Day: August 30, 2024

အာဆင်နယ်အသင်းနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ ကစားသမားသစ် မယ်ရီနို ဒဏ်ရာရ

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။ မယ်ရီနိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာရခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမယ်လို့လည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။...

ဆမ်ဒိုးရီးယားအသင်းကို တစ်ရာသီသာ ကိုင်တွယ်အပြီးမှာ နည်းပြရာထူးက ပီယာလို ထုတ်ပယ်ခံရ

အီတလီကွင်းလယ်လူဟောင်း ပီယာလိုဟာ စီးရီးဘီကလပ် ဆမ်ဒိုးရီးယားအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဆမ်ဒိုးရီးယားအသင်းဟာ ရာသီအစ စီးရီးဘီပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၁)ပွဲသရေ၊(၂)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၈)နေရာကို ရောက်ရှိနေတာကြောင့် နည်းပြ ပီယာလိုကို ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ပီယာလိုဟာ ဆမ်ဒိုးရီးယားအသင်း...

လူငယ်အများစုကိုရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေကို ပရိသတ်တွေ ချီးကျူး

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေဟာ စက်တင်ဘာထဲမှာကစားမယ့် UEFA Nations League ပွဲစဉ်တွေအတွက် သူ့ရဲ့ပထမဆုံးလူစာရင်းမှာ လူငယ်ကစားသမားတွေကို ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ ပရိသတ်တွေအချို့က လီကာစလေကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ထံ တောင်းဆိုမှုခဲ့ကြပါတယ်။ လီကာစလေဟာ လူငယ်ကစားသမားတွေဖြစ်တဲ့...

ဒဏ်ရာကြောင့် မေဆန်မောင့် ပွဲစဉ်အနည်းငယ်လွဲချော်မယ်လို့ မန်ယူနိုက်တက် အတည်ပြု

အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ကလပ်အသင်းရဲ့ပွဲစဉ်အနည်းငယ်ကို လွဲချော်မယ်လို့ မန်ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ မေဆန်မောင့်ဟာ မန်ယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာခံစားခဲ့ရတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာပါ။ မေဆန်မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက...