Trending

အနီကတ်ပြခံခဲ့ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာစံချိန်တင်ခဲ့တဲ့ အက်ရှ်လေယန်း

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဝါရင့်နောက်ခံလူအက်ရှ်လေယန်းက ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံးစံချိန်တစ်ခုကို တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက စံချိန်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ မကောင်းတဲ့စံချိန်တစ်ခုဖြစ်တဲ့ အသက်အကြီးဆုံးအနီကတ်ပြခံရသူဆိုတဲ့စံချိန်ပါ။ အဲဗာတန်အသင်းရဲ့ညာနောက်ခံလူဖြစ်တဲ့ အက်ရှ်လေယန်း (Ashley Young)က နာမည်အရ ငယ်ရွယ်သူဖြစ်ပေမယ့် အချိန်ရဲ့တိုက်စားမှုအရ အသက်ကတော့ (၄၀)နားနီးလာပြီဖြစ်ပါတယ်။ မနေ့က...

ဇက်ခ်ဇီရဲ့နောက်ကျဂိုးနဲ့ ရာသီအစကို အနိုင်နဲ့ဖွင့်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ်(ပရီးမီးယားလိဂ်ပွဲစဉ် - ၁) ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါပေမယ့် လွယ်လွယ်ကူကူအနိုင်ရတာမျိုးတော့ မဟုတ်ခဲ့ဘဲ ဖူလ်ဟမ်ရဲ့တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှာ နယ်သာလန်တိုက်စစ်မှူး ဇက်ခ်ဇီသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။...

အာနီဆလော့ရပ်တန့်ရမယ့် (၂၁)ရာစုခေတ် လီဗာပူးလ်နည်းပြတွေရဲ့ မှတ်တမ်းဆိုး

ဒီနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)အစောဆုံးပွဲစဉ် အစ်ဝစ်ချ်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်အသင်းက အစ်ဝစ်ချ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင်ကစားပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က (၂၁)ရာစုလီဗာပူးလ်နည်းပြတွေရဲ့မှတ်တမ်ဆိုးတစ်ခုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ၂၀၀၀ ပြည့်နှစ်ကစပြီး (တစ်နည်းအားဖြင့်) (၂၁)ရာစုနှစ်မှာ လီဗာပူးလ်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ နည်းပြတွေမှာ ကျိန်စာတစ်ခုလို့...

အမေရိကန်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် သဘောတူညီမှုရခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးသလို အင်္ဂလန်အသင်းနည်းပြရာထူးအတွက်လည်း ချိတ်ဆက်မှုတွေခံနေရတာပါ။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အုပ်စုကထွက်ခွာခဲ့ရတာကြောင့်...

ဥရောပစူပါဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် (၂-၀) အတ္တလန်တာ (ဥရောပစူပါဖလားလုပွဲ) ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖလား(၁၅)ကြိမ်ရ အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်းတို့ ကစားခဲ့တဲ့  ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂)ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဥရောပစူပါဖလားလုပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ဥရောပစူပါဖလားပြိုင်ပွဲမှာ နောက်ဆုံး(၁၀)နှစ်အတွင်း (၅)ကြိမ်ကစား...

လာမင်းယာမားလ်ရဲ့ ဖခင် ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ရ

စပိန်နဲ့ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ရဲ့ဖခင်ဟာ ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ La Vanguardia က လာမင်းယာမားလ်ရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့ခွေးနဲ့ လမ်းလျှောက်ထွက်ရင်း လူအချို့နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး ရန်ပွဲဖြစ်ပွားခဲ့ကာ ဓါးနဲ့ အကြိမ်ပေါင်းများစွာထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောခဲ့တာကို...

ဩဂုတ်လ ၁၄ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

ဥရောပစူပါဖလားလုပွဲ ရီးရဲလ်မက်ဒရစ် - အတ္တလန်တာ(15 August 2024/ 1:30 am) ချန်ပီယံလိဂ်(၁၅)ကြိမ်ရ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပစူပါဖလားပွဲကို (၉)ကြိမ်မြောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ဥရောပအောင်မြင်မှုဆိုလို့ အခုမှ ယူရိုပါလိဂ်ဖလားတစ်လုံးသာ ရခဲ့ဖူးတဲ့ အတ္တလန်တာအသင်းကတော့ ဒီဖလားလုပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။...

ပုံမှန်အချိန်အတွင်း သရေကျနေရင် အချိန်ပိုမကစားဘဲ ပယ်နယ်တီ တန်းကန်မယ့် ဥရောပစူပါဖလားပွဲ

ဒီနေ့ညသန်းခေါင်ကျော် (မြန်မာစံတော်ချိန်) သြဂုတ်(၁၅)ရက် နံနက်(၁း၃၀)နာရီမှာ စတင်ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေရင် အချိန်ပို(Extra Time)ကစားမှာ မဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ နှစ်စဉ်ဗိုလ်လုကြတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ...

ဆန်ခါတင်(၆)ဦးစီ ထုတ်ပြန်ခဲ့တဲ့ PFA ရဲ့ အကောင်းဆုံးဆုများ

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဆုဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ PFA အကောင်းဆုံးကစားသမားဆု (Men's Player of the Year)အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men's Young Player of...