Featured Articles

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေကြသူများ

ယူရို -၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးနိမ့်အပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းက နုတ်ထွက်ခဲ့တဲ့ နည်းပြဆောက်ဂိတ်နေရာမှာ အစားထိုးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူတွေက နည်းပြသစ်ရှာဖွေလျက်ရှိနေပါတယ်။ ဖိအားများတဲ့ ထိုင်ခုံပူလို ဖြစ်နေတဲ့ ဒီနည်းပြရာထူးနေရာအတွက် လက်ရှိမှာ နည်းပြပေါင်းများစွာက ရေပန်းစားနေပါတယ်။ ဘွတ်ကီဒိုင်တွေက ကြေးအမြင့်ဆုံးပေးပြီး...

စပိန်ကစားသမားတွေ တစ်ဝက်မက လွှမ်းမိုးခဲ့တဲ့ ယူရို-၂၀၂၄ နေရာအလိုက် အကောင်းဆုံးအသင်း

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့နည်းစနစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့(UEFA's Technical Observer Team)ဟာ ယူရိုပြိုင်ပွဲတစ်ခုပြီးဆုံးတဲ့အခါတိုင်း ပြိုင်ပွဲမှာ နေရာအလိုက်အကောင်းဆုံးကစားခဲ့သူတွေကို စုစည်းပြီး အကောင်းဆုံးအသင်း(Team of the Tournament)ကို ထုတ်ပြန်လေ့ရှိပါတယ်။ အခု ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်း(Euro 2024 Team of...

ချန်ပီယံဆုဖလားတွေနဲ့ အတူ စပိန်တို့အတွက် ရွှေရောင်လွှမ်းတဲ့နေ့ရက်များ

ဒီနှစ်အပိုင်းအခြားကာလက စပိန်ဘောလုံးတင်မကဘဲ အားကစားလောကအတွက် ရွှေရောင်နေ့ရက်တွေလို့ ဆိုရမှာပါပဲ။ မနှစ်က ဒီလိုအချိန် ၂၀၂၃ ဇူလိုင်လမှာကျင်းပတဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ စပိန်တင်းနစ်ကစားသမားကားလိုစ်အယ်လ်ကာရက်ဇ်က ဆားဘီးယားတင်းနစ်ကစားသမားဂျိုကိုဗစ်ကို အနိုင်ရဗိုလ်စွဲခဲ့တယ်။ နောက်တစ်လအကြာမှာပဲ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို ဗိုလ်လုပွဲမှာအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တယ်။...

ပရိသတ်တွေအကြားအမြင်အမျိုးမျိုးကွဲပြားနေတဲ့ လာမယ့်ရာသီ ချယ်လ်ဆီးအသင်း အင်္ကျီဒီဇိုင်း

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းဝတ်ဆင်မယ့် အင်္ကျီဒီဇိုင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ချယ်လ်ဆီးအသင်းအားပေးသူပရိသတ်တွေအကြား အမြင်တွေ ကွဲပြားနေကြကြောင်း သိရပါတယ်။ ၂၀၂၄-၂၅ ရာသီသစ်မှာ ချယ်လ်ဆီးအမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ ဝတ်ဆင်မယ့် အင်္ကျီအရောင်အသွေးနဲ့ပုံစံ(Pattern)ဟာ အရင်တွေ့မြင်နေကျ အသင်းအင်္ကျီတွေနဲ့ ပုံစံချင်းကွာခြားနေပြီး ပရိသတ်တချို့ကတော့ ဒီအင်္ကျီအပေါ်မှာ...

ဂျာမနီလက်ရွေးစင်ဘဝက အနားယူသွားတဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်အသင်းဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ဂျာမနီလက်ရွေးစင်ကစားသမားဘဝက အနားယူပြီလို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ဂျာမနီအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားခဲ့တဲ့ သောမတ်စ်မူလာဟာ နိုင်ငံအသင်းအတွက် (၁၃၁)ပွဲကစားပြီး (၄၅)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ သောမတ်စ်မူလာဟာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လိုသာမာသီးယက်စ်၊ ကလိုဆေးတို့ပြီးနောက်...

