Month: July 2024

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဝေဖန်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကို ကူကူရယ်လာ တုံ့ပြန်

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာက ဒီပြိုင်ပွဲမစတင်ခင်မှာ သူ့ကို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ တုံ့ပြန်သွားခဲ့ပါတယ်။ ကူကူရယ်လာဟာ ဒီပြိုင်ပွဲတစ်လျှောက် စပိန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာသွင်းယူခဲ့တဲ့ အိုယာဇာဘယ်လ်ရဲ့အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူပါ။...

ယူရိုဗိုလ်လုပွဲမှာ စပိန်ကိုအရေးနိမ့်ခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့ ဘယ်လင်ဂမ် အအေးပုံးကို ကန်ခဲ့

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ သူ့ရဲ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ အရန်ခုံတန်းရှေ့မှာရှိတဲ့ အအေးပုံးကို ကန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ စပိန်အသင်းကို အိုယာဇာဘယ်လ်ရဲ့နောက်ကျသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တဲ့အတွက် ယူရိုဗိုလ်လုပွဲ(၂)ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ကစားသမားတွေဟာ အလွန်စိတ်ပျက်နေခဲ့တာပါ။...

ရှုံးပွဲမရှိကစားနေတဲ့ ကိုလံဘီယာကို အချိန်ပိုဂိုးနဲ့ အနိုင်ယူပြီး ကိုပါအမေရိကချန်ပီယံဆု ပြန်ရယူခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနား(၁-ဝ)ကိုလံဘီယာ (AET)(ကိုပါအမေရိကဗိုလ်လုပွဲ) ဝါရင့်ကွင်းလယ်လူဒီမာရီယာရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းကို နောက်ဆုံးနှုတ်ဆက်တဲ့ပွဲ၊ မက်ဆီရဲ့နောက်ဆုံးဖြစ်လာနိုင်တဲ့ ကိုပါအမေရိကပြိုင်ပွဲ၊ စံချိန်တင်(၂၈)ပွဲဆက်တိုက်အနိုင်ရထားတဲ့ ကိုလံဘီယာ၊ တစ်ကျော့ပြန်ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ် အစရှိတဲ့ အကြောင်းအရာတွေကြောင့် ကိုပါအမေရိက ဗိုလ်လုပွဲက စိတ်ဝင်စားစရာတွေအပြည့်နဲ့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီပွဲကို ပရိသတ်အများအပြားကွင်းအတွင်းဝင်ရောက်ကြည့်လိုတာကြောင့် မိုင်ယာမီက Venue...

ယူရို-၂၀၂၄ ဗိုလ်လုပွဲ စပိန်(၂-၁)အင်္ဂလန်ပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ ဗိုလ်လုပွဲ စပိန်(၂-၁)အင်္ဂလန်ပွဲမှာ စပိန်ကွင်းလယ်လူဝီလီယံစ် သွင်းယူခဲ့တဲ့ အဖွင့်ဂိုး(၄၇ မိနစ်)၊ အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမား သွင်းယူခဲ့တဲ့ ချေပဂိုး (၇၃ မိနစ်)၊ တိုက်စစ်မှူး အိုယာဇာဘယ်လ်သွင်းယူခဲ့တဲ့ အနိုင်ဂိုး (၈၆...

အင်္ဂလန်ကို အနိုင်ယူပြီး (၄)ကြိမ်မြောက်ချန်ပီယံဆုကို စပိန်အသင်း ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့ ယူရို-၂၀၂၄

စပိန်(၂-၁)အင်္ဂလန်(ယူရို-၂၀၂၄ ဗိုလ်လုပွဲ) ဂျာမန်မြေမှာ စပိန်က ဂျာမနီအသင်းကိုကျော်ပြီး ဥရောပရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် ယူရိုပြိုင်ပွဲမှာ မှတ်တမ်းသစ်ရေးထိုးလိုက်ပါပြီ။ ဒီပြိုင်ပွဲမတိုင်မီက ဂျာမနီအသင်းက ချန်ပီယံ(၃)ကြိမ်၊ ဒုတိယ(၃)ကြိမ်နဲ့ ယူရိုပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာ ဦးဆောင်ခဲ့ပြီး အခုတော့ စပိန်က ချန်ပီယံ(၄)ကြိမ်၊ ဒုတိယ(၁)ကြိမ်နဲ့ ဂျာမနီအသင်းအထက်ကို ရောက်လာခဲ့တာပါ။ဒီဗိုလ်လုပွဲမှာ...

ကိုပါအမေရိက -၂၀၂၄ ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

အာဂျင်တီးနား - ကိုလံဘီယာ(15 July 2024 / 6:30 am) အာဂျင်တီးနားအသင်းက ကွာတားဖိုင်နယ်မှာ အီကွေဒေါကို ပယ်နယ်တီအဆုံးအဖြတ်၊ ဆီမီးမှာ ကနေဒါကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတာဖြစ်တယ်။ ကိုလံဘီယာက ကွာတားဖိုင်နယ်မှာ ပနားမားကို...

ချန်ပီယံရေပန်းစားမှုမှာ အပြတ်အသတ်သာတာ အာဂျင်တီးနား၊ အကောင်းဆုံးကစားသမားဆုမှာ ရေပန်းစားတာ ဟားမိစ်

မနက်ဖြန်မနက် မြန်မာစံတော်ချိန်(၆း၃၀)နာရီမှာ ကစားကြမယ့် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ ဆိုတာကို ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က တွက်ချက်ဖော်ပြခဲ့ပါတယ်။ Opta ရဲ့ဖော်ပြချက်အရ အာဂျင်တီးနားအသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၆၂.၄%)အထိရှိနေပြီး ကိုလံဘီယာရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၃၇.၆%)ရှိနေပါတယ်။...

၂၀၂၁ တုန်းက အီတလီဘောလုံး+တင်းနစ် ပရိသတ်တွေလို တစ်ရက်အတွင်း နှစ်မျိုးရင်ခုန်ရမယ့် စပိန်ပရိသတ်များ

လွန်ခဲ့တဲ့(၃)နှစ်က ယူရို-၂၀၂၀ ဗိုလ်လုပွဲကစားခဲ့တဲ့နေ့မှာ အင်္ဂလန်က ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ (အမျိုးသား)ဗိုလ်လုပွဲ ကစားခဲ့ပါတယ်။ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းနဲ့ ကစားခဲ့သလို ဝင်ဘယ်လ်ဒန်တင်းနစ်ဗိုလ်လုပွဲမှာ အီတလီတင်းနစ်ကစားသမား မက်တီယိုဘာရက်တီနီက ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ကစားခဲ့ရပါတယ်။ ဘောလုံးကိုရော၊...

(၃)ဂိုးအထက် သွင်းနိုင်သူမရှိရင် ပူးတွဲချီးမြှင့်ခံရမယ့် ယူရို-၂၀၂၄ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ချက်တိုက်စစ်မှူးပက်ထရစ်ရှစ်တို့ ပြိုင်ပွဲအပြီးမှာ သွင်းဂိုး(၅)ဂိုးစီနဲ့ တူညီခဲ့ပါတယ်။ ဂိုးဖန်တီးမှုမှာ ပက်ထရစ်ရှစ်က တစ်ကြိမ်မှ မရှိဘဲ စီရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ်ရှိခဲ့တာကြောင့် ပြိုင်ပွဲရဲ့ Golden Boot ဆုကို စီရော်နယ်ဒိုက ရရှိခဲ့ပါတယ်။...

ယူရို-၂၀၂၄ ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

စပိန် - အင်္ဂလန်(15 July 2024 / 1:30 am) ပိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းစာရင်းမှာ အင်္ဂလန်က ဦးဆောင်ခဲ့ပြီး စပိန်က အဆင့်(၄)နေရာမှာသာရှိခဲ့ပေမယ့် ပြိုင်ပွဲကာလအတွင်း အင်္ဂလန်အသင်းရဲ့ခြေစွမ်းကထင်သလောက်မဖြစ်ခဲ့တာနဲ့ စပိန်က ခြေစွမ်းပြခဲ့တာတွေကြောင့် ရေပန်းစားမှုတွေ...