Featured Articles

အီယန်မတ်ဆန်အတွက် အနိမ့်အမြင့် အတက်အကျနဲ့ အပြောင်းအလဲများတဲ့ နွေရာသီ

ဒေါ့မွန်အသင်းရဲ့ဒတ်ချ်နောက်ခံလူအီယန်မတ်ဆန်အတွက် အခုနွေရာသီက အပြောင်းအလဲများတဲ့နွေရာသီလို့ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးအသင်းကနေ ဒေါ့မွန်အသင်းကို ရာသီဝက် အငှားစာချုပ်နဲ့ လာကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ မတ်ဆန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်း ပဏာမလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒေါ့မွန်အသင်းနဲ့...

အယ်လ်ဂါဇီနဲ့ မိန့်ဇ်အသင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုက်ပွဲ

ဒတ်ချ်တောင်ပံတိုက်စစ်ကစားသမား အယ်လ်ဂါဇီကို ၂၀၂၃ အောက်တိုဘာလအတွင်းက အသင်းကနေ ထုတ်ပယ်ခဲ့ခြင်းအတွက် သူ့ရဲ့အသင်းဟောင်း မိန့်ဇ်အသင်းအနေနဲ့ အပြစ်ရှိကြောင်း ဂျာမန်တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပြီး ပြီးခဲ့တဲ့ (၉)လအတွင်း ပေးချေရမယ့် လစာငွေတွေကို ပုံမှန်အတိုင်းပေးချေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ အယ်လ်ဂါဇီ အနိုင်ရသွားတာက...

မန်စီးတီးအသင်းထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေတဲ့ ဥရောပ ကလပ်အသင်း အဆင့်သတ်မှတ်ချက်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကလပ်အသင်းအဆင့်သတ်မှတ်ချက်(UEFA Club Ranking)မှာ မန်စီးတီးအသင်းက စုစုပေါင်းရမှတ်(၁၂၃)မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပါတယ်။ လိဂ်အသင်းတွေရဲ့ UEFA Coefficient အတိုင်း နောက်ဆုံး(၅)ရာသီ ရမှတ်တွေကို စုပေါင်းတွက်ချက်ကာ ကလပ်အသင်းအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ UEFA က...

၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲ အပြီးမှာ အာဂျင်တီးနားအသင်းက အနားယူတော့မယ့် ဒီမာရီယာ

အာဂျင်တီးနားဝါရင့်ကွင်းလယ်လူဒီမာရီယာဟာ အခုဇူလိုင်(၁၄)ရက်နေ့မှာ ကစားမယ့် ၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူတော့မှာဖြစ်ပါတယ်။ ဒီမာရီယာက အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ကစားမယ့် ကိုပါအမေရိကဗိုလ်လုပွဲဟာ သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဒီပွဲက အာဂျင်တီးနားအသင်းအတွက် ကျွန်တော့်ရဲ့နောက်ဆုံးတိုက်ပွဲပါ။ ကျွန်တော်များများစားစားပြောဖို့မရှိပါဘူး။ အရင်က ကျွန်တော်အများကြီးပြောခဲ့ပြီးပါပြီ။ အာဂျင်တီးနားပရိသတ်တွေကို...

ဥရောပ ယူ-၂၁ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ကိုးလ်ပါးမားနဲ့ ရန်ကြွေးကို ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်တို့ လက်စားချေနိုင်မလား

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ တောင်ပံကစားသမားကိုးလ်ပါမားက ကျန်အင်္ဂလန်ကစားသမားတွေနဲ့စာရင် စပိန်မီဒီယာတွေ၊ စပိန်ပရိသတ်တွေရဲ့မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသူပါ။ အကြောင်းကတော့ မနှစ်က ကျင်းပခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁...

ယူရိုဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ်မှတ်တမ်းဝင်မယ့် လီတက်ဆီယာ

စပိန်နဲ့အင်္ဂလန်တို့ ကစားမယ့် ယူရို -၂၀၂၄ ဗိုလ်လုပွဲကို ပြင်သစ်လူမျိုးဒိုင်လူကြီးဖရန်စီယိုလီတက်ဆီယာက တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လီတက်ဆီယာဟာ အသက်(၃၅)နှစ်အရွယ်သာရှိသေးသူဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ အရင်က ယူရိုဗိုလ်လုပွဲမှာ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ်...

(၅)ပွဲမှာ အကောင်းဆုံးကစားသမားဆု (၄) ကြိမ်ရယူပြီး ကိုပါအမေရိကမှာ ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွတ်ဇ်

ဥရောပကလပ်တွေဖြစ်တဲ့ ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်၊ အိုလံပီယာကော့စ်အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အခုအချိန်မှာ တောင်အမေရိကတိုက်က ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ်(၃၂ နှစ်)က ဥရောပကို စွန့်ခွာခဲ့ပေမယ့် သူက အရင်ကလိုပဲ ဒေါင်ဒေါင်မြည်ကစားသမားတစ်ဦးဖြစ်နေဆဲဆိုတာ...

ယူရို-၂၀၂၄ ဗိုလ်လုပွဲရောက် စပိန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်း

ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်တွေ ထုတ်ပြန်ပေးနေတဲ့ Opta ဝက်ဘ်ဆိုက်က ယူရို-၂၀၂၄ ဗိုလ်လုပွဲ ရောက်အသင်း(၂)သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ Opta ရဲ့ထုတ်ပြန်ချက်အရ စပိန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၆၀.၃၈%)အထိရှိနေပြီး အင်္ဂလန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၃၉.၆၂%)သတ်မှတ်ခံထားရပါတယ်။...

တူရကီဘောလုံးလောကမှာ အအောင်မြင်ဆုံး (၃) သင်းကို (၃)နှစ်အတွင်းပြောင်းရွှေ့ခဲ့တဲ့ ဘတ်ရှုအာယီ

ဘယ်လ်ဂျီယံတိုက်စစ်မှူးဘတ်ရှုအာယီဟာ တူရကီဘောလုံးလောကမှာ မှတ်တမ်းတင်လောက်တဲ့ ထူးခြားတဲ့အပြောင်းအရွှေ့တွေကို (၃)နှစ်အတွင်းပြုလုပ်ခဲ့ပါတယ်။ မာဆေးလ်၊ ချယ်လ်ဆီး၊ ဒေါ့မွန်၊ ဗလင်စီယာ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ ကစားခဲ့တဲ့ ဘတ်ရှုအာယီဟာ တူရကီဘောလုံးလောကရဲ့အအောင်မြင်ဆုံးကလပ်အသင်း(၃)သင်းကို တစ်သင်းပြီးတစ်သင်းပြောင်းရွှေ့ခဲ့တာပါ။ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အသင်း(၃)သင်းက အဓိကလွှမ်းမိုးထားပြီး ဒီအသင်းတွေက ချန်ပီယံဆု(၂၄)ကြိမ်ဆွတ်ခူးထားတဲ့ ဂါလာတာစာရေးအသင်း၊...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အပြေးအမြန်ဆုံးကစားသမား အဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဘာပေ

ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွေမကစားမီ ကစားခဲ့တဲ့ ပွဲ(၄၈)ပွဲက မှတ်တမ်းမှတ်ရာတွေအရ ဒီပြိုင်ပွဲမှာ ပြေးနှုန်းအမြန်ဆုံးကစားသမားအဖြစ် ပြင်သစ်တိုက်စစ်မှူးဘာပေက ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဘာပေရဲ့အမြန်ဆုံးပြေးနှုန်းက တစ်နာရီကို (၃၆.၅)ကီလိုမီတာနှုန်းရှိခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်ပွဲစဉ် ပေါ်တူဂီ(ဝ-၀)ပြင်သစ်ပွဲမှာ ဘာပေပြေးခဲ့တဲ့...