News (Regular)

ပေးချေရခြင်းမရှိသေးတဲ့ လစာနဲ့ အပိုဆုကြေးအတွက် ယူရိုသန်း(၁၀၀)ပေးဖို့ PSG ကို ဘာပေ တောင်းဆို

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ PSG အသင်းကနေ သူရဖို့ရှိနေတဲ့ ယူရိုသန်း(၁၀၀)အတွက် သူ့ရဲ့တရားဝင်ကိုယ်စားလှယ်တွေကနေ တဆင့် တရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ 'L'Equipe' က ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ့် ဘာပေနဲ့ PSG အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးတော့မှာပါ။...

အင်္ဂလန်ကစားသမားတွေသာ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ဟာရီကိန်း ခေါ်ယူခဲ့

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့(၁)ဂိုးစီသရေကျခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ အင်္ဂလန်ကစားသမားတွေသာပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပေမယ့် အုပ်စုပွဲစဉ်(၂)ပွဲကစားအပြီးမှာ ခြေစွမ်းပိုင်း ကောင်းမွန်မှုမရှိတဲ့အတွက်...

ဘယ်လ်ဂျီယံ-ရိုမေးနီးယားပွဲက လူကာကူရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို အီယန်ရိုက် ဝေဖန်

မနေ့က ဘယ်လ်ဂျီယံ(၂-ဝ)ရိုမေးနီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသွင်းယူတဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က ဝေဖန်ခဲ့ပါတယ်။ လူကာကူဟာ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အလိုအလျောက်လူကျွံဘောဖမ်းတဲ့နည်းပညာနဲ့ လူကျွံဘောအဖြစ်သတ်မှတ်ကာ ပယ်ဖျက်ခံခဲ့ရတာပါ။ လူကာကူဟာ...

စီရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်လာတဲ့ ဖြစ်ရပ်တွေအတွက် UEFA စုံစမ်းစစ်ဆေး

မနေ့က တူရကီ(ဝ-၃)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်ရောက်လာခဲ့တဲ့ ဖြစ်ရပ်(၆)ခုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အသက်(၃၉)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ဒုတိယပိုင်းအတွင်း ကွင်းအတွင်းဝင်ရောက်လာတဲ့ ကလေးငယ်တစ်ဦးနဲ့ ဆယ်လ်ဖီရိုက်ခဲ့ပြီးနောက် ပွဲမပြီးခင်မှာ နောက်ထပ်ပရိသတ်(၃)ဦးက...

ရလဒ်ဆိုးတွေကြောင့် ဝေးလ်စ်အသင်းနည်းပြရာထူးက ရော့ဘ်ပေ့ချ် ထုတ်ပယ်ခံရ

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ဟာ ဝေးလ်စ်လက်ရွေးစင်အသင်းကို (၃)နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ်ကို ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်လိုက်ပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိ ရော့ဘ်ပေ့ချ်ဟာ ဝေးလ်စ်အသင်းကို နှစ်ပေါင်း(၆၄)နှစ်အကြာမှ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဥ်​ပြိုင်မှုအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ Round of 16...

ဇာဗီဆိုင်မွန်ရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်တွေကို ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာ ဝေဖန်

မနေ့က နယ်သာလန်(ဝ-ဝ)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာနဲ့ VAR ဒိုင် အက်ဒ်ဝဲလ်တို့ကို အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာတို့က ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။ အငြင်းပွားစရာအဖြစ်အပျက်ဖြစ်ခဲ့တဲ့ ဒီပွဲစဉ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄...

ယူရို-၂၀၂၄ ပြိုင်ပွဲစည်းမျဉ်း အသစ်ကြောင့် အယ်လ်ဘေးနီးယားနဲ့ပွဲကို ရိုဒရီလွဲချော်

မနေ့က စပိန်(၁-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့ စပိန်အသင်းကွင်းလယ်လူ ရိုဒရီဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ရိုဒရီဟာ စပိန်အသင်းက ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အဝါကတ်ပြသခံခဲ့ရတာပါ။ ပြိုင်ပွဲတစ်ပွဲမှာ...

ဆောက်ဂိတ်နဲ့ ကိုးလ်ပါမားတို့ကြား အဆင်မပြေဖြစ်ခဲ့တဲ့ အခိုက်အတန့်ကို ပရိသတ်တွေမြင်တွေ့ခဲ့ရ

မနေ့က ဒိန်းမတ်(၁-၁)အင်္ဂလန် ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ လူငယ်ကြယ်ပွင့် ကိုးလ်ပါမားတို့ကြားမှာ အဆင်မပြေတဲ့အခိုက်အတန့်ကို ပရိသတ်တွေ မြင်တွေ့ခဲ့ကြပါတယ်။ ကိုးလ်ပါမားဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။ ဒါပေမယ့် ကိုးလ်ပါမားဟာ...

ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီလူစာရင်းမှာ ချန်လှပ်ခံရတဲ့ ဟမ်းမဲလ် ဂရိအသင်းအင်္ကျီနဲ့ လေ့ကျင့်မှုပြုလုပ်

ဒေါ့မွန်အသင်းနောက်ခံလူဟောင်း ဟမ်းမဲလ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် ဂရိအသင်းအင်္ကျီကိုဝတ်ဆင်ကာ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ်ရှာဖွေမှုတွေပြုလုပ်နေတာပါ။ ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် အဓိကအခန်းကဏ္ဍကနေ...

ဝေဖန်မှုတွေခံနေရတဲ့ အာနိုးလ်နဲ့ ဖိုဒန်ကို အင်္ဂလန်ပွဲထွက်လူစာရင်းမှာ ဆောက်ဂိတ် ထပ်ပြီးအသုံးပြုဖွယ်ရှိ

ဒီနေ့ကစားမယ့် ဒိန်းမတ်-အင်္ဂလန် ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဝေဖန်မှုတွေခံခဲ့ရတဲ့ ကွင်းလယ်လူ အာနိုးလ်နဲ့ ဖိုဒန်ကို ပွဲထွက်လူစာရင်းမှာ ထပ်ပြီးအသုံးပြုလာဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ...