News (Regular)

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ဘာပေ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ဒေးရွှမ့်စ် အတည်ပြု

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က အသင်းခေါင်းဆောင် ဘာပေဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တရားဝင်မီဒီယာနဲ့တွေ့ဆုံချိန်မှာ အတည်ပြုပြောခဲ့ပါတယ်။ ပြင်သစ်အသင်းက သြစတြီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဘာပေဟာ ပြိုင်ဘက်နောက်ခံလူရဲ့ပခုံးနဲ့ မျက်နှာထိခိုက်မိပြီး...

မန်ယူနိုက်တက်က အန်ဒရီအိုနာနာနဲ့ မှားပြီးပြောခဲ့လို့ သတင်းထောက်ကို အမာဒူအိုနာနာ ဒေါသထွက်

ဘယ်လ်ဂျီယံအသင်းက ဆလိုဗက်ကီးယားအသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ အဲဗာတန်အသင်းကွင်းလယ်လူ အမာဒူအိုနာနာဟာ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် သူ့ကို မန်ယူနိုက်တက်အသင်းဂိုးသမား အန်ဒရီအိုနာနာနဲ့ မှားပြီးပြောခဲ့တဲ့ သတင်းထောက်ကို ဒေါသထွက်နေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခဲ့ပါတယ်။ အမာဒူအိုနာနာဟာ...

ပေါ်တူဂီအနိုင်ဂိုးရပြီးနောက် ပြိုင်ဘက်တွေကို လှောင်ပြောင်ခဲ့တဲ့ စီရော်နယ်ဒိုကို ပရိသတ်တွေ ဝေဖန်

မနေ့က ပေါ်တူဂီ(၂-၁) ချက် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ရဲ့ ထပ်ဆောင်းအချိန်ပိုမှာ ပေါ်တူဂီအသင်း အနိုင်ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ချက်အသင်းကစားသမားတွေကို လှောင်ပြောင်အောင်ပွဲခံခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲစဉ်မှာ ချက်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အနောက်ကနေလိုက်ပြီး...

ပွဲမကစားနိုင်ပေမယ့် အတွေ့အကြုံတွေဝေမျှဖို့ ဩစတြီးယားအသင်းနဲ့အတူ အလာဘာရှိနေ

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အလာဘာဟာ ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် သြစတြီးယားအသင်းရဲ့အပြီးသတ်လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပေမယ့် လက်ရှိမှာ သြစတြီးယားအသင်းနဲ့အတူ ဂျာမနီနိုင်ငံမှာရှိနေပါတယ်။ သြစတြီးယားအသင်းခေါင်းဆောင် အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကစားရင်း ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့် အခုအချိန်ထိပွဲကစားနိုင်ခြင်းမရှိသေးတာပါ။ အလာဘာဟာ ပွဲကစားနိုင်ခြင်းမရှိသေးပေမယ့် နည်းပြ ရန်းနစ်ခ်က သူ့ကို...

၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ထုတ်ပြန်ခဲ့ပြီး မန်ယူနိုက်တက် စံချိန်တစ်ခုရရှိ

၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းဟာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ OptaJoe က ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ (၈)ရာသီဆက်တိုက်...

အင်္ဂလိပ်လိုဖြေဆိုဖို့ မေးမြန်းခံရပြီးနောက် အင်တာဗျူးဖြေတာကနေ ဒီဘရိုင်းနားထွက်ခွာ

မနေ့က ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယား ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ မီဒီယာသမားတွေရဲ့မေးမြန်းမှုတွေကို ဖြေဆိုနေချိန် သတင်းထောက်တစ်ဦးက မေးခွန်းတစ်ခုကို အင်္ဂလိပ်လိုဖြေဖို့ ပြောခဲ့ချိန်မှာ အင်တာဗျူးဖြေတာကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို တိုက်စစ်မှူး...

ဘရာဇီးလ်ကိုပါအမေရိကလူစာရင်းကို မိမိရဲ့ဝေဖန်မှုက ကြော်ငြာအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ရော်နယ်ဒင်ညိုဆို

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ညိုက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းအပေါ် သူ့ရဲ့ဝေဖန်မှုက အနံ့အသက်ပျောက်ဆေး Rexona အမှတ်တံဆိပ်ကို လူသိများစေဖို့ ကြော်ငြာလှုပ်ရှားမှုအစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့ရင်ထဲက စကားမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ရော်နယ်လ်ဒင်ညိုဟာ သောကြာနေ့က Youtube မှာ ဘရာဇီးလ်အသင်းအပေါ်သူ့ရဲ့ချစ်မြတ်နိုးမှုတွေနည်းပါးလာပြီး လက်ရှိဘရာဇီးလ်အသင်းဟာ...

ဆားဘီးယားနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် ပုံစံအသစ်နဲ့ အောင်ပွဲခံခဲ့တာကို ဘယ်လင်ဂမ် ရှင်းပြ

မနေ့က အင်္ဂလန်(၁-ဝ)ဆားဘီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းဖော် အာနိုးလ်နဲ့အတူ အောင်ပွဲခံမှုပုံစံအသစ်ပြုလုပ်ခဲ့ပါတယ်။ ဘယ်လင်ဂမ်က ဒါဟာ အင်္ဂလန်အသင်းက ဝံပုလွေအဖွဲ့သားတွေအတွက် အောင်ပွဲခံမှုတစ်ခုလို့ ပွဲအပြီး BBC Sport နဲ့...

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ ခေါင်းဆောင်မှုအဖွဲ့မှာ ဘယ်လင်ဂမ်ကို ဆောက်ဂိတ်ထည့်သွင်း

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ကိုထည့်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်၊လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ပေမယ့် နိုင်ငံအသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာပါဝင်ခဲ့တာပါ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အသက်(၂၀)အရွယ်ရှိ...

အသက်(၅၄)နှစ်အရွယ်မှာပဲ လူ့လောကကို စွန့်ခွာသွားတဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်

အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ဟာ ကာလကြာရှည် နာမကျန်းဝေဒနာခံစားခဲ့ရပြီးနောက် ဒီနေ့ (ဇွန် ၁၅ ရက်) ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကီဗင်ကမ်းဘဲလ်ဟာ ကွယ်လွန်ချိန်မှာ အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အခုဇွန်လအစောပိုင်းက ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။...