News (Regular)

ရိုမေးနီးယားနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂတ်ပိုကို ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ ချီးကျူး

မနေ့က ရိုမေးနီးယား(၀-၃)နယ်သာလန် Round of 16 ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား ဂတ်ပိုကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့ပါတယ်။ဂတ်ပိုဟာ ဒီပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို မယ်လန်ရဲ့သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ ဂတ်ပိုဟာ ဒီပွဲစဉ်မှာ...

မိမိရဲ့ကစားသမားဘ၀က (၁၀၀)% မပြီးဆုံးသေးဘဲ ဘောလုံးသမားအဖြစ်ရှိနေဆဲလို့ ပေါ့ဘာဆို

တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ကာလကြာရှည်စွာဆိုင်းငံ့ခြင်းခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာက သူဟာ လုံးဝမပြီးဆုံးသေးဘဲ (၁၀၀)ရာခိုင်နှုန်းဘောလုံးသမားအဖြစ် ရှိနေဆဲလို့ဆိုခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေတဲ့ ပေါ့ဘာဟာ ဘယ်လ်ဂျီယံအသင်းကို ပြင်သစ်အသင်းက (ဝ-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Round...

စီရော်နယ်ဒိုရဲ့ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်ခဲ့တဲ့ BBC ကို ဂျွန်တယ်ရီ ဝေဖန်

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် ပေါ်တူဂီ(ဝ-ဝ)ဆလိုဗေးနီးယားပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ပယ်နယ်တီလွဲချော်မှုအပေါ် လှောင်ပြောင်တဲ့ စာတန်းအသုံးပြုခဲ့တဲ့ BBC ကိုအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲရဲ့အချိန်ပိုမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို...

ပြင်သစ် – ဘယ်လ်ဂျီယံ ပွဲစဉ်အပြီး သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို ဒီဘရိုင်းနား ဒေါသထွက်

မနေ့က ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းမေးမြန်းမှုကို ဒေါသထွက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပြင်သစ်အသင်းကို နောက်ကျ Own Goal နဲ့ အရေးနိမ့်ပြီး ယူရို-၂၀၂၄...

ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်အနားမှာ ဘာပေ ပြေးလွှားအောင်ပွဲခံ

ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံပွဲမှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ဒီပွဲရဲ့အဆုံးဖြတ်ဖြစ်စေမယ့်ဂိုးကို Own Goal သွင်းယူမိခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်ရဲ့အနားမှာ ​ပြေးလွှားပြီးအောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲချိန်မိနစ်(၉၀)ပြည့်ဖို့ (၅)မိနစ်အလိုမှာ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ကန်ချက်ဟာ...

ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ဖို့ မန်ယူနိုက်တက် သဘောတူညီမှုရရှိ

မန်ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ လျော်ကြေးငွေဆွေးနွေးအပြီးမှာ ဒန်အက်ရှ်ဝေါ့ကို အားကစားဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒန်အက်ရှ်ဝေါ့ဟာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ပြောခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ သူ့ကို ပြီးခဲ့တဲ့(၄)လကတည်းက ရာထူးကနေ အနားပေးထားတာပါ။ ဒန်အက်ရှ်ဝေါ့ဟာ...

ဆလိုဗက်ကီးယား အရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ လုပ်ပြခဲ့တယ်ဆိုတာကို ဘယ်လင်ဂမ် ငြင်းဆို

မနေ့က အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယား(AET) ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်က သူဟာ ဆလိုဗက်ကီးယားအသင်းအရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်း ကွာတားဖိုင်နယ်တက်နိုင်မယ့် အရေးပါတဲ့...

အင်္ဂလန်-ဆလိုဗက်ကီးယား ပွဲအပြီးမှာ ဒက်ကလန်ရိုက်စ်နဲ့ ပြိုင်ဘက်နည်းပြ အချင်းများ

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယားပွဲအပြီးမှာ အင်္ဂလန်အသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ ဆလိုဗက်ကီးယားအသင်းနည်းပြ ကယ်လ်ဇိုနာတို့ အချင်းများခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ ဒက်ကလန်ရိုက်စ်ဟာ ကွင်းလယ်ဒိုင်လူကြီးကို စကားပြောဆိုဖို့ ရောက်ရှိလာတဲ့...

ဂျော်ဂျီယာနဲ့ပွဲမှာ လာမင်းယာမားလ်ကို ည(၁၁)နာရီ မတိုင်ခင် လူစားမလဲဘူးလို့ စပိန်နည်းပြ အတည်ပြု

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် စပိန်-ဂျော်ဂျီယာပွဲမှာ တောင်ပံကစားသမား လာမင်းယာမားလ်ကို ည(၁၁)နာရီမတိုင်ခင် လူစားလဲသွားမှာမဟုတ်ဘူးလို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အတည်ပြုခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့အလုပ်သမားစည်းမျဉ်းတွေအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်/လူငယ်တွေကို ည(၁၁း၀၀)နာရီနောက်ပိုင်းမှာ အလုပ်လုပ်ခိုင်းခွင့်မရှိတာကြောင့်...

ဂျာမနီ-ဒိန်းမတ်ပွဲစဉ်က VAR ဆုံးဖြတ်ချက်တွေကို ဘောလုံးသုံးသပ်သူတွေ ဝေဖန်

မနေ့က ဂျာမနီ(၂-ဝ)ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်က VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဘောလုံးပွဲသုံးသပ်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ ဒိန်းမတ်အသင်းနောက်ခံလူ အန်ဒါဆန်ဟာ VAR အိပ်မက်ဆိုးကို(၂)ကြိမ်ခံစားခဲ့ရပြီး ပရိသတ်တွေက ဒိန်းမတ်အသင်းဟာ လုယက်ခံခဲ့ရတယ်လို့...