News (Regular)

ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့လို့ ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံရ

ပီရူးနိုင်ငံက ပြည်တွင်းဘောလုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အက်သလက်တီကိုအဝါဂျွန်နဲ့ ကန်တိုချီလိုအသင်းတို့ရဲ့Copa Peru ပွဲစဉ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်းက ကစားသမားတစ်ဦးဟာ သူတို့ရရှိမယ့် ထောင့်ကန်ဘောမကန်ခင် ကွင်းထဲဆီးသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဂိုးမရှိသရေကျနေတဲ့ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၁)မိနစ်မှာ အက်သလက်တီကိုအဝါဂျွန်အသင်း ထောင့်ကန်ဘောရရှိချိန်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။ ကန်တိုချီလိုအသင်းဂိုးသမားဖြစ်သူ ပယ်နယ်တီဧရိယာအတွင်း...

ဘရန်ဖိုဒ့်-ပဲလေ့စ် ပွဲစဉ်မှာ ဒိုင်လူကြီးက အမှားပြုလုပ်မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အီဇီ ဆို

မနေ့က ဘရန်ဖိုဒ့်(၂-၁)ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အီဇီက သူ့ရဲ့သွင်းဂိုးကို အငြင်းပွားဖွယ်ခွင့်မပြုခဲ့တဲ့အပေါ်မှာ ကွင်းလယ်ဒိုင်လူကြီး ဘာရော့တ်က သူအမှားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အီဇီဟာ ကိုက်(၃၀)အကွာက ပြစ်ဒဏ်ဘောကန်ချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဒီဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိတာပါ။...

လာလီဂါပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဘာပေကို ဟာဇက် 2.0 လို့ ပရိသတ်တွေ လှောင်ပြောင်

မနေ့က မာယော့ကာ(၁-၁)ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေကို ပရိသတ်တွေက ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဟောင်း ဟာဇက် 2.0 လို့ ဆိုရှယ်မီဒီယာပေါ်မှာလှောင်ပြောင်ခဲ့ကြပါတယ်။ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာပေဟာ ပွဲဦးထွက်ဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့...

ကြွက်တက်နေလို့ အကူအညီပေးဖို့ ကူကူရယ်လာရဲ့တောင်းဆိုမှုကို ဟာလန်း လျစ်လျူရှု

မနေ့က ချယ်လ်ဆီး(ဝ-၂)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ကြွက်တက်နေလို့ အကူအညီပေးဖို့ ချယ်လ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာရဲ့တောင်းဆိုမှုကို လျစ်လျူရှုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်ပြီးနောက် အောင်ပွဲခံအခမ်းအနားကျင်းပချိန်မှာ သူ့ကိုလှောင်ပြောင်သီဆိုမှုပြုလုပ်ခဲ့တဲ့ ကူကူရယ်လာရဲ့လုပ်ရပ်ကို မမေ့သေးကြောင်းဟာလန်းက ပြသသွားခဲ့တာပါ။ ဒီပွဲမှာ...

ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်က မီဒီယာမှာအငြင်းပွားမှုအားလုံးကို အဆုံးသတ်နိုင်တယ်လို့ ဒီဇာဘီဆို

မနေ့က ဘရက်စ်(၁-၅)မာဆေးလ် ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်ဟာ မီဒီယာမှာ အငြင်းပွားမှုတွေအားလုံးကို အဆုံးသတ်နိုင်တယ်လို့ မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဆိုခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လီဂူး-၁ ပွဲဦးထွက်မှာ ပွဲချိန်(၃)မိနစ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တာပါ။...

ဆော်ဒီစူပါဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် စီရော်နယ်ဒို စိတ်ပျက်ပြီး ငွေတံဆိပ်ရယူခဲ့ခြင်းမရှိ

မနေ့က အယ်လ်နာဆာ(၁-၄)အယ်လ်ဟီလယ် ဆော်ဒီစူပါဖလားဗိုလ်လုပွဲအပြီးမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ရှုံးပွဲကြောင့် စိတ်ပျက်ပြီး ငွေတံဆိပ်ကိုမယူဘဲ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းနဲ့ Arab Club Champions Cup ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် ဒုတိယမြောက်ဆုဖလားအဖြစ်...

ချယ်လ်ဆီးက ထွက်ခွာတာဟာ ဘင်ချီဝဲလ်အတွက် ပိုကောင်းလိမ့်မယ်လို့ မာရက်စ်ကာ ဆို

အီတလီလူမျိုးနည်းပြ မာရက်စ်ကာက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်အနေနဲ့ ချယ်လ်ဆီးအသင်းက ထွက်ခွာတာဟာ သူ့အတွက်ပိုကောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဘင်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ကြံ့ခိုင်မှုပိုင်းကြောင့် ပြိုင်ပွဲစုံ(၂၁)ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့သူပါ။ ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာကတော့ ဘင်ချီဝဲလ်ရဲ့နေရာမှာ...

ဖူလ်ဟမ်နဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့တဲ့ မက်ဂွဲယားကို အိုလံပစ်နဲ့ နှိုင်းယှဉ်ပြီး ပရိသတ်တွေ လှောင်ပြောင်

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒိုင်ဗင်ထိုးခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ အိုလံပစ်ပြိုင်ပွဲနဲ့ နှိုင်းယှဉ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဖူလ်ဟမ်အသင်းဂိုးဧရိယာထဲမှာ စမစ်ရိုးနဲ့ထိခိုက်မိပြီး လဲကျသွားခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ ပြိုင်ဘက်ကစားသမားနဲ့ ထိခဲ့ခြင်းမရှိတာပါ။...

ဖူလ်ဟမ်နဲ့ပွဲက မန်ယူနိုက်တက်ရဲ့နည်းဗျူဟာတွေကို Sky Sports ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့နည်းဗျူဟာတွေကို Sky Sports က တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းဟာ လူစားဝင်တိုက်စစ်မှူး ဇက်ခ်ဇီရဲ့ပွဲချိန်(၈၇)မိနစ်မှာ သွင်းယူတဲ့ဂိုးကြောင့် ရာသီအစကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၅၈)မိနစ်မှာ တိုက်စစ်မှူး ဇက်ခ်ဇီလူစားလဲမဝင်ရောက်ချိန် မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးက...

Laughing Gas ဗီဒီယိုကြောင့် ဘစ်ဆူးမားကို လက်စတာနဲ့ပွဲမှာ ပါဝင်ကစားဖို့ စပါးပိတ်ပင်

စပါးအသင်းဟာ Laughing Gas ရှူရှိုက်ခဲ့တဲ့ ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို လက်စတာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဘစ်ဆူးမားဟာ ဒီလုပ်ရပ်အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုက်ထရပ်အောက်ဆိုဒ်ပါဝင်တဲ့ Laughing...