News (Regular)

ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် အီတလီ ပရိသတ်တွေကို ဒွန်နာရမ်မာ တောင်းပန်

မနေ့က ဆွစ်ဇာလန်(၂-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ အီတလီအသင်းပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် အသင်းခေါင်းဆောင် ဒွန်နာရမ်မာက အီတလီပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းဟာ ဒီပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာကြောင့်...

ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ဖလော်ရီယန်ဗစ်ဇ်ကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖို့ နည်းပြနာဂယ်လ်စမန်း စဉ်းစား

ဒီနေ့ကစားမယ့် ဂျာမနီ-ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ လေဗာကူဆင်အသင်း ကွင်းလယ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ကို ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ချန်လှပ်ဖို့ နည်းပြ နာဂယ်လ်စမန်းက စဉ်းစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းနဲ့အတူ ဆုဖလား(၂)လုံးရယူနိုင်ခဲ့တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ...

ဆလိုဗက်ကီးယားနဲ့ပွဲမှာ အင်္ဂလန်ပွဲထွက်လူစာရင်းက ကစားသမားတစ်ဦးသာ ဆောက်ဂိတ်ပြောင်းလဲဖွယ်ရှိ

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆလိုဗက်ကီးယားအသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့တာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲအတူ ဝေဖန်မှုတွေကို...

အာဂျင်တီးနားကစားသမားတွေ ကွင်းအတွင်း ပြန်ဝင်ဖို့နှောင့်နှေးခဲ့လို့ နည်းပြစကာလိုနီ(၁)ပွဲပယ်ခံရ

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အာဂျင်တီးနားအသင်းကစားသမားတွေဟာ ကွင်းအတွင်းပြန်လည်ဝင်ရောက်ဖို့ နှောင့်နှေးကြန့်ကြာခဲ့တာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)က နည်းပြစကာလိုနီကို(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် စကာလိုနီဟာ ပီရူးအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ကွင်းအတွင်းကြီးကြပ်ခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ စကာလိုနီဟာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် စိတ်ပျက်နေတယ်လို့...

ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ရင်း ကျောင်းစာမေးပွဲကို လာမင်းယာမားလ် အောင်မြင်စွာ ဖြေဆို

အသက်(၁၆)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း ကျောင်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ ဒီအပတ်ထဲမှာ သူ့ရဲ့စတုတ္ထမြောက် ESO စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ဒါဟာ စပိန်မှာ အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ ပညာရေးမှတ်တိုင်ဖြစ်တယ်လို့...

ဆိုရှယ်မီဒီယာမှာ အမေရိကန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုကို အမေရိကန် FA ရှုတ်ချ

ဒီမနက်က ကစားခဲ့တဲ့ ပနားမား(၂-၁)အမေရိကန် ကိုပါအမေရိကဖလားအုပ်စုဒုတိယပွဲစဉ်အပြီးမှာ အမေရိကန်တိုက်စစ်မှူး တီမိုသီဝီယာနဲ့ အသင်းဖော်တွေ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဒီလုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တီမိုသီဝီယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၈)မိနစ်မှာ ပနားမားကစားသမားတစ်ဦးကို ထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။...

လက်တွဲဖော်မီးဖွားရာ အင်္ဂလန်ကို ပြန်ခဲ့တဲ့ ဖိုဒန် အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်း

မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်ဟာ သူ့ရဲ့တတိယမြောက်ကလေးမွေးဖွားဖို့ကိစ္စတွေအတွက် အင်္ဂလန်ကို ပြန်သွားခဲ့ပြီးနောက် ကြာသပတေးနေ့က ဂျာမနီကို ပြန်လည်ရောက်ရှိကာ အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ဖိုဒန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့သူပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ယာယီထွက်ခွာတယ်လို့...

ရှုံးထွက်အဆင့်တက်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို ဝန်ကြီးချုပ်ဟောင်းက ဆုကြေးပေါင်(၈.၄)သန်း ချီးမြှင့်

ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို (ဝ-၂)ဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်တက်နိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း ဘီလျံနာဘစ်ဇီနာက ဆုကြေးပေါင်(၈.၄)သန်းပေးအပ်ခဲ့တယ်လို့ Georgian Times က ဖော်ပြထားပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲကို ပထမဆုံးအဓိကပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းဟာ အုပ်စုတွင်းမှာ...

ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦးရဲ့ခုန်ချမှုကြောင့် ဒဏ်ရာရနိုင်မယ့်အခြေအနေကို စီရော်နယ်ဒို ကြုံတွေ့ခဲ့ရ

မနေ့က ဂျော်ဂျီယာ(၂-၀)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦး သူ့အပေါ်ခုန်ချလာမှုကြောင့် ဒဏ်ရာရနိုင်မယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ပေါ်တူဂီ(၃-၀)တူရကီ ပွဲစဉ်မှာ သူ့ကို ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်ရောက်လာခဲ့တဲ့ ပရိသတ်တွေကြောင့်...

ဂျော်ဂျီယာနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် စီရော်နယ်ဒို ဒေါသပေါက်ကွဲ

မနေ့က ဂျော်ဂျီယာ(၂-၀)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ သူ့ကို ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ လူစားလဲမှုပြုလုပ်ခဲ့တာကြောင့် ဒေါသထွက်ပြီး မြက်ခင်းပြင်ကို ကန်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် အုပ်စုတွင်းထိပ်ဆုံးနေရာရပ်တည်ကာ Round of 16 ကို...