေါင်းဆောင် တောင်ကိုရီးယားတောင်ပံတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ မနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) စပါး(၄-ဝ)အဲဗာတန်ပွဲစဉ်မှာ အသင်းအတွက် ဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ (၁၀)ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၁၅ နွေရာသီမှာ လေဗာကူဆင်အသင်းကနေ စပါးအသင်းကို ပေါင်(၂၂)သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး...

အသက်(၂၃)နှစ်မပြည့်ခင် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၁၀၀)ပြည့်တဲ့ စတုတ္ထမြောက် ကစားသမား ဆာကာ

မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၂) အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ်ပွဲမှာ အာဆင်နယ်အသင်းအနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာဟာ ပရီးမီးယားလိဂ်မှာနိုင်ပွဲ(၁၀၀)ပြည့်ခဲ့ပါတယ်။ အသက်(၂၂) နှစ်၊ (၁၁)လအရွယ်ရှိတဲ့ ဆာကာအနေနဲ့ အသက်(၂၃)နှစ်မပြည့်ခင်မှာ ဒီမှတ်တမ်းကိုရရှိတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။ ဆာကာဟာ ၂၀၁၈-၁၉ ရာသီက စပြီး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး (၇)ရာသီအတွင်း...

(၉၀+) မိနစ် ပေးဂိုးတွေနဲ့ မကြာခဏ ကံဆိုးမိုးမှောင်ကျနေတဲ့ မန်ယူနိုက်တက်အသင်း

မန်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ ဘရိုက်တန်အသင်းကို မိနစ်(၉၀)နောက်ပိုင်းပေးခဲ့ရတဲ့ (၉၀+၅)မိနစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၂၂-၂၃ ရာသီအစက စပြီး ပရီးမီးယားလိဂ်မှာ (၉၀)မိနစ်နောက်ပိုင်း ထပ်ဆောင်းအချိန်ပိုမှာ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ ရှုံးနိမ့်နေတာ ဒီပွဲအပါအဝင် (၆)ပွဲအထိ ရှိနေပြီဖြစ်ပါတယ်။...