Featured Articles

အရောင်တွေ ပြောင်းပြန်ဖြစ်သွားတဲ့ မန်ချက်စတာ နှစ်သင်း

မန်ယူနိုက်တက်အသင်းရဲ့အောင်ပွဲခံအခမ်းအနားတွေမှာ မန်ယူနိုက်တက်ပရိသတ်တွေက Manchester is Red လို့ ကြွေးကြော်တတ်ကြပါတယ်။ ဒီလိုပဲ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားတွေမှာလည်း မန်စီးတီးပရိသတ်တွေက Manchester is Blue လို့ ကြွေးကြော်တတ်ကြပြန်ပါတယ်။ လာမယ့် ၂၀၂၄-၂၅ ရာသီ ဒီနှစ်သင်းရဲ့အင်္ကျီဝတ်စုံတွေကို...

နည်းပြတွေက တစ်နှစ် ပွဲပယ်ခံရ၊ အသင်းကရမှတ်လျှော့ခံရတဲ့ ကနေဒါအသင်းရဲ့ ဒရုန်းပြဿနာ

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် ကနေဒါအမျိုးသမီးဘောလုံးအသင်းဟာ ပြိုင်ဘက်နယူးဇီလန်အသင်းရဲ့နည်းစနစ်၊ နည်းဗျူဟာတွေကို သိရှိဖို့ ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် (၆)မှတ်လျှော့ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် ကနေဒါအမျိုးသမီးအသင်းနည်းပြဘက်ဗ်ပရီးစ်မန်နဲ့ နည်းပြအဖွဲ့ဝင်(၂)ဦးကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တစ်နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အိုလံပစ် (အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ကနေဒါအသင်းဟာ...

အိုလံပစ်မှာ ရွှေဆုနဲ့ ဆယ်စုနှစ(၃)ခုကြာဝေးနေတာကို ဥရောပအသင်းတွေ အဆုံးသတ်နိုင်မလား

ခေတ်သစ်နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ (အမျိုးသားဘောလုံး)ပြိုင်ပွဲကို ဒုတိယအကြိမ်ပြိုင်ပွဲဖြစ်တဲ့ ၁၉၀၀ ပါရီအိုလံပစ်ပြိုင်ပွဲမှာ စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အစောပိုင်းကာလတွေမှာ ဥရောပဘောလုံးအသင်းတွေက ချန်ပီယံဆုကို လွှမ်းမိုးရယူနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာတော့ ဥရောပအသင်းတွေ အောင်မြင်မှုနဲ့ သိသိသာသာဝေးကွာလာပါတယ်။ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ(အမျိုးသားဘောလုံး)ရွှေဆုကို ဥရောပအသင်းတွေ မရယူနိုင်တာ ဆယ်စုနှစ်(၃)ခုမကကြာခဲ့ပါပြီ။...

သူခိုးတွေ သောင်းကျန်းနေတဲ့ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲ

ကျင်းပလျက်ရှိနေတဲ့ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ သူခိုးတွေသောင်းကျန်းနေပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခံရတာကြောင့် တိုင်ကြားမှုတွေရှိနေပါတယ်။ ပထမဆုံးခိုးယူခံရတာက အာဂျင်တီးနားအိုလံပစ်ဘောလုံးအသင်းပါ။ အာဂျင်တီးနားအိုလံပစ်အသင်းနည်းပြ မာရှေရာနိုက သူ့အသင်းက ပစ္စည်းတချို့ခိုးယူခံရတယ်လို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပါတယ်။ အာဂျင်တီးနားအသင်း လေ့ကျင့်ခန်းဆင်းနေစဉ်မှာ အသင်းတည်းခိုရာနေရာက ပစ္စည်းတချို့ခိုးယူခံရတာဖြစ်ပြီး ခိုးယူခံရတဲ့ပစ္စည်းတွေထဲမှာ...

မော်တော်ကားနဲ့ပတ်သက်ရင် ဇာတာကျနေပြီး တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ ရပ်ရှ်ဖို့ဒ်

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာ မော်တော်ကားနဲ့ ပတ်သက်လာရင်အကျိုးမပေးဖြစ်နေပြီး ဒီအတောအတွင်း တစ်ခုပြီးတစ်ခုဖြစ်ပွားနေတာကို တွေ့နေရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ မန်ယူနိုက်တက်အသင်းနဲ့အတူ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဒီခြေစမ်းခရီးစဉ်မထွက်ခွာခင် မန်ချက်စတာမြို့မှာ ယာဉ်မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ ဇူလိုင်(၁၆)ရက်နေ့မှာ ချက်ရှိုင်းယားဒေသက...

