Day: August 13, 2024

ရီးရဲလ်မက်ဒရစ်မှာ ရနေတာထက်(၁၃)ဆ ပိုများတဲ့လစာနဲ့ ဗင်နီစီယပ်စ်ကို ဆော်ဒီ ကမ်းလှမ်း

ဆော်ဒီပရိုလိဂ်အကြီးအကဲတွေဟာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်ရှိသူရနေတဲ့ လစာထက်(၁၃)ဆပိုမိုများပြားတဲ့ လစာနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ စီရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ ကွန်တေတို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီစီယပ်စ်ကို ခေါ်ယူနိုင်ဖို့ပါ ကြိုးပမ်းလာတာပါ။...

အပြောင်းအရွှေ့ပျက်ပြယ်နိုင်တာကြောင့် ဂယ်လက်ဂါကို အင်္ဂလန်ပြန်လာဖို့ ချယ်လ်ဆီး တိုက်တွန်း

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို အင်္ဂလန်ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂယ်လက်ဂါဟာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှုခံယူပြီးဖြစ်သလို မက်ဒရစ်မှာ(၅)ရက်ကြာရှိခဲ့ပေမယ့် အခုအချိန်အထိ အပြောင်းအရွှေ့မဖြစ်သေးတာပါ။ ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဂယ်လက်ဂါအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၃.၇)သန်းနဲ့...

လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီး ဆိုစီဒက်မှာ ဇူဘီမန်ဒီ ဆက်ရှိမယ်လို့ သတင်းထွက်ပေါ်

ဒီနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီဟာ လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီး ငယ်ဘဝကလပ် ဆိုစီဒက်အသင်းမှာ ဆက်ရှိမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ငြင်းပယ်ခဲ့ဖူးတဲ့ ဇူဘီမန်ဒီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်တာကြောင့် လီဗာပူးလ်အသင်းက သူ့ကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုတွေရှိခဲ့တာပါ။...

အိုမိုရိုဒီယန် အပြောင်းအရွှေ့ပျက်ပြယ်၊ဂျော်အိုဖီးလစ်အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကို ဆွေးနွေး

ချယ်လ်ဆီးအသင်းနဲ့ စပိန်တိုက်စစ်မှူး အိုမိုရိုဒီယန်ရဲ့အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တဲ့အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ပေါ်တူဂီကြယ်ပွင့် ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ အိုမိုရိုဒီယန်ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ လန်ဒန်ကို လာရောက်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ မက်ဒရစ်ကို ပြန်သွားရတော့မှာပါ။ အိုမိုရိုဒီယန်ရဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပေမယ့် ချယ်လ်ဆီးနဲ့...

ကစားသမားတစ်ဦးကို ကြမ်းတမ်းစွာဆဲဆိုနေတဲ့ ရုပ်သံကြောင့် ဝေဖန်ခံနေရတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီဟာ သူ့ရဲ့အသင်းဟောင်း ဘန်လေမှာ ကစားသမားတစ်ဦးကို ကြမ်းကြမ်းတမ်းတမ်း အဆက်မပြတ်ဆဲဆိုနေတဲ့ရုပ်သံကြောင့် ပရိသတ်တွေရဲ့ပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါတယ်။ ကွန်ပနီဟာ ဘန်လေအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဘန်လေကစားသမားတစ်ဦးဖြစ်သူ အိုက်စလန်ကွင်းလယ်လူဂျိုဟန်ဘတ်ဂူမန်ဆန်ကို နောက်ကလိုက်ပြီး ဆဲဆိုတဲ့စကားလုံးတွေ(၁၅)ကြိမ်တိုင်တိုင်သုံးပြီး ဆူပူကြိမ်းမောင်းခဲ့တာပါ။ နာမည်ကြီးရုပ်သံ Sky က ဘန်လေအသင်းအကြောင်း ရိုက်ကူးဖော်ပြတဲ့...

Laughing Gas ရှုနေတဲ့ ရုပ်သံအတွက် ပြန်တောင်းပန်ခဲ့ရတဲ့ ဘစ်ဆူးမား

စပါးအသင်းကွင်းလယ်လူ ဘစ်ဆူးမားဟာ laughing gas ရှူရှိုက်နေတဲ့ ရုပ်သံကို သူ့ရဲ့Snapchat မှာ တင်ခဲ့ခြင်းအတွက် ပြန် တောင်းပန်ခဲ့ပတယ်။ ဘစ်ဆူးမားရဲ့လုပ်ရပ်ဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်အချိန်မှာ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးနဲ့ အသင်းတာဝန်ရှိသူ​တွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ဘစ်ဆူးမားဟာ ဒီအဖြစ်အပျက်အတွက်...

အိမ်ကွင်းအန်ဖီးလ်မှာ တစ်ရက်တည်း ခြေစမ်းပွဲ(၂)ပွဲ ကစားခဲ့တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ ရာသီကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲတွေကစားလျက်ရှိနေရာမှာ နောက်ဆုံးခြေစမ်းပွဲ(၂)ပွဲကို တစ်ရက်အတွင်းမှာ ထူးထူးခြားခြားကစားခဲ့ပါတယ်။ မနေ့က (သြဂုတ်၁၁ ရက်နေ့) တစ်ရက်တည်းမှာ စပိန်ကလပ်အသင်း(၂)သင်းနဲ့ ရာသီကြိုခြေစမ်းပွဲ(၂)ပွဲကို အိမ်ကွင်းအန်ဖီးလ်မှာ ကစားခဲ့တာပါ။ လီဗာပူးလ်ကစားသမားတွေကို နှစ်သင်းခွဲပြီး ပထမတစ်သင်းက စပိန်ကလပ်ဆီဗီလာအသင်းနဲ့ ဗြိတိန်စံတော်ချိန်...

ပလိုင်းမောက်နည်းပြ ပထမဆုံးပွဲဦးထွက်ကို ဂိုးပြတ်ရှုံးပွဲနဲ့ စတင်ခဲ့ရတဲ့ ဝိန်းရွန်နီ

အဂ်လိပ်လူမျိုးနည်းပြဝိန်းရွန်နီကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ပလိုင်မောက်အသင်းဟာ ဒီရာသီပထမဆုံး ပွဲဦးထွက် ချန်ပီယံရှစ်ပွဲစဉ်မှာ ရှက်ဖီးဝင်းစ်ဒေးစ်အသင်းကို (ဝ-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ရွန်နီဟာ ဒီနွေရာသီမှ ပလိုင်မောက်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ဒီအသင်းနဲ့ သူ့ရဲ့ပထမဆုံးပြိုင်ပွဲမှာ ရလဒ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပလိုင်မောက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ (၃)ပွဲနိုင်(၁)ပွဲသရေကျပြီး...