News (Transfer)

ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကို ဆွေးနွေး

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဂယ်လက်ဂါဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့လို့ ချယ်လ်ဆီးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ပေမယ့် ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို ပြန်လာပြီး လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ထားသူပါ။ ချယ်လ်ဆီးအသင်းလူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဂယ်လက်ဂါဟာ စာချုပ်တစ်နှစ်ပဲ...

အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်သူ စာရင်းမှာ အစ်ဝစ်ချ်နည်းပြ မက်ကန်နာ အံ့အားသင့်ဖွယ် ပါဝင်လာ

အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာဟာ အင်္ဂလန်အသင်းနည်းပြရာထူးက ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး နည်းပြသစ်ဖြစ်လာနိုင်တဲ့သူစာရင်းထဲမှာ အံ့အားသင့်ဖွယ်ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းကို(၈)နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီး(၂)ရက်အကြာမှာ နည်းပြရာထူးက နုတ်ထွက်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတာပါ။ အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူစာရင်းထဲမှာ...

အိုဆီမန်နဲ့ လူကာကူအပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ နာပိုလီအသင်း ဆွေးနွေး

ချယ်လ်ဆီးအသင်းဟာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ကို အငှားနဲ့ ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး နာပိုလီအသင်းကလည်း ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို နည်းပြ ကွန်တီနဲ့ ပြန်လည်လက်တွဲနိုင်ဖို့ အတွက် ချယ်လ်ဆီးအသင်းဆီကနေ အပြီးသတ်ခေါ်ယူချင်နေတာကြောင့် ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။ အိုဆီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းအပါအဝင်...

ဒီနွေရာသီမှာ ကစားသမားတစ်ဦးမှ မခေါ်ယူရသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်း လီဗာပူးလ်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယနေ့အထိ (ဇူလိုင် ၃၀)ရက်နေ့အထိ ကစားသမားတစ်ဦးတစ်ယောက်မှ မခေါ်ယူရသေးတဲ့အသင်းက တစ်သင်းတည်းသာကျန်ရှိပြီး လီဗာပူးလ်အသင်းဖြစ်ပါတယ်။ လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြမယ့် ကျန်ပရီးမီးယားလိဂ်(၁၉)သင်းအနေနဲ့ ဒီနွေရာသီကာလအတွင်း ကစားသမားသစ်တွေကို အသီးသီးခေါ်ယူထားကြပြီးဖြစ်ပေမယ့် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းကတော့ ကစားသမားတစ်ဦးတစ်ယောက်တောင်...

မန်စီးတီးရဲ့ပွဲကြီးပွဲကောင်းတွေမှာ မိမိပါဝင်ခွင့်မရတဲ့အတွက် မပျော်ရွှင်ဘူးလို့ အယ်လ်ဗာရက်ဇ် ဝန်ခံ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ သူပါဝင်ခွင့်မရတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ DSports Radio နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ...

ချယ်လ်ဆီး၊စပါးတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ ချီယေဆားရဲ့အေးဂျင့် လန်ဒန်ကို ထွက်ခွာ

အီတလီလက်ရွေးစင်တောင်ပံကစားသမား ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီဟာ ချယ်လ်ဆီး၊စပါးအသင်းတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ လန်ဒန်ကို ထွက်ခွာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ချီယေဆားကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချချင်နေတာပါ။...

ဒီဟေးယားရဲ့ လစာတောင်းဆိုမှုကြောင့် ဂျီနိုအာထံ အပြောင်းအရွှေ့ပျက်ပြယ်

မန်ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဟေးယားရဲ့စီးရီးအေကလပ် ဂျီနိုအာအသင်းထံ အပြောင်းအရွှေ့ဟာ သူ့ရဲ့လက်တွေ့မကျတဲ့လစာငွေ တောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျီနိုအာအသင်းဟာ နောက်ထပ်ဂိုးသမားပစ်မှတ်တွေကို ရှာဖွေသွားမယ်လို့ Sky Sports က ဖော်ပြထားတာပါ။ မန်ယူနိုက်တက်အသင်းအတွက် (၁၂)နှစ်ကြာ ပွဲပေါင်း(၅၄၅)ပွဲကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဒီဟေးယားဟာ...

နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ချယ်လ်ဆီး ပြင်ဆင်

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့လစာငွေပမာဏကို လျှော့ချဖို့နဲ့ လူစာရင်းကို ကျစ်လစ်အောင်လုပ်ဖို့အတွက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား(၁၂)ဦးအထိ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားပြီး ပြန်ရောက်လာခဲ့တဲ့ ကစားသမားတွေကို ရောင်းချဖို့နဲ့ လူငယ်ကစားသမားအချို့ကို အငှားစေလွှတ်ဖို့ စီစဉ်နေတာပါ။ ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က...

စီးရီးအေကလပ် ဂျီနိုအာထံ ဒီဟေးယား ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်

မန်ယူနိုက်တက်ဂိုးသမားဟောင်း ဒီဟေးယားဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြထားပါတယ်။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။ ဒီဟေးယားဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာဟောင်း ဂျွန်မာတော့တို့သာ ထွက်ခွာခဲ့ရင်...

လိုက်ပ်ဇစ်အသင်းထံက အော်လ်မိုကို ဘာစီလိုနာနဲ့ အပြိုင်ကမ်းလှမ်းခေါ်ယူဖို့ မန်စီးတီးအသင်းစီစဉ်

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကို ဘာစီလိုနာအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ လိုက်ပ်ဇစ်အသင်းထံ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ယူရို-၂၀၂၄ မှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အော်လ်မိုကို ခေါ်ယူဖို့ ဥရောပထိပ်သီးအချို့က...