၂၀၀၉ ခုနှစ်က စီရော်နယ်ဒို မိတ်ဆက်ပွဲကိုပြန်သတိရစေတဲ့ ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်မိတ်ဆက်ပွဲ
ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေရဲ့မိတ်ဆက်ပွဲကို ဘာနေဗျူးကွင်းမှာ ကျင်းပခဲ့ရာမှာ ပရိသတ်(၈၀၀၀၀)ကျော် ကွင်းအတွင်းလာရောက်အားပေးခဲ့ကြပါတယ်။ ဘာပေရဲ့မိတ်ဆက်ပွဲက လွန်ခဲ့တဲ့ (၁၅)နှစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရ ပေါ်တူဂီတောင်ပံကစားသမားစီရော်နယ်ဒိုရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ပြန်အမှတ်ရစေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက်မှာ သူတို့နှစ်ဦးရဲ့မိတ်ဆက်ပွဲအခမ်းအနားက ပရိသတ်အများဆုံးတက်ရောက်တဲ့မိတ်ဆက်ပွဲတွေအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ မိတ်ဆက်ပွဲမပြုလုပ်မီ ဘာနေဗျူးကွင်းအတွင်းမှာ...