News (Regular)

ယူရို-၂၀၂၄ ချန်ပီယံဖြစ်ရင် အင်္ဂလန်ကစားသမားတွေ ဆုကြေးပေါင်(၁၄)သန်းအထိ ရရှိမယ်လို့ သတင်းထွက်

အင်္ဂလန်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် ကစားသမားတွေဟာ ဆုကြေးငွေ ပေါင်(၁၄)သန်းရရှိမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ယူရိုဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်တဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာလင်မှာကျင်းပမယ့်...

နည်းပြတန်ဟတ်နဲ့ ဆွေးနွေးပြီးနောက် မန်ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်ချို ပြန်လည်ပါဝင်

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုပြုလုပ်ပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသူ့ကို လူစာရင်းက ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ပြောဆိုမှုကို ပြန်တုံ့ပြန်ခဲ့တာကြောင့်...

၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲ အပြီးမှာ အာဂျင်တီးနားအသင်းက အနားယူတော့မယ့် ဒီမာရီယာ

အာဂျင်တီးနားဝါရင့်ကွင်းလယ်လူဒီမာရီယာဟာ အခုဇူလိုင်(၁၄)ရက်နေ့မှာ ကစားမယ့် ၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူတော့မှာဖြစ်ပါတယ်။ ဒီမာရီယာက အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ကစားမယ့် ကိုပါအမေရိကဗိုလ်လုပွဲဟာ သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဒီပွဲက အာဂျင်တီးနားအသင်းအတွက် ကျွန်တော့်ရဲ့နောက်ဆုံးတိုက်ပွဲပါ။ ကျွန်တော်များများစားစားပြောဖို့မရှိပါဘူး။ အရင်က ကျွန်တော်အများကြီးပြောခဲ့ပြီးပါပြီ။ အာဂျင်တီးနားပရိသတ်တွေကို...

ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်ဖို့ ယာမားလ် စီစဉ်ခဲ့

စပိန်ကြယ်ပွင့် လာမင်းယာမားလ်ဟာ စပိန်အသင်းက ပြင်သစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေကို Ninja Turtles မျက်နှာဖုံးနဲ့ လှောင်ပြောင်မှုပြုလုပ်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ...

နည်းပြရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ကလော့ပ် ငြင်းပယ်

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ဟာ အမေရိကန်နည်းပြသစ်ရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန်အသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာဟယ်တာကို ထုတ်ပယ်ပြီးနောက် ချက်ချင်းဆိုသလို နည်းပြသစ်ရှာဖွေမှု လုပ်ငန်းစဉ်ကို...

ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးရှုံးနိုင်နိုင် ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားအပြီးထိ FA ထိန်းထားလို

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လာမယ့် စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် နည်းပြဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဆောက်ဂိတ်ဟာ သူ့ရဲ့အနာဂတ်မရေမရာမှုတွေနဲ့အတူ အင်္ဂလန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ဦးဆောင်ကိုင်တွယ်ထားသူပါ။ ဆောက်ဂိတ်နဲ့...

အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့ ရုပ်ချင်းဆင်နေလို့ ပရိသတ်တွေ ဩဘာပေးခံလိုက်ရတဲ့ ဂျာမန်ရဲ

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် အင်္ဂလန်-နယ်သာလန်ပွဲမကစားမီ ဒီပွဲကစားမယ့် ဒေါ့မွန်မြို့ကို ရောက်ရှိနေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ Venue BVB Stadion Dortmund ကွင်းအနီးမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဂျာမန်ရဲ အနားမှာ ဝန်းရံခဲ့ကြပါတယ်။ အကြောင်းကတော့ ဒီရဲက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်နဲ့ အမွှာညီအစ်ကိုလို့...

နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာ ပရိတ်သတ်တွေ ပွဲကြည့်စင်ပေါ်မှာ ရန်ဖြစ်

ဒီမနက်ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ် ဥရုဂွေး(ဝ-၁)ကိုလံဘီယာပွဲအပြီးမှာ လီဗာပူးလ်တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာအသင်းပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ဥရုဂွေးအသင်းဟာ ဒီပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ဦးအသာနဲ့ ကစားခဲ့ရသလို ဂိုးရနိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။...

ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ရပြီးနောက် ဒိုင်လူကြီးဖီးလစ်ဇွာယာကို ဗန်ဒိုက် ပြစ်တင်ဝေဖန်

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉနယ်သာလန်(၁-၂)အင်္ဂလန် ပွဲအပြီးမှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို ပွဲအပြီးအင်တာဗျူးမှာ ပြင်းထန်စွာဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နယ်သာလန်အသင်းဟာ ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟာရီကိန်းရဲ့ချေပဂိုး၊ဝက်ကင်စ်ရဲ့အနိုင်ဂိုးကြောင့် အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ယူရို-၂၀၂၄...

ကနေဒါကို အနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်း ဆုံးရှုံးခဲ့ရတဲ့ Drake ကို အာဂျင်တီးနားအသင်း လှောင်ပြောင်

ဒီမနက်က အာဂျင်တီးနား(၂-ဝ)ကနေဒါ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ကနေဒါအသင်းအနိုင်လောင်းပြီး ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့တဲ့ ကနေဒါရက်ပ်အဆိုတော် Darke ကို အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်မှုပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမှာသာ ကနေဒါအသင်းအနိုင်ရခဲ့ရင် Darke ဟာ ဒေါ်လာ(၂.၈)သန်းကို သူ့ရဲ့အိတ်ကပ်ထဲထည့်သွင်းလို့ရမှာဖြစ်ပေမယ့် အခုတော့ ဒေါ်လာ(၃)သိန်းဆုံးရှုံးသွားခဲ့ရတာပါ။ အာဂျင်တီးနားအသင်းဟာ...