Month: July 2024

ယူရို-၂၀၂၄ ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်း စာရင်းမှာ အင်္ဂလန်ကို ကျော်ပြီး ထိပ်ဆုံးရောက်လာတဲ့ စပိန်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် ပြိုင်ပွဲမတိုင်မီမှာရော၊ ပြိုင်ပွဲကာလအတွင်းမှာပါ အင်္ဂလန်အသင်းက ဆက်တိုက်ဦးဆောင်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ပွဲတွေမကစားမီ Opta ရဲ့နောက်ဆုံးတွက်ချက်မှုမှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta ရဲ့နောက်ဆုံးတွက်ချက်ထုတ်ပြန်မှုအရ စပိန်အသင်းက အရင်ရေပန်းစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ရှေ့ကို ရောက်လာခဲ့တာပါ။ Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုလို့...

ယူရို-၂၀၂၄ မှာတစ်ပွဲပဲ နိုင်ခဲ့ပေမယ့် သူရဲကောင်းတွေလို ကြိုဆိုခံရတဲ့ ဂျော်ဂျီယာအသင်း

ယူရို- ၂၀၂၄ ပြိုင်ပွဲရဲ့ Round of 16 အဆင့်မှာ စပိန်အသင်းကို (၁-၄)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကထွက်ကာ အိမ်ပြန်လာကြတဲ့ ဂျော်ဂျီယာအသင်းကို ဂျော်ဂျီယာနိုင်ငံ၊ တဘီလီစီမြို့မှာ ပရိသတ်တွေက အောင်ပွဲရသူရဲကောင်းတွေလို တခမ်းတနားကြိုဆိုခဲ့ကြပါတယ်။ ဥရောပမီဒီယာတွေမှာ ဖော်ပြထားတဲ့ပုံတွေ၊ ဗီဒီယိုတွေမှာတော့...

ဇူလိုင် ၅ ရက်နေ့အတွက် အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

ကိုပါအမေရိက ကွာတားဖိုင်နယ် အာဂျင်တီးနား - အီကွေဒေါ(5 July 2024 / 7:30 am) အာဂျင်တီးနားက အခြားအသင်းတွေထက် ခေါင်းတစ်လုံးမကမြင့်တဲ့အနေအထားမှာ ရှိနေပြီး မက်ဆီမပါရင်တောင် အသင်းက ဘယ်ပြိုင်ဘက်ကိုမဆို မှုစရာမလိုတဲ့ကစားသမားအင်အားကိုပိုင်ဆိုင်ထားတယ်။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ...

၄.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘိုလော့ဂ်နာအသင်းဟာ နောက်ခံလူ ကာလာဖီအိုရီအတွက် အနိမ့်ဆုံးပြောင်းရွှေ့ကြေးယူရိုသန်း(၅၀)လိုချင်တာကြောင့် အာဆင်နယ်အသင်းက ယူရို(၄၇)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်တာကို ပယ်ချခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကာလာဖီအိုရီကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ■ ဖလာမင်ဂိုအသင်းဟာ ဘရာဇီးလ်အသင်းကွင်းလယ်လူ ပါကယ်တာကိုခေါ်ယူဖို့အတွက်...

ကွာတားဖိုင်နယ်မှာ နည်းဗျူဟာအပြောင်းအလဲနဲ့ တွေ့ရနိုင်တဲ့ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်း

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ နည်းဗျူဟာပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ နည်းပြဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကစားထားတဲ့ပွဲစဉ်(၄)ပွဲစလုံးကို (၄-၂-၃-၁)ကစားကွက်အသုံးပြုခဲ့ပေမယ့် ဗဟိုခံစစ်ကစားသမား(၃)ဦးနဲ့ လေ့ကျင့်နေတဲ့ အချက်က လာမယ့်ပွဲမှာ...

ဗင်နီစီယပ်စ်ရဲ့ဖြစ်ရပ်မှာ ပယ်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးမှားယွင်းခဲ့တယ်လို့ CONMEBOL ဝန်ခံ

မနေ့က ဘရာဇီးလ်(၁-၁)ကိုလံဘီယာ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်ရဲ့ဖြစ်ရပ်ကို ပယ်နယ်တီမပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR အမှားပြုလုပ်ခဲ့တယ်လို့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)က ဝန်ခံခဲ့ပါတယ်။ ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို (၁-ဝ)ဂိုးနဲ့ ဦးဆောင်ထားချိန် ပွဲချိန်(၄၂)မိနစ်မှာ ကိုလံဘီယာအသင်းနောက်ခံလူ မူနော့ဇ်ဟာ ဂိုးဧရိယာအတွင်း ဘောလုံးကိုဖျက်ထုတ်ခဲ့ရာမှာ ဘောလုံးကို...

တန်ဟတ်ကို ဆက်လက်ထားရှိပြီးနောက် သူနဲ့အဆင်မပြေတဲ့ ရပ်ရှ်ဖိုဒ့်ကိုရောင်းဖို့ မန်ယူစီစဉ်

မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်အတွက် ကမ်းလှမ်းမှုတွေကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ နားထောင်သွားဖို့ဆန္ဒရှိနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နည်းပြအဲရစ်တန်ဟတ်ကို ဆက်ရှိစေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရပ်ရှ်ဖိုဒ့်ရဲ့အခြေအနေအတွက် သက်ရောက်မှုတွေရှိခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့်...

အောင်ပွဲခံချိန်မှာ ပြုလုပ်ခဲ့တဲ့ အမူအရာကြောင့် UEFA ရဲ့ပိတ်ပင်မှုကို ဒီမီရယ် ရင်ဆိုင်ရဖွယ်ရှိ

မနေ့က ဩစတြီးယား(၁-၂)တူရကီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ တူရကီအသင်းနောက်ခံလူ ဒီမီရယ်ဟာ အောင်ပွဲခံချိန်မှာ ပြုလုပ်ခဲ့တဲ့အမူအရာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ပိတ်ပင်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒီမီရယ်ဟာ ဒီပွဲစဉ်မှာ တူရကီအသင်းအတွက် (၂)ဂိုးစလုံးသွင်းယူခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။...

ပွဲပယ်ကြောင့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ဗင်နီစီယပ်စ် လွဲချော်

ဒီမနက်ကစားခဲ့တဲ့ ဘရာဇီးလ်(၁-၁) ကိုလံဘီယာ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ပွဲပယ်ကြောင့် လွဲချော်မယ်လို့ သိရပါတယ်။ ဗင်နီစီယပ်စ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်မှာတင် ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။...

ယူရို-၂၀၂၄ ကွာတားဖိုင်နယ် အတွဲအဖက်များ

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲတွေကို တစ်နေ့(၂)ပွဲနှုန်းနဲ့ ကစားမှာဖြစ်ပြီး အခုလာမယ့် (ဇူလိုင် ၅ ရက်)သောကြာညနဲ့ (ဇူလိုင် ၆ ရက်)စနေညတွေမှာ ကစားသွားမှာပါ။ Round of 16 အဆင့်ပွဲတွေအပြီး ဒီနေ့(ဗုဒ္ဓဟူး)ညနဲ့ မနက်ဖြန်(ကြာသပတေး)ညတွေမှာတော့ ယူရိုပွဲတွေ ရပ်နားထားမှာဖြစ်ပါတယ်။...