Featured Articles

အီတလီ လူမျိုးနည်းပြအများဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီလူမျိုးနည်းပြတွေက အရေအတွက်အများဆုံးအဖြစ် (၅)ဦးအထိ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ လက်ရှိချန်ပီယံ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြစပယ်လက်တီအပြင် အခြားအသင်း(၄)သင်းကိုလည်း အီတလီလူမျိုးနည်းပြတွေက တာဝန်ယူ ကိုင်တွယ်နေတာပါ။ ဆလိုဗက်ကီးယားအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ...

ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက်အပြတ်အသတ်ရေပန်းစားနေတဲ့ ဘာပေနဲ့ကိန်း

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဆု(ရွှေဖိနပ်ဆု)ကို ရယူနိုင်သူတွေအဖြစ် ပြင်သစ်ဘာပေနဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းတို့က ကျန်ကစားသမားတွေကို များစွာအသာရပြီး ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဘွတ်ကီဒိုင်အများစုက ဘာပေကို အလေးပေးချက်(၉/၂)လေး၊ ဟာရီကိန်းကို အလေးပေးချက်(၁၁/၂)လေး ပေးထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့နောက်မှာ စီရော်နယ်ဒို၊ လူကာကူ၊ ဘယ်လင်ဂမ်၊...

အသင်းထွက်ခွင့်လျော်ကြေး ပေါင် တစ်ဘီလီယံတန်ကစားသမား စာရင်းထဲမှာ ပါဝင်လာတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်တွေအရ အသင်းထွက်ခွင့်လျော်ကြေးငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့ အသင်းအနေနဲ့ လျော်ကြေးငွေ ယူရိုတစ်ဘီလီယံပေးရမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်တွေအရ အသင်းထွက်ခွင့်လျော်ကြေးငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့...

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ တန်ဖိုးအမြင့်ဆုံး အင်္ဂလန်လက်ရွေးစင်အသင်း

ယူရို-၂၀၂၄ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကစားသမားတွေရဲ့ဈေးကွက်တန်ဖိုးအရ တန်ဖိုးအများဆုံးအသင်းအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းက ဦးဆောင်နေပါတယ်။ အင်္ဂလန်အသင်းရဲ့တန်ဖိုးဟာ ပေါင်(၁.၂)ဘီလီယံအထိရှိနေပြီး ဒုတိယနေရာမှာတော့ ပြင်သစ်အသင်းက ပေါင်(၁.၀၄)ဘီလီယံနဲ့ ရပ်တည်နေပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ ပေါင်တစ်ဘီလီယံထက် တန်ဖိုးရှိတဲ့ လက်ရွေးစင်အသင်းတွေဖြစ်ကြပြီး ကျန်အသင်းတွေကတော့ တစ်ဘီလီယံအောက်သာ တန်ဖိုးရှိကြောင်း တွေ့ရပါတယ်။...

ဆိုရှယ်မီဒီယာမှာ ဝင်ငွေအကောင်းဆုံး WAG ကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလန်တိုက်စစ်မှူးဘိုဝင်

လာမယ့်ယူရို(၂၀၂၄)ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားတွေရဲ့ဇနီး/ချစ်သူတွေ(WAGs)ထဲမှာ ဘယ်ကစားသမားရဲ့ WAG က ဆိုရှယ်မီဒီယာမှာဝင်ငွေအကောင်းဆုံးလဲလို့ ဗြိတိန်သတင်းစာ Daily Mail က စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ နာမည်ကျော်ကစားသမားတွေကို ကျော်ပြီး ဝက်စ်ဟမ်းတိုက်စစ်မှူးဂျာရော့ဒ်ဘိုဝင်က ဝင်ငွေအကောင်းဆုံး WAG ကို ပိုင်ဆိုင်သူအဖြစ်...

မသန်စွမ်းကလေးကို ကြင်နာမှုတွေ အပြည့်အဝပေးခဲ့တဲ့ စီရော်နယ်ဒို

မနေ့က ပေါ်တူဂီ(၃-ဝ)အိုင်ယာလန် ခြေစမ်းပွဲစဉ်မတိုင်ခင်မှာ ကွင်းထဲကမသန်စွမ်းကလေးငယ်ကို ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက အကူအညီပေးနေခဲ့တဲ့ ကြည်နူးစရာအခိုက်အတန့်ကို ရုပ်သံကင်မရာတွေက ရိုက်ကူးပြသခဲ့ကြပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဝါရင့်ကစားသမား...

ယူရို-၂၀၂၄မှာ အသက်အကြီးဆုံးကစားသမားတွေအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် ပေပေနဲ့ ရော်နယ်ဒို

ယူရို- ၂၀၂၄ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေထဲမှာ အသက်အကြီးဆုံးကစားသမားတွေအဖြစ် ပေါ်တူဂီကစားသမား(၂)ဦးဖြစ်တဲ့ ပေပေ(၄၁ နှစ်)နဲ့ ရော်နယ်လ်ဒို(၃၉ နှစ်)တို့က ဦးဆောင်မှာဖြစ်ပါတယ်။ ဒီကစားသမား(၂)ဦးက ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပွဲအများဆုံးကစားသူတွေအဖြစ်လည်း ဦးဆောင်နေကြပြီး အသင်းခေါင်းဆောင်တိုက်စစ်မှူး ရော်နယ်ဒိုက ပြိုင်ပွဲ(၅)ခုမှာ (၂၅)ပွဲ၊ ဝါရင့်နောက်ခံလူ...

ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းသားတွေကို အားပေးပြီးလက်ဆောင်တွေပေးခဲ့တဲ့ မင်းသားဝီလီယံ

ယူရို-၂၀၂၄ ပြိုင်ပွဲကျင်းပရာ ဂျာမနီနိုင်ငံကို အင်္ဂလန်အသင်းမထွက်ခွာမီ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ဗြိတိန်တော်ဝင်မင်းသား ဝီလီယံရောက်လာပါတယ်။ အင်္ဂလန်အသင်းဟာ နယူးကာဆယ်အသင်းရဲ့စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ယူရိုပြိုင်ပွဲအကြိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်းဖြစ်သူ မင်းသားဝီလီယံက အင်္ဂလန်အသင်းသားတွေကို အသင်းလိုက်တွေ့ဆုံကာ ယူရိုပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေပေးခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့သားဖြစ်သူ မင်းသားငယ်လူးဝစ်နဲ့အတူ...

ချန်ပီယံလိဂ်ပြိုင်ဘက်နှစ်ယောက်ရဲ့ သွေးကွဲမှုကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ဂျာမနီအသင်းရဲ့ စည်းလုံးမှု

လာမယ့် ဇွန်(၁၄)ရက်နေ့မှာ စတင်တော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲ မတိုင်ခင် ဂျာမနီလက်ရွေးစင်အသင်းရဲ့ စည်းလုံးညီညွတ်မှုက စိုးရိမ်စရာဖြစ်လာပါတယ်။ ဂျာမနီအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ နောက်ခံလူရူဒီဂါနဲ့ တိုက်စစ်မှူးဖူလ်ကုတို့အဆင်မပြေဖြစ်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ရန်စကားတွေပြောနေကြလို့ အသင်းဖော်တွေက ကြားဝင်ထိန်းသိမ်းခဲ့ရကြောင်း သိရပါတယ်။ ဂျာမနီအသင်းဖော်တွေဖြစ်တဲ့ ရုဒီဂါနဲ့ ဖူလ်ကုတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ...

ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားအတွက် ထောင်ဒဏ်(၈)လ၊ ပွဲကြည့်ခွင့် ပိတ်ပင် (၂)လ

၂၀၂၃ မေလအတွင်းက မက်စတယ်လာကွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တဲ့ ဗလင်စီယာပရိသတ်(၃)ဦးကို စပိန်တရားရုံးတစ်ခုက ထောင်ဒဏ်(၈)လ ချမှတ်ခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြိုင်ဘက်ကလပ်အသင်းပရိသတ်တချို့ရဲ့ပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း အနည်းဆုံးကလပ်အသင်း(၅)သင်းရဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ မက်စတယ်လားကွင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်က ဗင်နီစီယပ်စ်နဲ့...