News (Transfer)

မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးကို ငြင်းပယ်ပြီး ဘိုင်ယန်မြူးနစ်ထံပြောင်းရွှေ့ဖို့ အိုလီဆီ ရွေးချယ်

ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အိုလီဆီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်အသင်း၊ချယ်လ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ကို ငြင်းပယ်ပြီး ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတာကြောင့် ကလပ်အသင်း(၂)သင်းဟာ အိုလီဆီရဲ့စာချုပ်ဖျက်သိမ်းကြေး(Release Clause)အတွက် ဆွေးနွေးမှုတွေပြုလုပ်နေကြတာပါ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ...

တစ်ရာသီကစားအပြီးမှာ အသင်းကနေ ဆာဂျီယိုရာမို့စ် ထွက်ခွာမယ်လို့ ဆီဗီလာ ကြေညာ

စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ တစ်ရာသီကြာကစားအပြီးမှာ ကလပ်အသင်းကနေ ထွက်ခွာမယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ ဆီဗီလာအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းပြီးနောက် လာမယ့်ရာသီဆက်ရှိမှာမဟုတ်တော့ဘူးလို့ ဆီဗီလာအသင်းထံ အကြောင်းကြားခဲ့တာကို ကလပ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။ ဆီဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ...

မန်ယူနိုက်တက်နဲ့ မိမိစာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ အဲရစ်တန်ဟတ် ဆို

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က သူနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟတ်နဲ့ မန်ယူနိုက်တက်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၂)လသာကျန်ရှိတော့တာဖြစ်ပေမယ့် (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။ အဲရစ်တန်ဟတ်ဟာ အစောပိုင်းက မန်ယူနိုက်တက်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပူးတွဲပိုင်ရှင်...

ဒေါ့မွန်အသင်းက ရုတ်တရက်နုတ်ထွက် လမ်းခွဲခဲ့တဲ့ တာဇစ်

ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတာဇစ်ဟာ အသင်းနည်းပြရာထူးက ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။ တာဇစ်ဟာ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ပြီးနောက် ဒေါ့မွန်အသင်းတာဝန်ရှိသူတွေက သူ့ရဲ့တောင်းဆိုမှုကို သဘောတူခဲ့တာဖြစ်ပါတယ်။ အခုလို တာဇစ် အသင်းကနေ ရုတ်တရက်ထွက်ခွာခြင်းအတွက် ထင်ကြေးသတင်းတွေများစွာထွက်ပေါ်ခဲ့ပါတယ်။...

သတင်းတွေကြိုထွက်တဲ့အတိုင်း ဂျူဗင်တပ်စ်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ သီယာဂိုမော့တာ

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ သတင်းတွေကြိုတင်ထွက်ရှိထားတဲ့အတိုင်း ဘိုလော့နာအသင်းနည်းပြသီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အသက်(၄၁)နှစ်အရွယ်ရှိမော့တာဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့နာအသင်းကို ရလဒ်ကောင်းတချို့ရယူပေးခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာဖလားရပြီး မကြာခင်မှာပဲ အသင်းနည်းပြအယ်လီဂရီကို ရာထူးက...

နွေရာသီမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ရှိနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက် ရာသီသစ်မှာတိုးတက်မှုတွေရရှိဖို့မျှော်လင့်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ နာမည်ကြီးကစားသမားတွေကို အားဖြည့်ဖို့ရှိနေသလို ကလပ်မှာရှိတဲ့ ကြယ်ပွင့်အချို့ကိုလည်း ရောင်းချသွားနိုင်တာဖြစ်ပါတယ်။...

တန်ဟတ်နေရာကိုအစားထိုးဖို့ မန်ယူနိုက်တက်ရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်လာတဲ့ ဆောက်ဂိတ်

မန်ယူနိုက်တက်အသင်းပိုင်ရှင်ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ လက်ရှိနည်းပြတန်ဟတ်နေရာအစားထိုးဖို့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကို နံပါတစ်ပစ်မှတ်အဖြစ် ရည်မှန်းထားတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြကြပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြသစ်ရေပန်းစားမှုမှာ ပိုချက်တီနို၊ ဒီဇာဘီ၊ တူချယ်လ်၊ သောမတ်စ်ဖရန့်အစရှိတဲ့ နည်းပြတွေရှိနေပြီး အခုအချိန်မှာတော့ တန်ဟတ်က ဒီနည်းပြတွေကို ကျော်ပြီး ရေပန်းအစားဆုံးနည်းပြဖြစ်လာခဲ့တာပါ။ Independent သတင်းစာရဲ့ဖော်ပြချက်အရ...

နည်းပြမာရက်စ်ကာလက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အဒါရာဘီယိုကို ချယ်လ်ဆီးခေါ်ယူ

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ် မာရက်စ်ကာလက်ထက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဖူလ်ဟမ်အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ထွက်ခွာလာခဲ့တဲ့ နောက်ခံလူ အဒါရာဘီယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အရပ်(၆)ပေ(၅)လက်မရှိတဲ့ မန်စီးတီးအကယ်ဒမီထွက် အဒါရာဘီယိုဟာ ချယ်လ်ဆီးအသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ချယ်လ်ဆီးကစားသမားသစ် အဒါရာဘီယို အဒါရာဘီယိုကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့...

ဗာရန်း၊မာရှယ် အပါအဝင် ကစားသမား(၇)ဦးနဲ့ လမ်းခွဲကြောင်း မန်ယူနိုက်တက် ကြေညာ

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အသင်းကထွက်ခွင့်ပြုမယ့် ကစားသမား(၇)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။ လက်ရှိနည်းပြတန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဝေေ၀ဝါးဝါးဖြစ်နေသေးပေမယ့် အသင်းက ကစားသမားတချို့ကိုတော့ ဆက်လက်လက်တွဲတော့မှာမဟုတ်ကြောင်း မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။ မန်ယူနိုက်တက်အသင်းအတည်ပြုတဲ့အထဲမှာ သတင်းတွေ ကြိုတင်ထွက်ရှိထားတဲ့အတိုင်း ပြင်သစ်နောက်ခံလူဗာရန်းနဲ့ ပြင်သစ်တိုက်စစ်မှူးမာရှယ်တို့ ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေက ပြီးခဲ့တဲ့...

အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်ကစားသမား(၂)ဦးကို နာပိုလီအလိုရှိ

နာပိုလီအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်အသင်းကွင်းလယ်လူ စမစ်ရိုးလ်နဲ့ နောက်ခံလူ တိုမီယာဆုတို့ကို လိုချင်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ အိုဆီမန်ဟာ နွေရာသီမှာ နာပိုလီအသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့...