Featured Articles

ပိုင်ရှင်သစ်တွေလက်ထက်မှာ ငွေကြေးသုံးစွဲမှု အများဆုံးကလပ်အဖြစ် အကြိမ်ကြိမ်စိုးမိုးနေတဲ့ ချယ်လ်ဆီး

လန်ဒန်ကလပ်ချယ်လ်ဆီးအသင်းဟာ အသင်းကို အသင်းပိုင်ရှင်သစ်တွေက ဝယ်ယူပြီးနောက်ပိုင်း အပြောင်းအရွှေ့ကာလတွေမှာ ငွေကြေးသုံးစွဲမှုအများဆုံးကလပ်အသင်းအဖြစ် အကြိမ်ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ကာလနောက်ဆုံး(၅)ကြိမ်မှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် (၄)ကြိမ်တိုင် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ဆောင်းရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလနဲ့ အခုလက်ရှိ ၂၀၂၄...

ပရီးမီးယားလိဂ်ရာသီအစက ဘယ်အသင်းတွေဘယ်လောက်အထိ ခက်ခဲမလဲ …ဘယ်အသင်းတွေ ဘယ်လောက်အထိ လွယ်ကူမလဲ ..

အခုလာမယ့် သောကြာနေ့ (သြဂုတ်၁၆ရက်နေ့)မှာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီသစ်စတင်တော့မှာဖြစ်ပါတယ်။ ပွဲစဉ်(၁)မှာပဲ လက်ရှိချန်ပီယံမန်စီးတီးအသင်းက အဝေးကွင်းမှာ လန်ဒန်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ရာသီသစ်စစချင်းမှာ ပွဲကြီးပွဲကောင်းတွေပါဝင်နေပြီး ပရိသတ်တွေအနေနဲ့ ရာသီအစမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ရသတွေကို ခံစားရတော့မှာပါ။ ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့...

အာဆင်နယ်အသင်းဗိုလ်စွဲမယ်ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ်ခန့်မှန်းချက်

လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ မန်ယူနိုက်တက်၊ စတုတ်စီးတီးအစရှိတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လာမယ့် ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီကုန်ရင် အမှတ်ပေးဇယားထိပ်ဆုံးအဆင့်(၄)အတွင်း ရပ်တည်မယ့် အသင်း(၄)သင်းကို ရွေးချယ်ခဲ့ပါတယ်။ အိုဝင်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်အသင်းအဖြစ် ရွေးချယ်ခဲ့ပြီး...

လာမယ့် ပရီးမီးယားလိဂ်မှာ တွေ့မြင်ရမယ့် VAR အပြောင်းအလဲတစ်ခု

ပရီးမီးယားလိဂ်မှာ VAR နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြပြောဆိုမှုတွေ များပြားလာတာနဲ့အမျှ တာဝန်ရှိသူတွေကလည်း ဒီစနစ်ကို ပိုကောင်းလာအောင် နည်းမျိုးစုံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြပါတယ်။ VAR ဆက်ထားသင့်မထားသင့် အဆိုပြုမှုကလည်း ပြီးခဲ့တဲ့ရာသီမဲခွဲပွဲမှာ (၁၉-၁)မဲနဲ့ ဆက်ထားတဲ့ဘက်က အနိုင်ရပြီးနောက်မှာ ဒီစနစ်ကို...

ပုံမှန်အချိန်အတွင်း သရေကျနေရင် အချိန်ပိုမကစားဘဲ ပယ်နယ်တီ တန်းကန်မယ့် ဥရောပစူပါဖလားပွဲ

ဒီနေ့ညသန်းခေါင်ကျော် (မြန်မာစံတော်ချိန်) သြဂုတ်(၁၅)ရက် နံနက်(၁း၃၀)နာရီမှာ စတင်ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေရင် အချိန်ပို(Extra Time)ကစားမှာ မဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ နှစ်စဉ်ဗိုလ်လုကြတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ...

