ပြင်သစ်ကို ယာမားလ်၊ အော်လ်မိုတို့ရဲ့ လှပတဲ့ဂိုးတွေနဲ့ အနိုင်ယူပြီး ယူရိုဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ စပိန်အသင်း
စပိန်(၂-၁)ပြင်သစ်(ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်) ချန်ပီယံဟောင်းနှစ်သင်းတွေ့တဲ့ပွဲမှာ ချန်ပီယံဆု(၃)ကြိမ်ရ စပိန်အသင်းက ချန်ပီယံဆု(၂)ကြိမ်ရ ပြင်သစ်အသင်းကို ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ ပြင်သစ်အသင်းအနေနဲ့ အရင်ပွဲတွေထက် ကစားပုံပိုကောင်းလာတယ်ဆိုပေမယ့် ဒုတိယပိုင်းခြေစွမ်းကတော့ ဗိုလ်လုပွဲတက်ဖို့ မထိုက်တန်ဘူးလို့ ဆိုရမှာပါ။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့...