Football Facts and Figures

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အနီ/အဝါကတ် အများဆုံးပွဲအဖြစ် စံချိန်တင်သွားတဲ့ ချက်-တူရကီပွဲ

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(F) အဆုံးအဖြတ်ပွဲစဉ် ချက်နဲ့ တူရကီတို့ ကစားခဲ့တဲ့ပွဲဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း အနီကတ်/အဝါကတ် အများဆုံးပြတဲ့ပွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ တူရကီအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ရိုမေးနီးယားလူမျိုး ဒိုင်လူကြီးကိုဗက်က...

ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ မိုဒရစ်

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(B)ပွဲစဉ် ခရိုအေးရှား(၁-၁)အီတလီပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲကစားတဲ့ မနေ့က (ဇွန်၂၄ ရက်နေ့မှာ) မိုဒရစ်ရဲ့အသက်ဟာ (၃၈)နှစ်(၂၈၉)ရက်ရှိနေပြီး ယူရို(၂၀၀၈)ပြိုင်ပွဲမှာ စံချိန်တင်ခဲ့တဲ့ သြစတြီးယားကစားသမား ဗက်စ်တစ်ရဲ့(၃၈)နှစ်(၂၅၇)ရက်စံချိန်ကို...

ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲအများဆုံးကစားတဲ့ ဂိုးသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ နော်ယာ

ဂျာမနီလက်ရွေးစင်အသင်းရဲ့ဝါရင့်ဂိုးသမားမန်နူယယ်နော်ယာက ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ် ဆွစ်ဇာလန်-(၁-၁)ဂျာမနီပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ နော်ယာက နာမည်ကျော်အီတလီဂိုးသမားဘူဖွန်အရင်တင်ထားခဲ့တဲ့ (၁၇)ပွဲစံချိန်ကို ဒီပြိုင်ပွဲမှာ ကျော်ဖြတ်ပြီး (၁၈)ပွဲနဲ့ စံချိန်သစ်တင်ခဲ့တာပါ။ နော်ယာဟာ ဒီယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ခုမှာ စုစုပေါင်းပွဲ(၁၅)ပွဲကစားထားခဲ့တာပါ။ ယူရို-၂၀၁၂ မှာ...

ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးသာမက ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

ယူရိုပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုက ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးကို ရောက်လာပါတယ်။ စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲကို အကြိမ်အများဆုံးအဖြစ် (၆)ကြိမ်တိုင်ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၁၄)ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာပါ။ အခု ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း ချက်ကွင်းလယ်လူဟောင်း ပိုဘော့စကီးရဲ့စံချိန်ကို လိုက်မီခဲ့ပြီး ထိပ်ဆုံးမှာ...

(၁၀၈)နှစ်သက်တမ်းရှိ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်သစ် စိုက်ထူခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲစဉ် ကနေဒါအသင်းနဲ့ပွဲမှာ ပါဝင်ကစားပြီးတဲ့နောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အရေးပါတဲ့စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ သက်တမ်း(၁၀၈)နှစ်ရှိနေပြီဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်ကို ရိုက်ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က မက်ဆီအနေနဲ့ကိုပါအမေရိကပြိုင်ပွဲမှာ (၃၄)ပွဲကစားပြီး ချီလီဂန္ထဝင်ဂိုးသမား လစ်ဗစ်စတုန်းနဲ့...

နောက်ဆုံးကျင်းပတဲ့ အဓိက နိုင်ငံတကာပြိုင်ပွဲကြီး (၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(A)ပွဲစဉ် စကော့တလန်(၁-၁)ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ကွင်းလယ်လူရှာကီရီဟာ နောက်ဆုံးကျင်းပထားတဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ရှာကီရီဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက်နဲ့ နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။ ရှာကီရီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက...

ယူရို-၂၀၀၄ က စီရော်နယ်ဒိုအပြီး ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းတဲ့ ပထမဆုံးဆယ်ကျော်သက် ကစားသမား ဂူလာ

မနေ့က ကစားခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲ အုပ်စု(F)အဖွင့်ပွဲစဉ် တူရကီ(၃-၁)ဂျော်ဂျီယာပွဲမှာ တူရကီအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို တူရကီလူငယ်ကစားသမား အာဒါဂူလာက ပယ်နယ်တီစည်းအပြင်ကနေ လှပတဲ့ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဂူလာအနေနဲ့ တူရကီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၈)ပွဲမြောက်ကစားရာမှာ ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂိုးသွင်းယူနိုင်တာကြောင့် ဂူလာအနေနဲ့ ယူရို(၂၀၀၄)ပြိုင်ပွဲက...

ယူရို(၂)ကြိမ်၊ ကမ္ဘာ့ဖလား(၁)ကြိမ်ကစားခဲ့ပြီး စီရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဘယ်လင်ဂမ်

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အသက် (၂၀)နှစ်(၁၁)လအရွယ်မှာပဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးသူဖြစ်လာပါတယ်။ ဘယ်လင်ဂမ်ဟာ လာမယ့် ဇွန်(၂၉)ရက်နေ့မှ အသက်(၂၁)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၂၄ ပြိုင်ပွဲ (၃)ရပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ယှဉ်ပြိုင်ဖူးတဲ့ ဘယ်လင်ဂမ်ဟာ...

ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး စံချိန်(၂)ခုတင်နိုင်ခဲ့တဲ့ လာမင်းယာမားလ်

ယူရို(၂၀၂၄) ပြိုင်ပွဲ အုပ်စု -B ပွဲစဉ် စပိန်(၃-ဝ)ခရိုအေးရှားပွဲမှာ ပါဝင်ကစားခဲ့တဲ့ စပိန်လူငယ်တောင်ပံကစားသမား လာမင်းယာမားလ်ဟာ ဒီပြိုင်ပွဲမှာ စံချိန်မှတ်တမ်း(၂)ခု တင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကစားသမား လာမင်းယာမားလ်ဟာ ကလပ်အသင်းပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံးစံချိန်တွေ အမြောက်အမြားတင်နိုင်ခဲ့သလို အခု ယူရိုပြိုင်ပွဲမှာလည်း သမိုင်းတစ်လျှောက်...

ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးသွင်းခဲ့တဲ့ အယ်လ်ဘေးနီးယားကစားသမား ဘရာမီ

ယူရို- ၂၀၂၄ ပြိုင်ပွဲမှာ Group of Death အဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု -B ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ ပြိုင်ပွဲရဲ့ထူးခြားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို အယ်လ်ဘေးနီးယား တောင်ပံကစားသမားဘရာမီက တင်နိုင်ခဲ့ပါတယ်။ ပွဲစပြီး (၂၂)စက္ကန့်အကြာမှာပဲ ဘရာမီသွင်းယူခဲ့တဲ့ဦးဆောင်ဂိုးဟာ...