Month: July 2024

စပိန်-ဂျာမနီပွဲစဉ်ကို ပြန်ကစားဖို့ UEFA ကို ဒေါသထွက်နေတဲ့ ပရိသတ်တွေ အသနားခံတောင်းဆို

စပိန်အသင်းက ဂျာမနီအသင်းကို အချိန်ပိုမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ကို ပြန်ကစားဖို့ ဂျာမန်ပရိသတ်တွေက ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ အသနားခံတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ချခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်သိုနီတေလာကို UEFA ရဲ့ဒိုင်လူကြီးစာရင်းကနေပါ ဖယ်ရှားပေးဖို့ ဂျာမန်ပရိသတ်တွေက...

ယူရို-၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်တွေကို ပက်ဒရီ လွဲချော်မယ်လို့ စပိန်အတည်ပြု

ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ ဒဏ်ရာရရှိသွားတဲ့ ဘာစီလိုနာကွင်းလယ်လူပက်ဒရီဟာ စပိန်အသင်းရဲ့ဆီမီးဖိုင်နယ်ပွဲကို လွဲချော်မယ့်အပြင် ဗိုလ်လုပွဲတက်ရင်လည်း ကစားနိုင်မှာ မဟုတ်ဘူးလို့ စပိန်အသင်းတာဝန်ရှိသူ​တွေက အတည်ပြုခဲ့ပါတယ်။ ပက်ဒရီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈)မိနစ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်နဲ့ ပြင်းထန်စွာထိခိုက်မိပြီးနောက် ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ကွင်းလယ်တောင်ပံကစားသမား...

အင်္ဂလန်နဲ့ ပွဲမှာ ပယ်နယ်တီ သူရဲကောင်းဖြစ်ချင်ခဲ့တယ်လို့ ရှာကာ ပြစ်တင်ဝေဖန်ခံနေရ

အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်(၅-၃)ဂိုးနဲ့ ဆွစ်ဇာလန်အသင်း အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာဟာ ပယ်နယ်တီသူရဲကောင်းဖြစ်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲမှုအပါအဝင် ပရိသတ်တွေဆီကနေ ဝေဖန်မှုအများအပြားကို ရရှိခဲ့ပါတယ်။ ရှာကာဟာ ဆွစ်ဇာလန်အသင်း ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်အောင် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်...

ဗန်ဒယ်ဘိခ်ကို ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး မန်ယူနိုက်တက်ရောင်းချဖို့ သဘောတူ

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို အိုင်းယက်စ်အသင်းကနေ ဝယ်ယူချိန်ကထက် အဆ(၈၀)လျော့နည်းပြီး အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အိုင်းယက်စ်အသင်းနဲ့အတူ ၂၀၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ ဗန်ဒယ်ဘိခ်ဟာ ၂၀၂၀ က ပေါင်(၃၅)သန်းနဲ့ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ဗန်ဒယ်ဘိခ်ဟာ...

ဂျာမနီအလံအရောင်အသွေးနဲ့ ယူရိုဆီမီးဖိုင်နယ်/ ဖိုင်နယ်တွေမှာ အသုံးပြုမယ့် ဘောလုံး

ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ အသုံးပြုမယ့် ဘောလုံးဒီဇိုင်းကို ဒီဘောလုံးတွေ အစဥ်အဆက် ထုတ်လုပ်နေတဲ့ Adidas ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထူးခြားတာတစ်ခုက ဒီဘောလုံးရဲ့ဒီဇိုင်းဟာ ဂျာမနီနိုင်ငံအလံ အရောင်အသွေးအတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဂျာမနီနိုင်ငံအခြေစိုက် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ...

ပြိုင်ပွဲသမိုင်းတစ်လျှောက် Own Goal စံချိန်ကိုလိုက်မှီဖို့ တစ်ဂိုးသာလိုတော့တဲ့ ယူရို- ၂၀၂၄ ပြိုင်ပွဲ

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် နယ်သာလန်(၂-၁)တူရကီပွဲမှာ တူရကီနောက်ခံလူ မူလ်ဒါသွင်းခဲ့တဲ့ Own Goal က ဒီပြိုင်ပွဲရဲ့(၁၀)ဂိုးမြောက် Own Goal ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေမကစားမီအထိ Own Goal အရေအတွက်က (၁၀)ဂိုးအထိရှိလာခဲ့တာကြောင့် အရင်စံချိန်ကို...

ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဥ် ဘရာဇီးလ်(၀-၀)ဥရုဂွေးပွဲ Penalty Shootout

■ Video - ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဥ် ဘရာဇီးလ်(၀-၀)ဥရုဂွေးပွဲ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းမှု ■ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုနဲ့ ကွင်းလယ်လူဒေါက်ကလပ်စ်လူးဝစ်ဇ်တို့လွဲချော်ခဲ့ပြီး ဥရုဂွေးက နောက်ခံလူဟီမီနက်ဇ်လွဲချော်ခဲ့တာကြောင့် ဥရုဂွေးက ပယ်နယ်တီ(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့။

၇.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလာကို စာချုပ်သစ်ချုပ်ဆိုချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး ဇာခ့်ဇီနဲ့ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့...

အင်္ဂလန်- ဆွစ်ဇာလန်ပွဲမှာ အသင်းဖော်တစ်ဦး ပယ်နယ်တီ မကန်ချင်ခဲ့ဘူးလို့ အာနိုးလ် ဖွင့်ဟ

မနေ့က အင်္ဂလန်(၁-၁)ဆွစ်ဇာလန် ပယ်နယ်တီ(၅-၃) ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အင်္ဂလန်အသင်းဖော်တစ်ဦး ပယ်နယ်တီမကန်ချင်ခဲ့တဲ့အကြောင်း သူ့ရဲ့သူငယ်ချင်းတွေကို ပြောပြနေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့နေခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ လူစားဝင်လာပြီး အင်္ဂလန်အသင်းဆီမီးဖိုင်နယ်တက်စေမယ့် အဆုံးအဖြတ်ပယ်နယ်တီကိုကန်သွင်းခဲ့သူပါ။ ပယ်နယ်တီအဆုံးအဖြတ်မှာ အာနိုးလ်အပါအဝင်...

အဓိက ပြိုင်ပွဲတွေမှာ အင်္ဂလန် အမြဲလမ်းကြောင်းချောင်တယ်ဆိုတဲ့ ပြောဆိုမှုကို ဆောက်ဂိတ် တုံ့ပြန်

အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၄)ခုမှာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက်တက်နိုင်ခဲ့ပြီးနောက် ဂျာမန်ဂျာနယ်လစ်တစ်ဦးက အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ အမြဲတမ်းလမ်းကြောင်း ချောင်လေ့ရှိတယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က တုံ့ပြန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး(၄)ခုမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကလွဲပြီး ၂၀၁၈...