News (Regular)

အင်္ဂလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ကြောင်း ဆောက်ဂိတ် ကြေညာ

ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း (၂)ကြိမ်ဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီးနောက် နည်းပြဆောက်ဂိတ်ဟာ ရာထူးက နုတ်ထွက်ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ စပိန်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့ချုပ်ဆိုထားတဲ့...

နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ မန်ယူနိုက်တက် ခေါ်ယူ

မန်ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာက နယ်သာလန်တိုက်စစ်မှူး ဇာခ့်ဇီကို ပေါင်(၃၆.၅)သန်းနဲ့ ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတဲ့ ဇာခ့်ဇီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းရဲ့ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့သူပါ။ ဇာခ့်ဇီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းအတွက် (၃၇)ပွဲပါဝင်ကစားပြီး...

အဝတ်လဲခန်းထဲမှာ အဝတ်ဗလာဖြစ်နေတဲ့ စပိန်အသင်းဖော်တွေကို ယာမားလ် Live လွှင့် ပြသမိခဲ့

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ ဘာစီလိုနာအသင်းကြယ်ပွင့် ယာမားလ်ဟာ စပိန်အသင်းရဲ့အဝတ်လဲခန်းအတွင်းက အောင်ပွဲခံမှုကို သူ့ရဲ့Instagram ကနေ Live လွှင့်ခဲ့ရာမှာ အဝတ်ဗလာဖြစ်နေတဲ့ အသင်းဖော်တွေကို ပြသမိခဲ့ပါတယ်။ အသက်(၁၇)နှစ်အရွယ်ရှိ ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက်...

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဝေဖန်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကို ကူကူရယ်လာ တုံ့ပြန်

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာက ဒီပြိုင်ပွဲမစတင်ခင်မှာ သူ့ကို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ တုံ့ပြန်သွားခဲ့ပါတယ်။ ကူကူရယ်လာဟာ ဒီပြိုင်ပွဲတစ်လျှောက် စပိန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာသွင်းယူခဲ့တဲ့ အိုယာဇာဘယ်လ်ရဲ့အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူပါ။...

ယူရိုဗိုလ်လုပွဲမှာ စပိန်ကိုအရေးနိမ့်ခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့ ဘယ်လင်ဂမ် အအေးပုံးကို ကန်ခဲ့

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ သူ့ရဲ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ အရန်ခုံတန်းရှေ့မှာရှိတဲ့ အအေးပုံးကို ကန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ စပိန်အသင်းကို အိုယာဇာဘယ်လ်ရဲ့နောက်ကျသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တဲ့အတွက် ယူရိုဗိုလ်လုပွဲ(၂)ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ကစားသမားတွေဟာ အလွန်စိတ်ပျက်နေခဲ့တာပါ။...

ကိုပါအမေရိကဖလား ဗိုလ်လုပွဲသွင်းဂိုးနဲ့ ဒီမာရီယာ အနားယူဖို့ မက်ဆီ မျှော်လင့်

မနက်ဖြန်မနက် ကစားမယ့် အာဂျင်တီးနား-ကိုလံဘီယာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ အသင်းဖော်တောင်ပံကစားသမား ဒီမာရီယာဂိုးသွင်းပြီး နိုင်ငံတကာကစားသမားဘဝကို အဆုံးသတ်ဖို့ မျှော်လင့်တယ်လို့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Direct TV Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ၂၀၀၈...

ယူရို-၂၀၂၄ ရဲ့ စွမ်းဆောင်ရည် အဆိုးရွားဆုံးကစားသမား(၁၁)ဦးမှာ စီရော်နယ်ဒို ပါဝင်

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ စပိန်သတင်းစာ Marca ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲစွမ်းဆောင်ရည် အဆိုးရွားဆုံး ကစားသမား(၁၁)ဦးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေနဲ့ သွင်းဂိုး(၁)ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိသလို ပေါ်တူဂီအသင်းကလည်း ကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး...

အသက်(၁၇)နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ယူရိုဗိုလ်လုပွဲမှာ အနိုင်ရချင်တယ်လို့ ယာမားလ် ဆို

ဒီနေ့ကစားမယ့် စပိန်-အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမတိုင်ခင် အသက်(၁၇)နှစ်ပြည့်ခဲ့တဲ့ စပိန်အသင်းကြယ်ပွင့် ယာမားလ်က သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် အင်္ဂလန်အသင်းကို အနိုင်ယူပြီး ချန်ပီယံဆု ရယူချင်တယ်လို့ ဆိုခဲ့ပါတယ်။ ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး...

ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာ ဆက်ပြီးမြဲနေအောင်လုပ်မယ်လို့ အော်လ်မိုလ် ဆို

လိုက်ပ်ဇစ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား အောလ်မိုက ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းရဲ့ဆုဖလားကျိန်စာဆက်ပြီးရှိနေအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမတိုင်ခင်ဆိုခဲ့ပါတယ်။ အော်လ်မိုဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းက (ဝ-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့သူပါ။ ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက...

ပြင်သစ်လက်ရွေးစင် အသင်းဖော် ကွန်တေရဲ့အသင်းဟောင်းကို ဝယ်ယူဖို့ ဘာပေ စိတ်ဝင်စား

ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းဖော် ကွန်တေကစားခဲတဲ့ အသင်းဟောင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွန်ဆောင်အပြီး တစ်နှစ်ကို ပေါင်(၁၂.၈)သန်း ရရှိမယ့် ဘာပေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခြင်းခံရတော့မှာပါ။ RMC Sport...