ဆုဖလားနဲ့ လက်တစ်ကမ်းအလို ဗိုလ်လုပွဲတွေရောက်တိုင်း ကျိန်စာမိသလို အမြဲကျရှုံးနေရတဲ့ ဟာရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအတွက်တော့ ဆုဖလားတွေဆိုတာက သူနဲ့မအပ်စပ်တဲ့အရာတွေလို ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတုန်းပါပဲ။ စပါးမှာ ဖလားလက်မဲ့ရာသီတွေကို ဆက်တိုက်ကြုံတွေ့နေရလို့ ဂျာမန်အသင်းကြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာတယ်။ ဘိုင်ယန်မြူးနစ်အသင်းပါ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်သွားတယ်။ အခုလည်း ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ကံမကောင်းတဲ့မှတ်တမ်းဆိုးကို...

ချန်ပီယံရေပန်းစားမှုမှာ အပြတ်အသတ်သာတာ အာဂျင်တီးနား၊ အကောင်းဆုံးကစားသမားဆုမှာ ရေပန်းစားတာ ဟားမိစ်

မနက်ဖြန်မနက် မြန်မာစံတော်ချိန်(၆း၃၀)နာရီမှာ ကစားကြမယ့် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ ဆိုတာကို ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က တွက်ချက်ဖော်ပြခဲ့ပါတယ်။ Opta ရဲ့ဖော်ပြချက်အရ အာဂျင်တီးနားအသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၆၂.၄%)အထိရှိနေပြီး ကိုလံဘီယာရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၃၇.၆%)ရှိနေပါတယ်။...

၂၀၂၁ တုန်းက အီတလီဘောလုံး+တင်းနစ် ပရိသတ်တွေလို တစ်ရက်အတွင်း နှစ်မျိုးရင်ခုန်ရမယ့် စပိန်ပရိသတ်များ

လွန်ခဲ့တဲ့(၃)နှစ်က ယူရို-၂၀၂၀ ဗိုလ်လုပွဲကစားခဲ့တဲ့နေ့မှာ အင်္ဂလန်က ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ (အမျိုးသား)ဗိုလ်လုပွဲ ကစားခဲ့ပါတယ်။ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းနဲ့ ကစားခဲ့သလို ဝင်ဘယ်လ်ဒန်တင်းနစ်ဗိုလ်လုပွဲမှာ အီတလီတင်းနစ်ကစားသမား မက်တီယိုဘာရက်တီနီက ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ကစားခဲ့ရပါတယ်။ ဘောလုံးကိုရော၊...

(၃)ဂိုးအထက် သွင်းနိုင်သူမရှိရင် ပူးတွဲချီးမြှင့်ခံရမယ့် ယူရို-၂၀၂၄ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ချက်တိုက်စစ်မှူးပက်ထရစ်ရှစ်တို့ ပြိုင်ပွဲအပြီးမှာ သွင်းဂိုး(၅)ဂိုးစီနဲ့ တူညီခဲ့ပါတယ်။ ဂိုးဖန်တီးမှုမှာ ပက်ထရစ်ရှစ်က တစ်ကြိမ်မှ မရှိဘဲ စီရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ်ရှိခဲ့တာကြောင့် ပြိုင်ပွဲရဲ့ Golden Boot ဆုကို စီရော်နယ်ဒိုက ရရှိခဲ့ပါတယ်။...

ယူရို-၂၀၁၆ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ နှိုင်းယှဉ်ခံနေရတဲ့ အင်္ဂလန်ရဲ့ ချန်ပီယံ လမ်းကြောင်း

ယူရို- ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်မလားဆိုတာကို အားကစားဆိုရှယ်မီဒီယာတချို့က ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့စဉ်က ချန်ပီယံလမ်းကြောင်းနဲ့ နှိုင်းယှဉ်ဖော်ပြနေကြပါတယ်။ ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်း ရှူံးထွက်အဆင့်တွေ(Round of 16/ ကွာတားဖိုင်နယ်/ဆီမီးဖိုင်နယ်အဆင့်တွေ)မှာ ဖြတ်သန်းခံပုံနဲ့...