News (Transfer)

အာဆင်နယ် ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်တဲ့ ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ စမစ်ရိုး ပါဝင်ခွင့်မရ

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘုန်းမောက် (ပယ်နယ်တီ ၅-၄ အာဆင်နယ်နိုင်) ရာသီကြိုခြေစမ်းပွဲမှာ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးဟာ သူ့ရဲ့အာဆင်နယ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံပေါ်မှာပဲ ရှိနေခဲ့ရပါတယ်။ ဖူလ်ဟမ်အသင်းဟာ စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရရှိထားတာပါ။...

ဂရင်းဝုဒ်ကို မာဆေးလ်ထံ ရောင်းချရာမှာ ပြန်လည်ဝယ်ယူခွင့် အချက်ကို မန်ယူနိုက်တက် ထည့်သွင်း

မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချခဲ့ရာမှာ ပြန်လည်ဝယ်ယူခွင့်(buy-back clause)အချက်ကို ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အပတ်က ပေါင်သန်း(၃၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက်အမျိုးမျိုးကြောင့်...

အယ်လ်အစ်တီဟတ်နဲ့ သတင်းထွက်နေတဲ့ ဒီဘရိုင်းနား မန်စီးတီးမှာ ဆက်ရှိမယ်လို့ ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒီရာသီကလပ်အသင်းမှာ ဆက်ရှိမယ်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားတာပါ။ ဒီဘရိုင်းနားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေပြီး အယ်လ်အစ်တီဟတ်အသင်းဟာ သူ့ကို...

ဂရင်းဝုဒ်အတွက် ရရှိတဲ့ပြောင်းရွှေ့ကြေးငွေကို လှူဒါန်းပစ်ဖို့ ဖိအားပေးခံနေရတဲ့ မန်ယူနိုက်တက်

အင်္ဂလန်တိုက်စစ်မှူးမေဆန်ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံရောင်းချပြီးနောက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးငွေတွေကို အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီ ပေးပို့လှူဒါန်းဖို့ မန်ယူနိုက်တက်အသင်းဟာ ဖိအားပေးခံနေရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းထံအငှားချခဲ့ပြီးနောက် ဒီနွေရာသီမှာ မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ အပြီးအပြတ်ရောင်းချခဲ့တာပါ။ ဂရင်းဝုဒ်(၂၂ နှစ်)ဟာ...

မန်ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဆန်ချို PSG ကို ပြောင်းဖို့ နီးစပ်ကြောင်း သတင်းထွက်

မန်ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေသူပါ။ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံးပွဲစဉ်အဖြစ်...

ပြင်သစ်ကစားသမားတွေ ဦးဆောင်နေတဲ့ ၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်

၀၂၄-၂၅ ဘောလုံးရာသီသစ်အတွက် ကလပ်အသင်းအသီးသီးက ပြင်ဆင်နေပြီး ခြေစမ်းပွဲတွေ ကစားနေသလို လူအင်အားဖြည့်တင်းမှုတွေလည်း ထုံးစံအတိုင်းပြုလုပ်နေပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေအပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်က သွက်သွက်လက်လက်လှုပ်ရှားနေပြီး လက်ရှိမှာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် မန်ယူနိုက်တက်အသင်းခေါ်ယူခဲ့တဲ့ လန်နီယိုရိုက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ပြင်သစ်နောက်ခံလူ...

အယ်လ်အစ်တီဟတ်အသင်းကို ပြောင်းရွှေ့ဖို့ ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်နီးပါးကစားခဲ့တဲ့ ဒီဘရိုင်းနားရဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ရဲ့အဓိကပစ်မှတ်ဖြစ်ပြီး ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပိုပြီးလုပ်ဆောင်နေတယ်လို့ Mail...

ကာလာဖီအိုရီအတွက် အာဆင်နယ်နဲ့ ဘိုလောဂ့်နာ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) + Add-ons ယူရို(၅)သန်းပေးရမှာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘေဆယ်လ်အသင်းကနေ ဘိုလာ့ဂ်နာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး...

ကွန်တေအတွက် ဝက်စ်ဟမ်းရဲ့ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုကို အယ်လ်အစ်တီဟတ် ပယ်ချ

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကွန်တေကိုခေါ်ယူဖို့အတွက် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ပယ်ချခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကွန်တေကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပေမယ့် သူတို့ရဲ့ပထမဆုံးကမ်းလှမ်းမှုဟာ ငြင်းပယ်ခံခဲ့ရတာပါ။ အသက်(၃၃)နှစ်အရွယ်ရှိ ကွန်တေဟာ ဆော်ဒီမှာပျော်ရွှင်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့...

ဇာဗီဆိုင်မွန်ကို ဘိုင်ယန်မြူးနစ်ထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ မန်ယူနိုက်တက် မျှော်လင့်

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတဲ့ PSG ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဇာဗီဆိုင်မွန်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူနိုက်တက်အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာခဲ့သူပါ။ L'Equipe...