Day: August 12, 2024

ဘာစီလိုနာအပါအဝင် အသင်းကြီးတွေရဲ့ပစ်မှတ် နီကိုဝီလီယံစ်ကို ဘီလ်ဘာအို နံပတ်(၁၀)ပေးခဲ့

ဘီလ်ဘာအိုအသင်းဟာ စပိန်ကြယ်ပွင့် နီကိုဝီလီယံစ်ကို ရာသီသစ်အတွက် ကျောနံပတ်(၁၀)ပေးခဲ့ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။ နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းအပါအဝင် ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းမှာပဲ ဆက်ပြီးရှိနေနိုင်တာပါ။ နီကိုဝီလီယံစ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့...

တတိယအကြိမ် ရမှတ်လျှော့ပြစ်ဒဏ်ကြောင့် ရာသီသစ်ကို အနုတ်ရမှတ်နဲ့ အဲဗာတန်အသင်း စတင်ရမလား

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲက ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း(PSR-Profitability and Sustainability Rules)ကို ချိုးဖောက်နိုင်ဖွယ်ရှိတဲ့ အနေအထားတွေထပ်မံတွေ့ရှိရတာကြောင့် ရမှတ်လျှော့ပြစ်ဒဏ်ထပ်မံကျခံရဖွယ်ရှိနေကြောင်း သတင်းတွေထွက်နေပါတယ်။ အဲဗာတန်အသင်းအနေနဲ့ သတ်မှတ်ထားတဲ့အရှုံးငွေပမာဏထက် ပေါင်(၆.၅)သန်းပိုများနေတဲ့ အနေအထားကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး စည်းမျဉ်းတွေအရ ရမှတ်လျှော့ပြစ်ဒဏ်ကို ထပ်မံရင်ဆိုင်ရဖွယ်ရှိနေတာပါ။ ဒါကြောင့်...

ဗြိတိန်အဆိုတော် နိုဝဲလ်ဂယ်လက်ဂါရဲ့ လက်ရေးနဲ့ တွေ့ရမယ့် မန်စီးတီးအသင်း အင်္ကျီ ကျော်နံပါတ်နဲ့ အမည်များ

မနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် မန်စီးတီး(၁-၁)မန်ယူနိုက်တက်ပွဲမှာ မန်စီးတီးအသင်းအင်္ကျီနောက်ကျောက ကျောနံပါတ်တွေနဲ့ ကစားသမားနာမည်တွေက ပုံမှန်စာလုံးတွေ မဟုတ်ဘဲ ထူးခြားနေတာကို တွေ့ရပါလိမ့်မယ်။ အင်္ကျီကျောနံပါတ်နဲ့ နာမည်စာလုံး Font တွေက ကွန်ပြူတာ စာလုံး Font လိုမဟုတ်ဘဲ လက်ရေးနဲ့ရေးထားသလို...

စာချုပ်သစ် ကမ်းလှမ်းခြင်း မခံထားရလို့ ဗန်ဒိုက်ရဲ့ လီဗာပူးလ်အနာဂတ် မရေမရာဖြစ်နေ

ဒတ်ခ်ျနောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းခြင်းမခံထားရလို့ သူ့ရဲ့လီဗာပူးလ်အသင်းအနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။ ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ရင် ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာရမှာပါ။ ဗန်ဒိုက်ဟာ နည်းပြသစ် အာနီဆလော့လက်ထက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဆီဗီလာအသင်းကို (၄-၁)ဂိုးနဲ့...

နာပိုလီကနေ ထွက်ခွာဖို့ အိုစီမန် တောင်းဆိုထားတယ်လို့ ကလပ်ဒါရိုက်တာ အတည်ပြု

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ ကလပ်ဒါရိုက်တာ ဂျီအိုဗန်နီမန်နာက အတည်ပြုခဲ့ပါတယ်။ အိုစီမန်ကို ခေါ်ယူဖို့ PSG၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် သူ့အတွက် နာပိုလီအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခုထိ အပြောင်းအရွှေ့မဖြစ်သေးတာပါ။...

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကွန်မြူနတီဒိုင်းဆုရအသင်းတွေ ပရီးမီးယားလိဂ်မှာ ဘယ်လောက် % ဗိုလ်စွဲခဲ့သလဲ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း (၂၀၁၄ ကနေ ၂၀၂၃ အထိ) ကွန်မြူနတီဒိုင်းဆုဆွတ်ခူးခဲ့တဲ့အသင်းတွေအနေနဲ့ (ဒိုင်းဆုရတဲ့ရာသီ) ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်လောက်အထိ ချန်ပီယံဖြစ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရင် အလွန်အံအားသင့်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ၂၀၁၈-၁၉ ရာသီ ကွန်မြူနတီဒိုင်းချန်ပီယံမန်စီးတီးအသင်းက...

အင်္ဂလန်ပြည်တွင်းလိဂ် (၉၂)သင်းထဲမှာ စိုးရိမ်သောကအနည်းဆုံး မန်စီးတီး ပရိသတ်

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ဘောလုံးလိဂ်အတန်း(၄)ခုက အသင်း(၉၂)သင်းမှာ ဘယ်အသင်းပရိသတ်တွေက စိုးရိမ်သောကအများဆုံးလဲဆိုတာကို ဘောလုံးခန့်မှန်းချက်တွေကို ထုတ်ပြန်နေတဲ့ OLBG ဝက်ဘ်ဆိုက်က တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးကနေ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက ရမှတ်(၈.၀၄)မှတ်နဲ့ စိုးရိမ်သောကအများဆုံးပရိသတ်တွေအဖြစ် ရပ်တည်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးလိဂ်(၉၂)သင်းမှာ...