News (Regular)

လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာကို ဂျော့ချ်မန်ဒက်စ် တောင်းဆို

စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ကစားသမားဖြစ်သူ စပိန်ကြယ်ပွင့် လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုခဲ့ပါတယ်။ စပိန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ဥရောပရဲ့အကျော်ကြားဆုံး ဆယ်ကျော်သက်တွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။ လာမင်းယာမားလ်ဟာ ပြင်သစ်အသင်းကို...

ပြင်သစ်တို့ကို တောင်းပန်ဖို့ မက်ဆီကို တိုက်တွန်းခဲ့တဲ့ အာဂျင်တီးနား အားကစားဒုဝန်ကြီး အလုပ်ထုတ်ခံရ

အာဂျင်တီးနားကစားသမားအချို့က ပြင်သစ်အသင်းကို လူမျိုးရေးခွဲခြားတဲ့ သီဆိုမှုနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် မက်ဆီကို တောင်းပန်ဖို့ ပြောခဲ့တဲ့ အာဂျင်တီးနားအားကစားဒုဝန်ကြီး ဂျူလီယိုဂါရိုဟာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုထဲမှာ အာဂျင်တီးနားကစားသမားတွေဟာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေအသုံးပြုခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကစွပ်စွဲခဲ့တာပါ။ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ...

လစာကြွေးကျန်အတွက် PSG ကို ဘာပေ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင် ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေဟာ အသင်းဟောင်း PSG အသင်းဆီကနေ သူရဖို့ရှိတဲ့ လစာကြွေးကျန်တွေ မရရှိဘူးဆိုရင် တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင်ဖြစ်သူ ဖေဇာလာမာရီက Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ပြင်သစ်လီဂူး-၁ လက်ရှိချန်ပီယံ...

အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ဂျာမန် နည်းပြဟောင်း ယိုအာကင်လုဗ် ဆန္ဒရှိနေ

ဂျာမနီအသင်းနည်းပြဟောင်း ယိုအာကင်လုဗ်ဟာ လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးကို တာဝန်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယိုအာကင်လုဗ်ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကိုချဉ်းကပ်လာမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ The Sun သတင်းစာက ဖော်ပြထားတာပါ။ အသက်(၆၄)နှစ်အရွယ်ရှိ ယိုအာကင်လုဗ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ...

မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ဖို့ မန်ယူနိုက်တက် ပရိသတ်တွေ တောင်းဆို

မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုပြုလုပ်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။ ၂၀၁၉ က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို နည်းပြဟောင်း ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ...

မန်ယူနိုက်တက်ထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ အတွက် ဗြိတိန်ကို ယိုရို ထွက်ခွာ

ပြင်သစ်ဗဟိုနောက်ခံလူ ယိုရိုဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့အတွက် ဆေးစစ်မှုခံယူဖို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေသဘောတူညီမှုရယူဖို့ ဗြိတိန်ကို ထွက်ခွာလာခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ယိုရိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်း၊ add-ons ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့တာကို လိုင်လီအသင်းက လက်ခံခဲ့တာပါ။...

အင်္ဂလန်အသင်းနည်းပြ မခန့်အပ်မီ လီကာစလေကို ယာယီနည်းပြအဖြစ် FA တာဝန်ပေးဖွယ်ရှိ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေကို အင်္ဂလန်လက်ရွေးစင်အသင်း ယာယီနည်းပြအဖြစ် တာဝန်ပေးဖွယ်ရှိကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာမှာ အိုင်ယာလန်အသင်းနဲ့ UEFA Nations League အုပ်စုပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA တာဝန်ရှိသူတွေက ဒီပွဲမတိုင်ခင် နည်းပြသစ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။...

လူမျိုးရေးခွဲခြားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးအသင်းဖော်တွေ ဒေါသထွက်

ကိုလံဘီယာအသင်းကို အာဂျင်တီးနားအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ ပြင်သစ်ကစားသမားတွေကို လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ သူ့ရဲ့အသင်းဖော်တွေကို ချယ်လ်ဆီးကစားသမားတချို့က ဒေါသထွက်နေကြပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကလည်း အာဂျင်တီးနားကစားသမားတွေရဲ့သီဆိုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တိုင်ကြားထားပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားချန်ပီယံဆုကို...

ရီးရဲလ်မက်ဒရစ်အသင်းအတွက် မိမိအရာအားလုံး ပေးဆပ်သွားမယ်လို့ ဘာပေ ကတိပြု

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ်အဖြစ် ဘာနေဗျူးကွင်းထဲရှိ ပရိသတ်ပေါင်း(၈)သောင်းကျော်အရှေ့မှာ မိတ်ဆက်မှုပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းအတွက် သူအရာအားလုံးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်က PSG အသင်းကနေ ထွက်ခွာခဲ့တဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ...

ကိုမိုနဲ့ ခြေစမ်းပွဲမှာ ဟွမ်ဟီချန်း လူမျိုးရေးခွဲခြားခံရပြီးနောက် UEFA ထံ ဝုလ်ဗ်စ် တိုင်ကြားဖို့ စီစဉ်

မနေ့က ဝုလ်ဗ်စ်(၁-ဝ)ကိုမို ရာသီကြိုခြေစမ်းပွဲစဉ်မှာ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီချန်း လူမျိုးရေးခွဲခြားခံခဲ့ရတာကြောင့် ဝုလ်ဗ်စ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ တရားဝင်တိုင်ကြားဖို့ စီစဉ်နေပါတယ်။ ဒီပွဲစဉ်မှာ ဟွမ်ဟီချန်းဟာ ကိုမိုအသင်းကစားသမားတစ်ဦးရဲ့လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီး ဝုလ်ဗ်စ်အသင်းတောင်ပံကစားသမား ပိုဒန့်စ်ကတော့ ပြိုင်ဘက်ကစားသမားကို ထိုးခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပါ။ ပိုဒန့်စ်ထိုးခဲ့တဲ့...