Featured Articles

ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ အာဂျင်တီးနား ဆုံတွေ့မယ့် ပါရီအိုလံပစ်(အမျိုးသားဘောလုံး) ပြိုင်ပွဲ

အိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ပြင်သစ်၊ အမေရိကန်၊ မော်ရိုကို၊ အာဂျင်တီးနား၊ အီဂျစ်၊ စပိန်၊ ဂျပန်၊ ပါရာဂွေးအစရှိတဲ့အသင်းတွေ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာပါတယ်။ ပါရီအိုလံပစ်အိမ်ရှင် ပြင်သစ်အသင်းက အုပ်စု(A)မှာ ပထမရခဲ့ပေမယ့် အုပ်စု(B)မှာ အာဂျင်တီးနားအသင်းက အုပ်စု...

ဘရာဇီးလ် အမျိုးသမီးလက်ရွေစင်အသင်းမှာ နိုင်ငံတကာပွဲ(၂၀၀) ပြည့်သွားတဲ့ မာတာ

ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးမာတာဟာ ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ် ဘရာဇီးလ်(၁-၂)ဂျပန်ပွဲမှာ နိုင်ငံတကာပွဲ(၂၀၀)ပြည့်သွားခဲ့ပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး (၁၁၈)ဂိုးသွင်းယူပေးထားသူပါ။ မာတာဟာ ဘရာဇီးလ်အမျိုးသမီးအသင်းမှာ ပွဲအများဆုံးကစားထားသူတော့မဟုတ်ပါဘူး။ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတာက...

အသက် (၂၅) နှစ်အရွယ်မှာပဲ ပြင်သစ် ဒုတိယတန်း ကလပ်အသင်းရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာတဲ့ ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေဟာ ပြင်သစ်ဒုတိယတန်းဖြစ်တဲ့ Ligue - 2 က ကလပ်အသင်းတစ်သင်းကို အဓိကပိုင်ဆိုင်သူဖြစ်လာပါတယ်။ ဘာပေဟာ လက်ရှိမှာ အသက်(၂၅)နှစ်အရွယ်သာရှိသေးတာကြောင့် ဥရောပရဲ့အသက်အငယ်အရွယ်ဆုံးကလပ်အသင်းပိုင်ရှင်(သို့မဟုတ်)ရှယ်ယာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။ Ligue - 2 က ကလပ်အသင်းတစ်သင်းဖြစ်တဲ့ SM...

မာဆေးလ် ကစားသမားဖြစ်ပြီး မိနစ်(၃၀) အတွင်း ပွဲဦးထွက်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်

မန်ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်တိုက်စစ်မှူးဂရင်းဝုဒ်ဟာ သူ့ရဲ့ပထမဆုံးမာဆေးလ်ကစားသမားဘ၀ မိနစ်(၃၀)အတွင်းမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မာဆေးလ်အသင်းဟာ ပြင်သစ်ဒုတိယတန်းက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Pau FC အသင်းနဲ့ ကစားခဲ့ရာမှာ ဂရင်းဝုဒ်က သူ့ရဲ့ပထမဆုံးပွဲအဖြစ် ပါဝင်ကစားပြီး မိနစ်(၃၀)မှာ...

အဖေဆစ်ဆေးခြေရာနင်းမလားစောင့်ကြည့်ရမယ့် သားပရင့်စ် ဆစ်ဆေး

လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပြင်သစ်တိုက်စစ်မှူးဟောင်းဒီဂျီဘရယ်လ်ဆစ်ဆေးရဲ့သားဖြစ်သူ ပရင့်စ်ဆစ်ဆေးဟာ လီဗာပူးလ်အသင်းနဲ့ ပညာသင်စာချုပ်ချုပ်ဆိုခဲ့ပြီး အဖေခြေရာနင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ မကြာသေးခင်ကမှ အသက်(၁၆)နှစ်ပြည့်ခဲ့တဲ့ ပရင့်စ်ဆစ်ဆေးဟာ လီဗာပူးလ်အကယ်ဒမီမှာ ကျောင်းစာနဲ့အတူ ဘောလုံးပညာသင်ကြားရမှာဖြစ်ပါတယ်။ ပရင့်စ်ဆစ်ဆေးအနေနဲ့ အကယ်ဒမီမှာ ခြေစွမ်းပြနိုင်ခဲ့ရင် လီဗာပူးလ်ယူ-၁၈အသင်းမှာ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ပရင့်စ်ဆစ်ဆေးရဲ့ဖခင်ဖြစ်သူဆစ်ဆေးဟာ လီဗာပူးလ်အသင်းမှာ...

ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေလို BMWဆီက ကားသစ်တစ်စီးလက်ဆောင်ရမယ့် ဘာပေ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဘာပေဟာ ဂျာမန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BMW ကနေကားသစ်တစ်စီးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW ကုမ္ပဏီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး ဒီစပွန်ဆာစာချုပ်အရ ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ BMW ကားသစ်တစ်စီးစီ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW က...

မန်ယူနိုက်တက်ပရိသတ်တွေကို လီဗာပူးလ်အသင်း လှည့်စားခဲ့စဉ်က ..

(The inside story of football) ၂၀၂၁ မေလ(၂၅)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်အသင်းက ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ လာရောက်ခဲ့ပါတယ်။ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက်အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ပွဲမတိုင်မီကတည်းက နှစ်ဖက်ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်ပွဲဖြစ်နေပြီး လီဗာပူးလ်အသင်းဘတ်စ်ကားကို အနှောင့်အယှက်ပေးဖို့...

အော်နယ်ဒိုလို့ရေးခဲ့မိတာတွက် ခနဲ့တဲ့တဲ့ ပြန်တောင်းပန်ခဲ့တဲ့ ဟာလန်း

မန်စီးတီးအသင်းက အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ (၂) ပွဲကစားပြီးချိန်မှာ တတိယပွဲကစားဖို့ နယူးယောက်မြို့ကနေ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ကို ခရီးဆက်ရပါတယ်။ အော်လန်ဒိုမှာ ဇူလိုင် (၃၀) ရက်နေ့ကျရင် မန်စီးတီးအသင်းက ဘာစီလိုနာအသင်းနဲ့ ကစားရမှာပါ။ နယူးယောက်ကနေ အော်လန်ဒိုကို လေယာဥ်နဲ့...

ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဒီယွန်း

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ကစားနေကြတဲ့ကစားသမားတွေထဲမှာ လစာငွေအများဆုံးရတဲ့ကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီယွန်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းရဲ့ပွဲအတော်များများကို လွဲချော်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာလည်း မပါဝင်နိုင်ခဲ့သူပါ။ ဒါအပြင် ဘာစီလိုနာအသင်းရဲ့လက်ရှိရာသီကြိုပြင်ဆင်မှုတွေမှာလည်း ဒီယွန်းအနေနဲ့ ဒဏ်ရာအကင်းမသေသေးတာကြောင့် မပါဝင်နိုင်သေးဘဲ...

ဝက်စ်ဟမ်းရဲ့ အမှတ်တံဆိပ် ပုံစံပြုလုပ်ခဲ့လို့ ဗီလာအသင်းရဲ့ အရေးယူမှုခံရတော့မယ့် ဒူရွန်

အက်စတွန်ဗီလာအသင်းဟာ ဆိုရှယ်မီဒီယာမှာ လက်နှစ်ဘက်ကို ဝက်စ်ဟမ်းအသင်း အမှတ်တံဆိပ်ပုံစံလုပ်ပြခဲ့တဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူးဒူရန်ကို စစ်ဆေး အရေးယူဖို့ စီစဉ်နေပါတယ်။ အသက်(၂၀)အရွယ် ကိုလံဘီယာကစားသမားဒူရန်ဟာ သူ့ရဲ့Instagram မှာ သူ့လက်နှစ်ဘက်ကို လက်သီးဆုပ်ပြီး ကန့်လန်ဖြတ်လုပ်တဲ့ ဗီဒီယိုဖိုင်အတိုကို တင်ခဲ့တာပါ။ ပြီးခဲ့တဲ့...