မန်ယူနိုက်တက်ရဲ့ အ​ပြာရောင်ရင့်ရင့် အ​ဝေးကွင်း အင်္ကျီကို ပရိသတ်တွေ အကြိုက်တွေ့နေပြီး စံချိန်တင်ရောင်းရ

မန်ယူနိုက်တက်အသင်းဟာ လာမယ့်၂၀၂၄-၂၅ ရာသီမှာ ဝတ်ဆင်မယ့် အဝေးကွင်းအင်္ကျီကို အပြာရင့်ရောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ရာမှာ လူကြိုက်များနေကြောင်း သိရပါတယ်။ ရာသီကြိုကာလမှာ ဒီအင်္ကျီကို မန်ယူနိုက်တက်ပရိသတ်တွေက အများအပြားဝယ်ယူအားပေးနေကြပြီး အသင်းရဲ့အဝေးကွင်းဝတ်စုံရောင်းချရမှုတွေထဲမှာ စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ၁၉၉၀ ကျော်ခုနှစ်တွေက ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဒီဇိုင်းကို...

ပါကယ်တာ ဘက်ကရပ်တည်ပြီး FA ကို အားကစားခုံရုံးမှာ ရင်ဆိုင်တုံ့ပြန်သွားမယ့် ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ကွင်းလယ်လူပါကယ်တာကို အရေးယူဖို့ စီစဉ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို အားကစားဥပဒေလမ်းကြောင်းအရ ပြန်လည်တုံ့ပြန် ရင်ဆိုင်သွားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ လူဆန်နီမြို့မှာရှိတဲ့ နိုင်ငံတကာအားကစားခုံရုံး(Court of Arbitration for Sport)ကနေ FA ကို ရင်ဆိုင်တုံ့ပြန်သွားဖို့...

၂၁ ရာစုမှာ တန်းမဆင်းတဲ့ မှတ်တမ်းကောင်းကို ဆေးလ်ဗားရဲ့ အကူအညီနဲ့ ဖလူမင်နန့်စ် ဆက်ထိန်းထားနိုင်မလား

ဘရာဇီးလ်ကလပ် ဖလူမင်နန့်စ်အသင်းဟာ (၂၁)ရာစုမှာ ဘရာဇီးလ်ပြည်တွင်းလိဂ်ရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ Campeonato Brazileiro Serie A မှာ အစဉ်အမြဲကစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းက ဒီရာသီမှာတော့ အခြေအနေဆိုးနေပြီး အသင်း(၂၀)ရှိတဲ့ Campeonato Brazileiro Serie A မှာ...

ပရော်ဖက်ရှင်နယ် ကလပ်အသင်းဘဝကို စွန့်လွှတ်ခဲ့တဲ့ ဘော်ဒိုးအသင်း

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ပရော်ဖက်ရှင်ကလပ်အသင်းဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကို အသိပေးအကြောင်းကြားခဲ့ပါတယ်။ ကလပ်အသင်းကို ပရော်ဖက်ရှင်ကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့အခြေအနေမရှိတော့တာကြောင့် ဘော်ဒိုးအသင်းတာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို မဖြေရှင်းနိုင်လို့ ပြင်သစ်လိဂ်တတိယတန်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချခံထားရပါတယ်။ ဇူလိုင်လအစောပိုင်းက...

နယူးဇီလန်-ကနေဒါ အမျိုးသမီးပွဲကြို ဒရုန်းထောက်လှမ်းရေး ဇာတ်လမ်း

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် နယူးဇီလန်အမျိုးသမီးဘောလုံးအသင်းရဲ့လေ့ကျင့်ရေးကွင်းအပေါ်မှာ ဇူလိုင်(၂၄)ရက် မနက်ပိုင်းက ဒရုန်းတစ်စင်း ပျံသန်းနေတာကို နယူးဇီလန်အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေ သတိထားမိခဲ့ပါတယ်။ ဒီအချိန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစစအရာရာကို သတိထားနေရတဲ့အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေက အချိန်မဆိုင်းဘဲ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက တစ်ဆင့် ပြင်သစ်ရဲတပ်ဖွဲ့ကို...