News (Regular)

ရီးရဲလ်မက်ဒရစ်ပစ်မှတ် အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဖို့ လီဗာပူးလ် စီစဉ်

လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက် ညာနောက်ခံလူ အာနိုးလ်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ စီစဉ်နေတာပါ။ လီဗာပူးလ်အသင်းနဲ့...

တန်ဟတ်သာ မရှိရင် မန်ယူနိုက်တက်ထံ ဒီဟေးယားပြန်လာဖြစ်လိမ့်မယ်လို့ သတင်းထွက်

စပိန်ဂိုးသမား ဒီဟေးယားဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ထွက်ခွာခဲ့ရင် အသင်းဟောင်း မန်ယူနိုက်တက်အသင်းထံ ပြန်လာဖို့အဆင်သင့်ဖြစ်နေခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီးနောက် (၁)နှစ်ကြာအနားယူခဲ့ရတဲ့ ဒီဟေးယားဟာ ဘောလုံးကွင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာရှိခဲ့တာကို အဆုံးသတ်ပြီး စာချုပ်ကုန်ဆုံးချိန် ၂၀၂၂-၂၀၂၃...

ဒဏ်ရာတွေကြောင့် ၂၀၂၄ မေဂျာလိဂ် All-Star ပွဲကို မက်ဆီနဲ့ဆွာရက်ဇ် လွဲချော်

အင်တာမိုင်ယာမီအသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဒဏ်ရာတွေကြောင့် မက္ကဆီကိုလိဂ် All-star အသင်းနဲ့ ယှဉ်ပြိုင်မယ့် မေဂျာလိဂ် All-star အသင်းရဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ဒီပွဲကို မပါဝင်နိုင်တာဖြစ်ပြီး သူ့ရဲ့အသင်းဖော် ဆွာရက်ဇ်ကတော့ ဒူးနာကျင်နေလို့...

ဂရင်းဝုဒ်ကို မာဆေးလ်ထံ ရောင်းချရာမှာ ပြန်လည်ဝယ်ယူခွင့် အချက်ကို မန်ယူနိုက်တက် ထည့်သွင်း

မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချခဲ့ရာမှာ ပြန်လည်ဝယ်ယူခွင့်(buy-back clause)အချက်ကို ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အပတ်က ပေါင်သန်း(၃၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက်အမျိုးမျိုးကြောင့်...

အယ်လ်အစ်တီဟတ်နဲ့ သတင်းထွက်နေတဲ့ ဒီဘရိုင်းနား မန်စီးတီးမှာ ဆက်ရှိမယ်လို့ ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒီရာသီကလပ်အသင်းမှာ ဆက်ရှိမယ်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားတာပါ။ ဒီဘရိုင်းနားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေပြီး အယ်လ်အစ်တီဟတ်အသင်းဟာ သူ့ကို...

ဒီလစ်အတွက် မန်ယူနိုက်တက်ရဲ့ကနဦးကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် ပယ်ချ

ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အတွက် မန်ယူနိုက်တက်အသင်းရဲ့အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လိုင်လီအသင်းနောက်ခံလူ ယိုရိုကို ခေါ်ယူထားပေမယ့် ဒီလစ်ကိုခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းကို အလွတ်နဲ့...

ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ ကစားပုံကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ကွန်ပနီ ရပ်တန့်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ ဂျာမန်ကွင်းလယ်လူ ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ဘောလုံးပေးပို့မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ရပ်တန့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ မြင့်မားတဲ့ စံနှုန်းတွေထားရှိနေတာကို ဒီရုပ်သံဖိုင်မှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဂေါ်ရက်စကာဟာ ခံစစ်ကနေ ဘောလုံးကို...

VAR အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရိုစင်ဘော့-လီလက်စ်ထရွမ်းပွဲကို ဖျက်သိမ်းခဲ့ရ

မနေ့က ရိုစင်ဘော့-လီလက်စ်ထရွမ်း နော်ဝေလိဂ်ပွဲစဉ်မှာ VAR အပေါ် ပရိသတ်တွေက ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ဒီပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ပထမပိုင်းမိနစ်(၃၀)အတွင်း VAR ကိုဆန့်ကျင့်ကန့်ကွက်မှု(၄)ကြိမ်အထိရှိခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို တင်းနစ်ဘောလုံးတွေ၊မီးတုတ်တွေ၊ ငါးနဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ပစ်ပေါက်ခဲ့ကြတာပါ။ ရိုစင်ဘော့အသင်းပရိသတ်တွေဟာ စည်းမျဉ်းသစ်အရ ကစားသမားတွေကွင်းထဲက...

အင်္ဂလန်ကို အက်ဒီဟောင်းကိုင်တွယ်ရင် ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ နယူးကာဆယ် ချဉ်းကပ်ဖွယ်ရှိ

နယူးကာဆယ်အသင်းဟာ နည်းပြဖြစ်သူ အက်ဒီဟောင်းက အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ဆုံးဖြတ်ခဲ့ရင် သူ့နေရာမှာအစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ ချဉ်းကပ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ထွက်ခွာသွားတဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ အက်ဒီဟောင်းကို...

လူမျိုးရေးခွဲခြားမှုကြောင့် ဖရန့်ဖတ်နဲ့ပွဲကို ဆက်ကစားဖို့ လီဗာပူးလ်ယူ-၁၉ အသင်းငြင်းဆန်ခဲ့

လီဗာပူးလ်ယူ-၁၉ အသင်းဟာ ဖရန့်ဖတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ လူမျိုးရေးခွဲခြားစော်ကားမှုကြောင့် ကွင်းထဲက ထွက်ခွာပြီး ပွဲကိုဆက်ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဖရန့်ဖတ်ယူ-၁၉ အသင်းက ကစားသမားတစ်ဦးဟာ လီဗာပူးလ်ကစားသမားတစ်ဦးကို လူမျိုးရေးခွဲခြား ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြထားတာပါ။ လီဗာပူးလ်နဲ့...