News (Regular)

နယူးကာဆယ်ကိုပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဂူဟီကြောင့် ချယ်လ်ဆီး ပေါင်(၁၂)သန်း ရဖို့ ရှိ

အင်္ဂလန်နောက်ခံလူ ဂူဟီဟာ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် အပြောင်းအရွှေ့သာအပြီးသတ်နိုင်ခဲ့ရင် ချယ်လ်ဆီးအသင်းဟာ ပေါင်(၁၂)သန်းရဖို့ ရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီအတွက် အနည်းဆုံးပေါင်(၆၅)သန်းကနေ ပေါင်သန်း(၇၀)အထိ ပြောင်းရွှေ့ကြေးသတ်မှတ်ထားပြီး အပြောင်းအရွှေ့ဖြစ်ဖို့နီးစပ်နေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ ချယ်လ်ဆီးအသင်းဟာ ဂူဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ...

ရီးရဲလ်မက်ဒရစ် အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး အာနိုးလ်ကို နူနက်ဇ် နောက်ပြောင်

ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ လီဗာပူးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နောက်ပြောင်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့သူပါ။ အာနိုးလ်နဲ့ ဒါဝင်နူနက်ဇ်တို့ဟာ နိုင်ငံတကာပွဲစဉ်တွေ...

မိမိရဲ့ဖုန်းခေါ်ဆိုမှုကို ဘယ်လင်ဂမ် မကိုင်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တယ်လို့ အန်ဆယ်လော့တီ ဆို

အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက သူ့ရဲ့ဖုန်းခေါ်ဆိုမှုကို အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်မကိုင်ခဲ့တဲ့အတွက် ဒေါသထွက်မိခဲ့တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်နိုင်ခြင်းမရှိသေးတာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက...

ရာသီကြိုခြေစမ်းပွဲမှာ အက်သလက်တီကို ပရိသတ်တွေရဲ့ဆိုးရွားတဲ့အော်ဟစ်မှုကို ဂျော်အိုဖီးလစ်ခံခဲ့ရ

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်ဟာ အက်သလက်တီကိုအသင်းက ဂီတာဖေးအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အက်သလက်တီကိုအသင်းပရိသတ်တွေရဲ့ဆိုးရွားတဲ့ အော်ဟစ်မှုတွေခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားကစားခဲ့တဲ့ ဂျော်အိုဖီးလစ်ဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ မိခင်ကလပ်ဖြစ်တဲ့ အက်သလက်တီကိုအသင်းနဲ့ လာရောက်ပူးပေါင်းကာ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့တာပါ။ ဂျော်အိုဖီးလစ်ဟာ...

ဂျေဒန်ဆန်ချိုက တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ တန်ဟတ် အကြံပြု

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟွိုက်လန်းရဲ့နေရာကို ဝင်ရောက်ဖြည့်ပြီး တိုက်စစ်မှူးအဖြစ် ရာသီသစ်ကို စတင်နိုင်တယ်လို့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ် ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က အကြံပြုခဲ့ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ဟာ ဆန်ချိုကို ဘက်တစ်၊လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မန်ယူနိုက်တက်အသင်းရဲ့နံပတ်(၉)နေရာထားပြီး...

တိုက်စစ်မှူး နူနက်ဇ်ရဲ့လီဗာပူးလ်အနာဂတ်အတွက် နည်းပြ အာနီဆလော့ ဆွေးနွေး

လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ကလပ်မှာအနာဂတ်မရေမရာဖြစ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ အရေးပါတဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။ ဒါဝင်နူနက်ဇ်ဟာ နည်းပြဟောင်း ကလောပ့်လက်ထက်မှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် လီဗာပူးလ်အသင်းအနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်ကာ အသင်းက ထွက်ခွာနိုင်တယ်လို့...

ချယ်လ်ဆီးနည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို မိမိနှစ်သက်တယ်လို့ ခြေစမ်းပွဲအပြီး ဂွါဒီယိုလာဆို

ဒီမနက်က မန်စီးတီး(၄-၂)ချယ်လ်ဆီး ရာသီကြိုခြေစမ်းပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးအသင်းမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ နည်းပြ မာရက်စ်ကာရဲ့ကစားပုံစတိုင်ကို နှစ်သက်တယ်လို့ ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကလပ်အမေရိကတစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး မန်စီးတီးနဲ့ ဆဲလ်တစ်အသင်းကို ရှုံးနိမ့်ကာ...

ဘိုင်ယန်မြူးနစ်က မိမိကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဗန်ဟားလ်ဆို

မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းနည်းပြဟောင်း ဗန်ဟားလ်က ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီက သူ့ကို နည်းပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်လူမျိုးနည်းပြ တူချယ်လ်နည်းပြရာထူးက ထွက်ခွာပြီးနောက် နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ ဘန်လေအသင်းနည်းပြဟောင်း ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။ ဗန်ဟားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို...

ပြင်သစ်နဲ့ အာဂျင်တီးနားကစားသမားတွေ ရန်ဖြစ်နေတာကို မိမိမြင်တွေ့ရတာ မနှစ်သက်ဘူးလို့ အွန်နရီဆို

မနေ့က ပြင်သစ်(၁-ဝ)အာဂျင်တီးနား ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကွင်းထဲမှာ နှစ်ဖက်ကစားသမားတွေရန်ပွဲဖြစ်ပွားတာကို သူမြင်တွေ့ရတာ မနှစ်သက်ဘူးလို့ ပြင်သစ်အသင်းနည်းပြ အွန်နရီက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲပြီးကတည်းက တင်းမာမှုတွေမြင့်တက်နေတဲ့ ဒီနှစ်သင်းဟာ ဒီပွဲအပြီးမှာလည်း လူပေါင်း(၃၀)ဦးပါဝင်တဲ့ ရန်ပွဲဖြစ်ပွားခဲ့တာပါ။ အိုလံပစ်ပြိုင်ပွဲမတိုင်ခင်...

ဂယ်လက်ဂါကို အသင်းကြီးလူစာရင်းက ချယ်လ်ဆီးထုတ်ပယ်ထားကြောင်း သတင်းထွက်

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါကို ချယ်လ်ဆီးအသင်းဟာ အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းထံ လာရောက်ပြီးသတင်းပို့ချိန်မှာ အသင်းကြီးနဲ့လေ့ကျင့်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောခံထားရတာပါ။ အဲ့ဒါကြောင့် ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာချိန်မှာ...