News (Regular)

ကိုးလ်ပါမားက ချယ်လ်ဆီးအသင်းရဲ့ ဦးစားပေးပယ်နယ်တီကန်သွင်းသူလို့ မာရက်စ်ကာ အတည်ပြု

ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာက အင်္ဂလန်တိုက်စစ်ကစားသမား ကိုးလ်ပါမားဟာ လာမယ့်ရာသီကလပ်အသင်းရဲ့ဦးစားပေးပယ်နယ်တီကန်သွင်းသူလို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့ရာသီက မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကိုးလ်ပါမားဟာ နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ဦးစားပေးပယ်နယ်တီကန်သွင်းသူဖြစ်ခဲ့ပေမယ့် ပယ်နယ်တီနဲ့ ပတ်သက်ပြီး အသင်းဖော် မာဒူအက်ကေ၊ ဂျက်ဆန်တို့နဲ့ အငြင်းပွားမှုတွေရှိခဲ့တာပါ။ ပိုချက်တီနိုဟာ...

နည်းပြအာနီဆလော့လက်ထက် လီဗာပူးလ်ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်လှုပ်ရှားနေကြ

လီဗာပူးလ်(၂-၁)အာဆင်နယ် ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းလိုက်ပေါင်းစပ်ပြီး ကောင်းမွန်တဲ့သွင်းဂိုးသွင်းယူပြီးနောက် လီဗာပူးလ်အသင်းပရိသတ်တွေဟာ နည်းပြသစ်အာနီဆလော့လက်ထက် ကစားပုံကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက်ဂိုးတွေကို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ကာဗယ်လ်ဟိုတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းအတွက်ချေပဂိုးကို ဟာဗက်ဇ်က သွင်းယူခဲ့တာပါ။ အီးလီယော့ရဲ့တိကျတဲ့ဘောလုံးပေးပို့မှုကနေ ဆာလာသွင်းယူခဲ့တဲ့သွင်းဂိုးကို လီဗာပူးလ်ပရိသတ်တွေက...

ဘာစီလိုနာ၊PSG တို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုနဲ့ နီကိုဝီလီယံစ် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ

စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ၊PSG ၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပါတယ်။ နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်လာတဲ့သူပါ။ နီကိုဝီလီယံစ်ဟာ...

ချယ်လ်ဆီးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို အက်သလက်တီကိုပစ်မှတ် ဂယ်လက်ဂါ ပယ်ချ

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါဟာ ဇွန်အစောပိုင်းက ချယ်လ်ဆီးအသင်းရဲ့(၃)နှစ်သက်တမ်းတိုးစာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ထပ်မံကမ်းလှမ်းမှုပြုလုပ်ခံခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပေါင်(၃၃.၇)သန်းနဲ့ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးမှုပြုလုပ်နေတာပါ။ ဂယ်လက်ဂါအနေနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့လုပ်ခလစာအများဆုံးရရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။ ဂယ်လက်ဂါဟာ ၂၀၂၂...

နောက်ထပ် ရာသီကြိုခြေစမ်းပွဲ ထပ်ပြီးကစားဖို့ လက်ပါးမားစ်နဲ့ လီဗာပူးလ် ဆွေးနွေး

လီဗာပူးလ်အသင်းဟာ ရာသီသစ်မစတင်ခင်နောက်ထပ်ရာသီကြိုခြေစမ်းပွဲ ထပ်ပြီးကစားဖို့အတွက် စပိန်ကလပ် လက်စ်ပါးမားစ်အသင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့အမေရိကန်ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို အဓိက ကစားသမားအများအပြားလွဲချော်ပြီးနောက် လီဗာပူးလ်အသင်းဟာ နည်းပြ အာနီဆလော့ရဲ့ပုံစံစတိုင်အတိုင်း လိုက်ပြီးကစားနိုင်ဖို့အတွက် နောက်ထပ်ခြေစမ်းပွဲတစ်ပွဲ ထပ်ပြီးကစားဖို့ စီစဉ်နေတာပါ။ လီဗာပူးလ်နဲ့ လက်စ်ပါးမားစ်အသင်းတို့ဟာ ခြေစမ်းပွဲအတွက် ဆွေးနွေးခဲ့ပေမယ့်...

Idol စီရော်နယ်ဒိုရဲ့ပြိုင်ဘက်အယ်လ်အစ်တီဟတ်ဂျာစီ ဝတ်ဆင်ပြီး ဂါနာချို လေ့ကျင့်မှု ပြုလုပ်

မန်ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုဟာ အားလပ်ရက်အတွင်း လေ့ကျင့်မှုတွေပြုလုပ်ရာမှာ သူ့ရဲ့Idol ကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ဆော်ဒီပရိုလိဂ်ပြိုင်ဘက်ကလပ် အယ်လ်အစ်တီဟတ်ဂျာစီဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းသေးဘဲ အားလပ်ရက်ကို ပျော်ပျော်ရွှင်ဖြတ်သန်းနေတာပါ။ မန်ယူနိုက်တက်အသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို မလိုက်ပါခဲ့တဲ့ ဂါနာချိုဟာ...

မန်စီးတီးရဲ့ပွဲကြီးပွဲကောင်းတွေမှာ မိမိပါဝင်ခွင့်မရတဲ့အတွက် မပျော်ရွှင်ဘူးလို့ အယ်လ်ဗာရက်ဇ် ဝန်ခံ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ သူပါဝင်ခွင့်မရတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ DSports Radio နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ...

မန်စီးတီး-အေစီမီလန်ပွဲက ဗီဒီယိုတစ်ခုကြောင့် ကယ်လ်ဗင်ဖီးလစ်ကို ပရိသတ်တွေ လှောင်ပြောင်

အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းက အေစီမီလန်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲက ဗီဒီယိုတစ်ခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံနေရပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ စိတ်ပျက်စရာကောင်းတဲ ရာသီဝက်ကို ဖြတ်သန်းအပြီးမှာ မန်စီးတီးအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ကယ်လ်ဗင်ဖီးလစ်ဟာ အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ...

မက်ဆီဖုန်းသုံးနေတာကို ဇနီးဖြစ်သူ အန်တိုနယ် ချောင်းကြည့်နေတဲ့ ရုပ်ပုံဆိုရှယ်မီဒီယာမှာ လူကြိုက်များနေ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ပွဲကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေချိန် ဖုန်းအသုံးပြုနေတာကို ဇနီးဖြစ်သူ အန်တိုနယ်လာကြည့်နေတဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေပါတယ်။ မက်ဆီဟာ ဒဏ်ရာကြောင့် ဒီပွဲကိုမပါဝင်နိုင်ပေမယ့် အင်တာမိုင်ယာမီအသင်းက မက္ကဆီကိုကလပ် Puebla အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့...

အားလပ်ရက်အတွင်း ရီးရဲလ်လူငယ်ပရိသတ်ရဲ့အင်္ကျီပေါ်မှာ အာနိုးလ် လက်မှတ်ထိုးပေးခဲ့

လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်ဟာ အားလပ်ရက်အပန်းဖြေအနားယူနေချိန်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းအင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်ပရိသတ်တစ်ဦးရဲ့အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့သူပါ။ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့တဲ့ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ...