Featured Articles

နာပိုလီနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီ

ပြီးခဲ့တဲ့ဘောလုံးရာသီကို စိတ်ပျက်စရာရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ နာပိုလီအသင်းဟာ ၂၀၂၂-၂၃ ရာသီက စီးရီးအေဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြ စပယ်လက်တီထွက်ခွာသွားပြီးနောက် သူ့ရဲ့နေရာမှာ ရူဒီဂါစီယာ၊မက်ဇာရီနဲ့ ကယ်လ်ဇိုနာတို့ကို နည်းပြတွေအဖြစ်ခန့်အပ်ခဲ့ပေမယ့်...

မာရက်စ်ကာအတွက် လက်စတာအသင်းကို လျော်ကြေး ပေါင်(၁၀)သန်းပေးခဲ့ရတဲ့ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် မာရက်စ်ကာကို ခန့်အပ်ခြင်းအတွက် သူ့ရဲ့အရင်အသင်း လက်စတာကို လျော်ကြေးပေါင်(၁၀)သန်းပေးခဲ့ရပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြဟောင်းဖြစ်သူ မာရက်စကာကို ချယ်လ်ဆီးအသင်းက တစ်နှစ်လစာငွေ ပေါင်(၄.၂)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်စတာအသင်းကို မာရက်စ်ကာအတွက် လျော်ကြေးပေါင်(၈)သန်း၊ ကျန်နည်းပြအဖွဲ့ဝင်တွေအတွက် ပေါင်(၂)သန်းပေးခဲ့ရတာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြကြပါတယ်။...

ရီးရဲလ်မက်ဒရစ်ကစားသမားတွေ လွှမ်းမိုးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ် အကောင်းဆုံးဆုများ

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဆုတွေကို သိမ်းကျူံးရယူခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Best Player of the Season)ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်က ဆွတ်ခူးခဲ့ပြီး၊ အကောင်းဆုံးလူငယ်ကစားသမားဆု(Best Young Player Award)ကို...

စိတ်ပျက်စရာ အိမ်ကွင်းရလဒ်ဆိုးတွေနဲ့ ယူရို-၂၀၂၄ အိမ်ရှင် ဂျာမနီအသင်း

ဂျာမနီလက်ရွေးစင်အသင်းအနေနဲ့ အိမ်ရှင်အဖြစ်ကျင်းပမယ့် ယူရိုပြိုင်ပွဲမတိုင်ခင် အိမ်ကွင်းရလဒ်တွေက စိတ်ပျက်စရာဖြစ်နေပါတယ်။ အိမ်ရှင်အခွင့်အရေးအပြည့်အဝယူပြီး ဒီယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားရမှာဖြစ်ပေမယ့် ဂျာမနီအသင်းရဲ့အိမ်ကွင်းရလဒ်တွေက ဆိုးရွားနေတာကြောင့် ပရိသတ်တွေအတွက်လည်း စိတ်ဓါတ်ကျစရာ ဖြစ်နေရပါတယ်။ ယူကရိန်း(၀-၀)ဂျာမနီ ခြေစမ်းပွဲ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဂျာမနီအသင်းဟာ အိမ်ကွင်းမှာ နိုင်ငံတကာခြေစမ်းပွဲ(၇)ပွဲကစားခဲ့ပါတယ်။...

ကိုပါအမေရိကပြိုင်ပွဲ ကစားခွင့်ရပေမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်မရမယ့် ဂါနာချို

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့အာဂျင်တီးနားလူငယ်တိုက်စစ်မှူးဂါနာချိုကို ကိုပါအမေရိကပြိုင်ပွဲမှာ ကစားခွင့်ပေးသွားမှာ ဖြစ်ပေမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကိုတော့ ကစားခွင့်မပြုဘဲ တားဆီးပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ကိုပါအမေရိကပြိုင်ပွဲကို အခု ဇွန်လ(၂၀)ရက်နေ့ကနေ ဇူလိုင်(၁၄)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းက အုပ်စုအဆင့်မှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့...

နောက်ရာသီနည်းပြ ဘယ်သူလဲဆိုတာရှင်းရှင်းလင်းလင်းသိရမှ အသင်းနဲ့ စာချုပ်သစ်ချုပ်မယ့် ကိုဘီမိုင်နူး

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူ ကိုဘီမေနူးဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှ အပြီးသတ်ပြုလုပ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီစာချုပ်သစ်ချုပ်ဆိုခဲ့ရင် လက်ရှိအသင်းမှာ တစ်ပတ် ပေါင်(၂၀၀၀၀)ဝန်းကျင်သာရနေတဲ့ မေနူးအနေနဲ့ လစာ(၄)ဆလောက် မြင့်တက်သွားမှာဖြစ်ပြီး တစ်ပတ်ပေါင်(၈၀၀၀၀)ဝန်းကျင်ရရှိမှာပါ။ FA ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ကိုဘီမိုင်နူး...

ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲခံ ဘတ်စ်ကားကို စောင့်ရှောက်ပေးခဲ့တဲ့ ကာဗာဟယ်ရဲ့ဖခင် ရဲသားကြီး

၂၀၂၄ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းသားတွေထဲမှာ နောက်ခံလူကာဗာဟယ်က အထူးခြားဆုံးကစားသမားပါ။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆု(၆)ကြိမ်ဆွတ်ခူးပြီး တိုနီကရူးစ်၊ မိုဒရစ်၊ နာချိုတို့နဲ့အတူ ဂန္ထဝင်ကစားသမား ဂျန်တိုရဲ့ဆုဖလားအများဆုံးကစားသမား စံချိန်ကို လိုက်မီခဲ့တယ်။ သူက အထက်ပါ အသင်းဖော်တွေထက်ပိုထူးခြားတာက သူဆုဖလားဆွတ်ခူးခဲ့တဲ့(၆)ကြိမ်စလုံး ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။...

ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အသင်းကိုနှုတ်ဆက်ကြမယ့် ဂျာမန်ကွင်းလယ်လူနှစ်ဦး

ဒီနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒီနှစ်သင်းရဲ့ဂန္ထဝင်ကစားသမားတွေလို့ သေချာပေါက်သတ်မှတ်ခံရမယ့် ဂျာမန်ကွင်းလယ်လူ(၂)ဦးရဲ့နှုတ်ဆက်ပွဲလည်း ဖြစ်လာမှာပါ။ ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်(၃၄ နှစ်)က ဒီရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းက အနားယူမှာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင်လည်း နိုင်ငံတကာဘောလုံးသမားဘဝက အနားယူမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့က ကြေညာထားပါတယ်။...

​ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ အယ်လ်နာဆာအသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ဟီလယ်အသင်း

မနေ့က ကစားခဲ့တဲ့ ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံအယ်လ်ဟီလယ်အသင်းက နာမည်ကြီး အယ်လ်နာဆာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းအနေနဲ့ ဒီရာသီမှာ ဆော်ဒီပရိုလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ထားတဲ့အပြင် ဆော်ဒီစူပါဖလားကိုလည်း ရရှိထားတာကြောင့် ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိ ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။...

သန့်ရှင်းရေးဝန်ထမ်းအပါအဝင် ဝန်ထမ်း (၅၀၀)ကျော်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စရိတ်ငြိမ်းခေါ်သွားမယ့် ဒေါ့မွန်အသင်း

လာမယ့်ဇွန်(၁)ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်းက ဝန်ထမ်း(၅၁၉)ဦးစလုံးကြည့်ရှုခွင့်ရရှိစေဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းက စီစဉ်ထားပါတယ်။ BPJS 88 ဒီဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီကွင်းကို အသင်းက သန့်ရှင်းရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအားလုံး လိုက်ပါကြည့်ရှုနိုင်အောင်...