Day: August 20, 2024

နီကိုဝီလီယံစ်ကို ခေါ်ယူမှု အဆင်မပြေပြီးနောက် ရာဖယ်လ်လီယိုကို ခေါ်ယူဖို့ ဘာစီလိုနာ ပစ်မှတ်ထား

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့အဆင်မပြေခဲ့ပြီးနောက် အေစီမီလန်တောင်ပံကစားသမား ရာဖယ်လ်လီယိုကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အခြားရွေးချယ်စရာတွေကို ရှာဖွေနေခဲ့တာပါ။ ရာဖယ်လ်လီယိုဟာ နွေရာသီအပြောင်းအရွှေ့ကာလဈေးကွက်မပိတ်ခင်မှာ ဘာစီလိုနာအသင်းရဲ့အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်လို့...

ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ဖို့ ကစားသမားတွေကို ကာရေဂါ တိုက်တွန်း

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါက ကစားသမားတွေအနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို ရပ်တန့်ကြဖို့တိုက်တွန်းသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်ကို ပေါင်(၄၆)သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီးနောက် ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့အပြောင်းအရွှေ့မူဝါဒကို ဝေဖန်ခဲ့ပြီး ကစားသမားတွေကိုလည်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို...

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်ခဲ့ပြီး ရာသီအဖွင့်ပွဲတိုင်း ဂိုးသွင်းတဲ့ ဟာလန်း

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်(၁) ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်သွားခဲ့ပါတယ်။ ဟာလန်းဟာ ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းမှာ စတင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးသွင်းလေ့ရှိတဲ့သူ့ရဲ့အစဉ်အလာကို အပျက်မခံဘဲ ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ ချယ်လ်ဆီးအသင်းဘက်ကို ပွဲချိန်(၁၈)မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။...

မန်စီးတီးကို ပြန်မယ်လို့ သတင်းတွေထွက်နေချိန်မှာ ဂျာမနီအသင်းက အနားယူလိုက်တဲ့ ဂွန်ဒိုဂန်

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဂွန်ဒိုဂန်(၃၃ နှစ်)က ဂျာမနီလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ၂၀၁၁ ခုနှစ်က စတင်ကစားခဲ့ပြီး နိုင်ငံတကာကစားသမားဘဝ(၁၃)နှစ်အတွင်း နိုင်ငံတကာပွဲ(၈၂)ပွဲကစားခဲ့ပြီး (၁၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ တူရကီနွယ်ဖွား...

ကွင်းအတွင်း ကြမ်းတမ်းမှုတွေ၊ ရမ်းကားမှုတွေ မပြီးဆုံးသေးတဲ့ တူရကီ ဘောလုံးလောက

တူရကီဘောလုံးလောကဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီအတွင်း ဘောလုံးကွင်းအတွင်း ဒိုင်လူကြီးကို အသင်းပိုင်ရှင်က တိုက်ခိုက်မှု၊ ကစားသမားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှု၊ ကစားသမားတွေကို ပြိုင်ဘက်ပရိသတ်တွေက တိုက်ခိုက်မှု အစရှိတဲ့ ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေကြောင့် နာမည်ပျက်ခဲ့ရပါတယ်။ ဒီလို ဆိုးရွားတဲ့အဖြစ်အပျက်တွေရှိခဲ့တဲ့ တူရကီဘောလုံးလောကအနေနဲ့ ဒီရာသီမှာလည်း ဒီလို...

လက်စတာ-စပါးပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်မိပြီး စပါးကွင်းလယ်လူ ဘန်တန်ကာ သတိလစ်သွားခဲ့

မနေ့က လက်စတာ(၁-၁)စပါး ပရီးမီးယားလိဂ်ပွဲမှာ စပါးကွင်းလယ်လူ ဘန်တန်ကာဟာ လက်စတာကစားသမား ဖာတာဝူနဲ့ထိခိုက်မိပြီး ကွင်းပြင်ကို ထမ်းစင်နဲ့ သယ်ထုတ်မသွားခင်သတိလစ်သွားခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲချိန်မိနစ်(၇၀)မှာ ဖြစ်ခဲ့တဲ့ စိုးရိမ်စရာမြင်ကွင်းတွေမှာ ဆေးအဖွဲ့ဝင်တွေဟာ ဘန်တန်ကာကို ကွင်းအတွင်းဆေးကုသမှုတွေပြုလုပ်ခဲ့တာကြောင့် ပွဲကစားချိန်(၈)မိနစ်ခန့်နှောင့်နှေးခဲ့ရတာပါ။ ဘန်တန်ကာကို ဆေးကုသမှုပြုလုပ်ချိန်မှာ အောက်‌ဆီဂျင်ပါပေးခဲ့ရပြီး...

နိုင်ငံအသင်းကို အိုလံပစ်မှာ ငွေတံဆိပ်ယူပေးပြီးနောက် ပြင်သစ် ယူ-၂၁ နည်းပြရာထူးက အွန်နရီ နုတ်ထွက်

ပြင်သစ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီဟာ ပြီးခဲ့တဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ငွေတံဆိပ်ရရှိအောင်ကိုင်တွယ်ပေးခဲ့ပြီးနောက် ပြင်သစ်ယူ-၂၁ အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့ပါတယ်။ အသက်(၄၇)နှစ်အရွယ်ရှိ အွန်နရီဟာ ပြင်သစ်ယူ-၂၃ အသင်းကို ပါရီအိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် စပိန်အသင်းကို အချိန်ပိုမှာ(၃-၅)ဂိုးနဲ့ အရေးနိမ့်ပြီး ငွေတံဆိပ်သာရရှိခဲ့တာပါ။...

ပြီးခဲ့တဲ့ရာသီက အဲဗာတန်လို ရမှတ်လျှော့ပြစ်ဒဏ် (၂)ကြိမ်တိုင် ကျခံရနေနိုင်တဲ့ လက်စတာအသင်း

ဒီနေ့ညမှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကစားရမယ့် လက်စတာအသင်းအနေနဲ့ ပထမဆုံးပွဲကို မနွှဲခင်မှာပဲ သူတို့ပရိသတ်တွေကို စိုးရိမ်သောကများစေမယ့် သတင်းဆိုးတစ်ခုက ရောက်ရှိလာပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ရမှတ်လျှော့ပြစ်ဒဏ်(၂)ကြိမ်တိုင် ချမှတ်ခံရတဲ့အဲဗာတန်အသင်းလိုပဲ ရမှတ်(၂)ကြိမ်လျှော့ ပြစ်ဒဏ်ကျခံရမယ့် အန္တရာယ်ရှိနေကြောင်း...

အန်ဇိုဖာနန်ဒက်ဇ် ချယ်လ်ဆီးအသင်းခေါင်းဆောင် လက်ပတ်ဝတ်ခဲ့ခြင်း နောက်ဆက်တွဲဂယက်များ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားခဲ့တာကို ပရိသတ်တချို့က ဒေါသထွက်ခဲ့ကြပါတယ်။ ချယ်လ်ဆီးနည်းပြအန်ဇိုမာရက်စကာက အန်ဇိုဖာနန်ဒက်ဇ်ကို ဒီလိုတာဝန်ပေးခဲ့ခြင်းအတွက် ဆိုရှယ်မီဒီယာမှာ ပရိသတ်တချို့က ဒေါသတကြီးဝေဖန်ရေးသားခဲ့ကြပါတယ်။ ဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းက...