မန်ယူနိုက်တက်ပရိသတ်တွေကို ပွဲဆူသွားစေတဲ့ ကာရေဂါရဲ့ ပရီးမီးယားလိဂ် အကြိုခန့်မှန်းမှု

၂၀၂၄-၂၅ ဘောလုံးရာသီကုန်ဆုံးချိန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်မယ့်အသင်း(၆)သင်းကို လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက ဟောကိန်းထုတ် ခန့်မှန်းလိုက်ပါတယ်။ ကာရေဂါရဲ့ရွေးချယ်မှုအပြီးမှာ မန်ယူနိုက်တက် ပရိသတ်တွေဆီက ဒေါကတကြီး ဝေဖန်တိုက်ခိုက်မှုတွေ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကာရေဂါက သူ့ရဲ့လီဗာပူးလ်အသင်းနဲ့ ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းကို...

ပရီးမီးယားလိဂ်ရာသီမစတင်မီ အသင်းလိုဂို အပြောင်းအလဲလုပ်ခဲ့တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ ရက်ပိုင်းအလိုမှာ သူတို့အသင်းရဲ့လိုဂိုအသစ်ကို နေရာအတော်များများမှာ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အထူးသဖြင့် ပြောင်းလဲဖို့ခက်ခဲတဲ့ အသင်းအိမ်ကွင်း၊ လေ့ကျင့်ရေးကွင်းက လိုဂိုပုံနေရာတွေမှာ ပြောင်းလဲမှာ မဟုတ်ပေမယ့် ပြောင်းဖို့လွယ်ကူတဲ့ အွန်လိုင်း/ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ အပြောင်းအလဲပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း...

ဆန်ခါတင်(၆)ဦးစီ ထုတ်ပြန်ခဲ့တဲ့ PFA ရဲ့ အကောင်းဆုံးဆုများ

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဆုဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men's Young Player of...

ကစားသမားတစ်ဦးကို ကြမ်းတမ်းစွာဆဲဆိုနေတဲ့ ရုပ်သံကြောင့် ဝေဖန်ခံနေရတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီဟာ သူ့ရဲ့အသင်းဟောင်း ဘန်လေမှာ ကစားသမားတစ်ဦးကို ကြမ်းကြမ်းတမ်းတမ်း အဆက်မပြတ်ဆဲဆိုနေတဲ့ရုပ်သံကြောင့် ပရိသတ်တွေရဲ့ပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါတယ်။ ကွန်ပနီဟာ ဘန်လေအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဘန်လေကစားသမားတစ်ဦးဖြစ်သူ အိုက်စလန်ကွင်းလယ်လူဂျိုဟန်ဘတ်ဂူမန်ဆန်ကို နောက်ကလိုက်ပြီး ဆဲဆိုတဲ့စကားလုံးတွေ(၁၅)ကြိမ်တိုင်တိုင်သုံးပြီး ဆူပူကြိမ်းမောင်းခဲ့တာပါ။ နာမည်ကြီးရုပ်သံ Sky က ဘန်လေအသင်းအကြောင်း ရိုက်ကူးဖော်ပြတဲ့...

အိမ်ကွင်းအန်ဖီးလ်မှာ တစ်ရက်တည်း ခြေစမ်းပွဲ(၂)ပွဲ ကစားခဲ့တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ ရာသီကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲတွေကစားလျက်ရှိနေရာမှာ နောက်ဆုံးခြေစမ်းပွဲ(၂)ပွဲကို တစ်ရက်အတွင်းမှာ ထူးထူးခြားခြားကစားခဲ့ပါတယ်။ မနေ့က (သြဂုတ်၁၁ ရက်နေ့) တစ်ရက်တည်းမှာ စပိန်ကလပ်အသင်း(၂)သင်းနဲ့ ရာသီကြိုခြေစမ်းပွဲ(၂)ပွဲကို အိမ်ကွင်းအန်ဖီးလ်မှာ ကစားခဲ့တာပါ။ လီဗာပူးလ်ကစားသမားတွေကို နှစ်သင်းခွဲပြီး ပထမတစ်သင်းက စပိန်ကလပ်ဆီဗီလာအသင်းနဲ့ ဗြိတိန်စံတော်ချိန်...